"ASOCIO ICT SUMMIT 2016 MYANMAR" Date : 15-Nov-2016 to 16-Nov-2016 Place : Novotel Yangon Max Hotel

(၄၂) ကြိမ်မြောက် ASOCIO Council အစည်းအဝေး၊ ASOCIO General Assembly နှင့် ASOCIO ICT Summit 2016 အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) မှ (၁၆)ရက်နေ့ထိ Novotel Yangon Max Hotel ၌ အလှည့်ကျ လက်ခံကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါပွဲအား “Accelerate Digital Transformation through Leveraging ASEAN Economic Community (AEC) Opportunities” ဟူသော Theme ဖြင့် ကျင်းပပြု လုပ်မည်ဖြစ်ရာ နိုင်ငံတကာမှ IT နယ်ပယ်တွင် ဦးဆောင်နေသူများနှင့် ဝါရင့်ကျွမ်းကျင် ပညာရှင်များ၏ အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြချက် များအား သိရှိခံစားနိုင်မည်ဖြစ်ပါသည်။
ပထမနေ့တွင်အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ပေါင်းစည်းရေး အရှိန်အဟုန်မြှင့်တင်ခြင်း အတွက် ICT ၏ အခန်းကဏ္ဍ၊ အာဆီယံနိုင်ငံများအတွင်း IT ထက်မြက်သူ လွတ်လပ်စွာ ကူးသန်းလုပ်ကိုင်နိုင်မှုအတွက် ASOCIO ၏ ဆောင်ရွက်ပေးနိုင်မည့် အခန်းကဏ္ဍ၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးစနစ် အပိုင်းအခြား အကန့်အသတ် မရှိ ဆောင်ရွက်လာနိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံအတွင်း IT ထက်မြက်သူများအား အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာရှနိုင်ငံများအတွက် ပြုစုပျိုးထောင် စုဆောင်းထားခြင်းဖြင့် မြန်မာ IT ပညာရှင်များအတွက် အခွင့်အလမ်းများ စီစဉ်ပေးမည့် အခြေအနေတို့အား ဆွေးနွေးကြမည် ဖြစ်ပါသည်။
ဒုတိယနေ့ နံနက်ပိုင်းတွင် အာရှနှင့် သမုဒ္ဒရာဒေသရှိ နိုင်ငံများ၌ ICT ကူးပြောင်းခြင်းဆိုင်ရာ နည်းဗျူဟာများနှင့် တည်ဆောက် နိုင်မည့် ပုံစံများနှင့်အတူ Smart City ထူထောင်ခြင်းဆိုင်ရာ စိန်ခေါ်မှုများအား ဆွေးနွေး အကြံပြုကြမည်ဖြစ်ပါသည်။ နေ့ခင်းပိုင်းတွင် ICT ဆိုင်ရာ လုပ်ငန်းရှင်များ အပြန်အလှန် ချိတ်ဆက်မှုများ ရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိပါသည်။

ASOCIO ICT SUMMIT 2016 MYANMAR သို့ စိတ်ပါဝင်စား၍ တက်ရောက်မည့် လူကြီးမင်းများသည် official website ( www.asocioictsummit2016.org ) သို့ သွားရောက်၍ အသေးစိတ်အချက်အလက်များနှင့် ticket များ စုံစမ်းရယူနိုင်ပါသည်။

Category: