မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဦးဆောင်မှုဖြင့် Clash of Robots Team (COR) နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄-၂၅-၂၆) ရက်တွင် Main Building, MICT Park၌ ကျင်းပပြုလုပ်မည့် “World Robot Games (Myanmar) အခမ်းအနားအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် အစည်းအဝေးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ တွဲဖက်အတွင်းရေးမှူး (၂)၊ Clash of Robots Team (COR)အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော မီဒီယာများ၊ ကုမ္ပဏီများ၊ ပြိုင်ပွဲအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြပါသည်။
World Robot Games (Myanmar) 2020 ပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း
