ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် “University Robotic Competition in Myanmar” ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ MICT Park , Conference Hall ၌ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

November 8, 2018 / Comments Off on ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် “University Robotic Competition in Myanmar” ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ MICT Park , Conference Hall ၌ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

News

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် “University Robotic Competition in Myanmar” ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ MICT Park , Conference Hall ၌ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ နည်းပညာတီထွင် ဆန်းသစ်မှုများ၊ ကျောင်းတွင်း အဖွဲ့အစည်း Teamwork လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ၊ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ကြာသပတေးနေ့တွင် အစည်းအဝေးခန်း (၃)၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ အတွင်းရေးမှူး ဦးမင်းဦး၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးဇော်ဝင်းထွန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး (၃) ဒေါ်အေးအေးသင်း နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရတက္ကသိုလ်များအားလုံးနှင့် ပြင်ပပုဂ္ဂလိကတက္ကသိုလ်များနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Download ရယူရန်

APTYPS-Entry-form

Rules-Regulation