Developer Conference Yangon 2019 အတွက် Volunteer များ ဖိတ်ခေါ်ခြင်း

December 10, 2019 / Comments Off on Developer Conference Yangon 2019 အတွက် Volunteer များ ဖိတ်ခေါ်ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ အဋ္ဌမအကြိမ်မြောက် 8th Developer Conference Yangon ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁-၂၂) ရက်နေ့များတွင် လှိုင်မြို့နယ်၊ MICT Park, Conference Hall ၌ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ ပွဲအခမ်းအနားအတွက် လိုအပ်သည်များကို ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် Volunteer များ လိုအပ်လျက်ရှိရာ MCPA အသင်းဝင်သော်လည်းကောင်း၊ အသင်းဝင်မဟုတ်သည့် မိတ်ဆွေ သူငယ်ချင်းများမှ သော်လည်းကောင်း ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် (၉) မြေညီထပ်၊ ဖုန်း ၀၁ ၆၅၂၂၇၆၊ ၀၉ ၅၀၆၇၁၆၈၊ အီးမေးလ် office@mcpamyanmar.org သို့ ၁၂.၁၂.၂၀၁၉ (ကြာသပတေးနေ့) ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ရာထူး၊ အလုပ်အကိုင်၊ အတွေ့အကြုံများနှင့်တကွ ပေးပို့အကြောင်းပြန်ကြား ပေးပါရန် နှိုးဆော်အပ်ပါသည်။

စိတ်ပါဝင်စားသူများသည် အောက်ပါ Link တွင် 14.12.2019 (Saturday) နေ့ နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ပါသည်။

DevCon ဖြစ်မြောက်ရေး ကော်မတီ

https://forms.gle/s2heqsgGyrWyqPCd8