Technology News

“Information Security” ဟောပြောပွဲကျင်းပမည်

Uploaded on Wed 28, 2010, 10:20 , By: Zaw Win Tun

          သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/ Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ  လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊ နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့် နှင့် ဦးရဲကျော်သိန်း တို့မှ “Information Security” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

            ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင်များ၊ ကွန်ပျူတာပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊ ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက် နှင့် ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

 

“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” ဖွင့်လှစ်မည်

Uploaded on Fri 18, 2010, 12:09 , By: Zaw Win Tun

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” 

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၁၇) ရက်နေ့အထိ ညနေ(၃းဝဝ)နာရီ မှ (၅းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

 အဆိုပါသင်တန်းတွင်  ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်းများ၊ အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပုကျောင်းများမှ ကျောင်းဆင်းပြီး ရုပ်သံဖန်တီး ထုတ်လုပ်မှုကို အထူးပြုလေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင် Video Production, Mass Communication, Animation ဘွဲ့နှင့် ဒီပလိုမာသင်တန်း တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး လူငယ်လူရွယ်များအား ခေတ်သစ် ရုပ်သံနည်းပညာတွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုကင်မရာများ ကိုင်တွယ်အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့် အရည်အသွေး မကျဆင်း အောင် ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ သိကောင်းစရာများစာတွေ့၊ လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားအနုပညာ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director - People Media, Inforithm-Maze Co.,Ltd)  ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်းအကြောင်း၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး မှ မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ရုပ်ရှင်တည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘော တရားများကို လာရောက်ပံ့ပိုးပို့ချပေးကြမည်ဖြစ်သည်။  သင်တန်းသားများအတွက် လိုအပ်သော Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ မြန်မာ ဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စုများ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

 

 

Google Fast Flip

Uploaded on Tue 22, 2009, 11:16 , By: Tun Khine

 

ွGoogle က Google Fast Flip ဆိုတဲ့ သတင်းဖတ်ရှုတဲ့ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။  နောက်ဆုံးသတင်းတွေ၊ လူတွေစိတ်ဝင်တစားဖတ်ရှုကြတဲ့သတင်းတွေကို  New York Times, the Atlantic, the Washington PostNewsweek အစရှိတဲ့ အသင်းဌာနအဖွဲ့အစည်း သုံးဆယ်ကျှောနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သတင်းများကိုမြန်မြန်ဆန်ဆန် နဲ့ ပုံနှိပ်မဂဿဂဇင်းပုံစံဖတ်ရှုနိုင်မှာဖြစ်ပြီး အဲဒီလို မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူဖတ်ရှုလာနိုင်တဲ့အတွက် သတင်းဌာနများလည်း ဝင်ငွေပိုမိုရရှိလာနိုင်မယ်လို့ ဆိုထားပါတယ်။

Fast Flip နဲ့ Goggle က အဓိကလုပ်ပေးချင်တာတွေကတော့

  • fast browsing
  • natural magazine-style navigation,
  • recommendations from friends and other members of the community and
  • a selection of content that is serendipitous and personalized.

တို့ပဲဖြစ်ပါတယ်။

 Article from official Google Blog.

 

 

 

Firefox reaches 1 billion downloads

Uploaded on Sat 01, 2009, 05:07 , By: Nyi Lynn Seck

 

FF1b

 

အင်တာနက် ဘရောက်ဇာ လောကမှာ နာမည်ကျော်ဖြစ်တဲ့ မီးလျှံမြေခွေး (Firefox) ဘရောက်ဇာဟာ ဩဂုတ်လ ၃၁ရက်နေ့မှာ သုံးစွဲသူတွေ ဒေါင်းလုဒ်ရယူတဲ့ အကြိမ်ပေါင်း သန်းတစ်ထောင် (တစ်ဘီလျံ) ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ၂၀၀၈ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အဆင့်၃ မှာတုန်းက ထွက်ထွက်ချင်း ၂၄နာရီအတွင်းမှာ ဒေါင်းလုဒ် အကြိမ်ပေါင်း သန်း၈၀၀နဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါတောင် အလိုအလျောက် အဆင့်မြှင့်စနစ် အသုံးပြုပြီး အဆင့်မြှင့်ခြင်းမျိုးတွေကို ထည့်တွက်မထားပါဘူး။ ဒါကြောင့်လည်း ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ ဗားရှင်း ၃.၅မှာတော့ ယခင်က ရှိခဲ့တဲ့ လုံခြုံရေး အပေါက်အပြဲတွေကို ဖာထေးမှုနဲ့ အခြားသော ဖြည့်စွက်ချက်များစွာ ပါဝင်လာပြီး ဘာသာစကားပေါင်း ၇၅မျိုးနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

 

Firefoxcompa

Source: wikipedia

 

Browsers

 

