မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သိပ္ပံနှင့် သုတေသနအသင်းမှ ကျင်းပသည့် ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ(Clash of Robots) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ (၂၈) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ Conference Hall, Main Building, MICT Park ၌ ကျင်းပခဲ့ပါသည်။

October 29, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သိပ္ပံနှင့် သုတေသနအသင်းမှ ကျင်းပသည့် ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ(Clash of Robots) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ (၂၈) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ Conference Hall, Main Building, MICT Park ၌ ကျင်းပခဲ့ပါသည်။

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သိပ္ပံနှင့် သုတေသနအသင်းမှ ကျင်းပသည့် ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ(Clash of Robots) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ (၂၈) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ Conference Hall, Main Building, MICT Park ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အဖွင့်အမှာ စကား ပြောကြားခဲ့ခြင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်မောင်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် သိပ္ပံနှင့် သုတေသနအသင်း တာဝန်ခံ ကိုဟိန်းထက်က Clash of Robots နှင့် ပတ်သက်သိသည်များ ကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများကို Racing ခေါင်းစဉ်ဖြင့်ပြိုင်ပွဲ၌ ပထမဆုကို Team Smart (WYTU) အဖွဲ့မှလည်းကောင်း၊ Collection ခေါင်းစဉ်ဖြင့်ပြိုင်ပွဲ၌ Hamastars (UIT) အဖွဲ့မှလည်းကောင်း၊ Sumo ခေါင်းစဉ်ဖြင့်ပြိုင်ပွဲ၌ Cyber Army (UTYCC) အဖွဲ့မှလည်းကောင်း၊ Creation ပိုင်းထူးချွန်ဆုကို Hamastars (UIT) အဖွဲ့မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။
ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ(Clash of Robots) အခမ်းအနားအောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် Main Sponsor အဖြစ် CTT (Computer Technical Team) မှလည်းကောင်း၊ Co Sponsor အဖြစ် Career Core Institute နှင့် Information Matrix Co.,Ltd မှ လည်းကောင်း၊ Partnership များအဖြစ် Ahtaroo Co.,Ltd ၊ Fun & Learn Education Center ၊ Concordia Co.,Ltd ၊ Golden Myanmar Apex Co.,Ltd တို့မှလည်းကောင်း၊ Venue Sponsor အဖြစ် Kanaung Hub နှင့် MICTDC တို့မှလည်းကောင်း၊ Media Partner များအဖြစ် Internet Journal, Duwun Tech, Kamaryut Media တို့မှလည်းကောင်း အသီးသီး ပံ့ပိုးကူညီပေးခဲ့ကြပါသည်။