၂၀၀၄ခုနှစ် နိုဝင်ဘာ ၄ရက်နေ့မှာမှ စတင်ခဲ့တဲ့ မီးလျှံမြေခွေးဟာ ၅နှစ်တာ ကာလအတွင်းမှာ အင်အားကြီး ပြိုင်ဘက်တွေဖြစ်တဲ့ (Safari, Chrome, Opera, Flock, Maxthon) စတာတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဘရောက်ဇာဈေးကွက်ရဲ့ သုံးပုံတစ်ပုံကို အုပ်စိုးထားတယ်လို့ ဘီဘီစီက စစ်တမ်းထုတ်ထားပါတယ်။ ဒါပေမယ့် မိုက်ခရိုဆော့ရဲ့ အင်တာနက်အိတ်စ်ပလိုရာ (IE) က ဈေးကွက်ရဲ့ ၆၀% ပိုင်ဆိုင်နေဆဲ ဖြစ်တာမို့ သူ့အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါကလည်း တကယ်တမ်းတော့ မိုက်ခရိုဆော့ရဲ့ Operation System မှာကတည်းက IE ကို တစ်ခါတည်း ထည့်သွင်းပေးလိုက်မှုကြောင့် များပြားနေတာလို့ သုံးသပ်လို့ ရပါတယ်။ တဟုတ်ထိုး တိုးတက်များပြားလာနေတဲ့ ဖိုင်းယားဖောက်စ် အသုံးပြုသူတွေကြောင့် နံပတ် (၁) နေရာ ရောက်လာမလား ဆိုတာကတော့ သိပ်မကြာခင်မှာပဲ အဖြေပေါ်လာတော့မယ်လို့ ယူဆလို့ ရနေပါပြီ။ 

 

 

References 

http://news.bbc.co.uk/2/hi/technology/8177829.stm 

http://blog.mozilla.com/metrics/2009/07/31/firefox-1000000000-downloads/

http://www.latimes.com/business/la-fi-firefox1-2009aug01,0,7249132.story

http://news.cnet.com/8301-1001_3-10301013-92.html?tag=rtcol;inTheNewsNow

http://en.wikipedia.org/wiki/Mozilla_Firefox

 

Training - Layer 2 Networking

Uploaded on Tue 09, 2009, 07:25 , By: Tun Khine


MCPA နှင့်  အမေရိကန်နိုင်ငံရှိ ထိပ်တန်း Networking ကုမ္ပဏီတစ်ခု ဖြစ်သော Allied Telesis ကုမ္ပဏီတို့ ပထမဆုံးအကြိမ် ပူးပေါင်း၍ “Layer 2 Networking” သင်တန်းကို ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၌ ဖွင့်လှစ်သင်ကြား မည်ဖြစ်သည်။ 

 ပြည်တွင်း၌ အရည်အချင်းပြည့်ဝသော Layer 2 Networking ပညာရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းတွင် Switching Introduction, Hardware Architecture, Operations, Virtual Local Area Network, Spanning Tree Protocol, Rapid Spanning Tree, Trunking, Power over Ethernet, Stracking, Mirroring နှင့် Statistics စသည်တို့ကို စင်္ကာပူနိုင်ငံမှ ပညာရှင်ကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီး Hardware နှင့် Networking အခြေခံထားရှိသူများ တက်ရောက်နိုင်သည်။

MCPA အနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး Allied Telesis ကုမ္ပဏီက နာမည်ကြီး Cisco လို Switch၊ Router စသည့် Networking ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် ကမ္ဘာကျော် အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ သင်တန်းတွင် Network Engineer နေ့စဉ်လုပ်ရသည့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်နိုင်ရန် နှင့် Layer 2 Networking အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြားပေးမည်ဖြစ်သည်။

 သင်တန်းတက်ရောက်ပြီးဆုံးပါက Completion Certificate ကို ပေးအပ်မည်ဖြစ်ပြီး စာမေးပွဲအောင်မြင်ပါက CAI-L2 Certificate (Certified Allied Telesis Installer Layer 2) ကိုပါ ရရှိမည်ဖြစ်သည်။

 သင်တန်းကြေးအနေဖြင့် စာရွက်စာတမ်းကြေး၊ နေ့လည်စာ၊ နေ့ခင်းကော်ဖီ၊ စာမေးပွဲကြေး နှင့် အသိအမှတ်ပြုလက်မှတ်များ အပါအဝင် ကျပ်တစ်သိန်းငါးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် ဇွန်လ (၂၅) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း နှင့် သင်တန်းသားဦးရေကို နှစ်ဆယ်အထိသာ လက်ခံမည်ဖြစ်ပါသည်။

 ဒီသင်တန်းကို Switched Network တွေကို Installation, Configuration နဲ့ Trouble Shooting တွေလုပ်နေရတဲ့သူတွေ တက်ရောက်သင့်ပါတယ်။ တက်ရောက်မည့် ကျောင်းသားများအနေဖြင့် မိမိအစီအစဉ်နဲ့ Laptop တစ်လုံးယူလာဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အခက်အခဲရှိတယ်ဆိုရင် MCPA ရုံးခန်းသို့ ကြိုတင်အကြောင်းကြား စေချင်ပါတယ်။
 သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ် ဖုန်း-၆၅၂၂၇၆ သို့ အသေးစိတ်သိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။