MCPA ICT-Laboratory လက်တွေ့စမ်းသပ်ပြုလုပ်မည် Schedule

Title: 
MCPA ICT-Laboratory လက်တွေ့စမ်းသပ်ပြုလုပ်မည် Schedule

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်၊ ICT ဆိုင်ရာ Research & Development လုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေရန်နှင့် MCPA Research & Development Center တည်ထောင်မည့်လုပ်ငန်းတွင် ပထမအဆင့်အဖြစ် လုပ်ကိုင်နိုင်ရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ MCPA Laboratory သည် MCPA အသင်းသားများ၏ နည်းပညာဆိုင်ရာ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ အောက်ပါ Experiment မျာကို လက်တွေ့စမ်းသပ်လုပ်ကိုင်ကြမည်ဖြစ်သည်။

 

(1)  

Date :   12.9.2010 (Sunday) (9:00 am – 12:00 pm)

Experiment Title             : “Wireless Router Configuration – EnGenius”

သင်တန်းသား                  : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာ                 : U Tin Htoo Khaing (Access Spectrum Co.,Ltd.)

 

(2)  

Date :   19.9.2010 (Sunday) (1:00 pm – 5:00 pm)

Experiment Title             : “Ethernet LAN”

သင်တန်းသား                  : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာ                 : ဦးတင်ဦး

 

(3)  

Date :   26.9.2010 (Sunday) (1:00 pm – 5:00 pm)

Experiment Title             : “Ethernet over Power line (Data Transmission)”

သင်တန်းသား                  : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာများ            : U Aung Soe Moe, U Aung Zaw Myint  

              U Zaw Win Tun ,U Ye Kyaw Thein

 

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး (၂) နာရီ တစ်ချိန်လျှင် ၁၂ ဦးဖြင့် လက်တွေ့လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ LAB အသုံးပြုစရိတ်အနေဖြင့် Experiment တစ်ခုစီ အတွက် Member တစ်ဦးလျှင် (၂၅ဝဝ) ကျပ်နှင့် Non Member တစ်ဦးလျှင် (၃ဝဝဝ) ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

 

ICT-Laboratory လက်တွေ့စမ်းသပ်ပြုလုပ်မည်

Title: 
ICT-Laboratory လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးတင်ထူးခိုင် (Access Spectrum Co.,Ltd.) မှ စက်တင်ဘာလ (၁၂) ရက်တွင် နံနက် ၉းဝဝ နာရီမှ ၁၂းဝဝ နာရီအထိ “Wireless Router Configuration – EnGenius” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး စက်တင် ဘာလ (၁ဝ) ရက်နေ့ ညနေ (၄းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

1st Myanmar-Korea ICT Products Exhibition 2010 နှင်. The 2nd Korea ICT New Technology Seminar 2010 ကျင်းပမည်

Title: 
1st Myanmar-Korea ICT Products Exhibition 2010 နှင်. The 2nd Korea ICT New Technology Seminar 2010 ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် (MCF) နှင်. Embassy of the Republic of Korea , Commercial Section မှ Korea Trade-Investment Promotion Agency (kotra) ၊ Moon Engineering Co.,Ltd တို.ပူးပေါင်: ၍ “ 1st Myanmar-Korea ICT Products & Solutions Exhibition 2010 “ ကို ၂၀၁၀ ပြည်.နှစ်. စက်တင်ဘာလ (၉) ရက်နေ. မှ (၁၁) ရက်နေ.အထိ လည်းကောင်း ၊ “ The 2nd Korea ICT New Technology Seminar 2010” ကို ၂၀၁၀ ပြည်.နှစ်.စက်တင်ဘာလ (၁၀) ရက် မှ (၁၁) ရက်နေ.အထိ လည်းကောင်း ၊ လိုင်တက္ကသိုလ် နယ်မြေရှိ Myanmar Info – Tech တွင် ကျင်းပ ပြုလုပ်မည်.ဖြစ် သည်။

 

အဆိုပါပြပွဲနှင်. ဟောပြောပွဲတို.မှ ကိုးရီးယား နိုင်ငံ ၏ံ တိုးတက်လျက်ရှိသော ICT နည်းပညာ များ ၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းများ ၊ IT Solutions & Services တို.ကို တစ်နေရာတည်းတွင် ကြည်.ရှုလေ.လာနိုင်ရန် ရည်ရွယ် ပြီး နည်းပညာပြပွဲ သို. မိမိတို.လုပ်ငန်းများတွင် IT အသုံးပြုလို.သောစီးပွားရေး လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းရှင်များ ၊ အီလက်ထရောနစ် company များ ၊ ဆက်သွယ်ရေးဆက်စပ် ပစ္စည်းများအား စိတ်ဝင်စားသူများ ၊ ကျောင်းသား / ကျောင်းသူများ ၊ ICT နည်းပညာစိတ်ဝင်စားသူ မည်သူမဆိုတက်ရောက်လေ.လာနိုင်ပါသည် ။

 

The Training Program on Instructors for ITSS/ITEE in Asian Countries (ENIT)

Title: 
The Training Program on Instructors for ITSS/ITEE in Asian Countries (ENIT)

ENIT သင်တန်း ( 1-19 November 2010 , Yokohama Japan )သို့ တက်ရောက်ရန်စိတ်ဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF) အဆောင်(၁) မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၃၀၇ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Application Procedure:

(1)  

Application form from MCF

(2)  

ဝန်ထမ်းဖြစ်ပါက စာမေးပွဲကိစ္စရပ်များတွင်ပါဝင်ဆောင်ရွက်ရန် ကုမ္ပဏီမှသဘောတူခွင့်ပြုစာ။

(3)  

မိမိကိုယ်တိုင်စာမေးပွဲကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၀န်ခံချက်။

(4)  

MCPA ၏ Associate Member ဖြစ်ကြောင်း ထောက်ခံချက်(သို့) ၀န်ထမ်းကဒ်။

(5)  

ပညာအရည်အချင်းအထောက်အထားမိတ္တူ(မူရင်းများကို Interview နေ့တွင်ယူဆောင်လာရန်။)

(6)  

မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမိတ္တူ( မူရင်းများကို Interview နေ့တွင်ယူဆောင်လာရန်။)

(7)  

၂၀၁၀ စက်တင်ဘာလ(၈)ရက် (Wednesday)ညနေ(၄)နာရီနောက်ဆုံးထားပြီး MCF သို့ပေးပို့ရမည်။

The qualified person can sit for the following interview :

 

Date & Time :  11.9.2010 (Saturday)/ (9:00) AM

Venue :          e-Learning Center (Meeting Room) ၊ MCF

 

 

MCPA JENESYS FreeTalk အစီအစဉ်ကျင်းပမည်

Title: 
MCPA JENESYS FreeTalk အစီအစဉ်ကျင်းပမည်

၂၁ ရာစု အရှေ့အာရှ လူငယ်ကျောင်းသား ချစ်ကြည်မှု ဖလှယ်ရေးအစီအစဉ်ကြီး (JENESYS Programme) ကို ဂျပန် အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အင်တာနေရှင်နယ် ကိုအော်ပရေးရှင်းစင်တာ(JICE) နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝှမ်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းဝင် လူငယ်အိုင်တီ ပညာရှင် ၂၆ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ကာလတို လေ့လာရေး ခရီး သွားရောက် ခဲ့ပါသည်။ ဂျပန်နှင့် မြန်မာနိုင်ငံရှိ အိုင်တီ ပညာရှင် လူငယ်များအကြား ရင်းနှီးချစ်ခင်မှု ပိုမို ကျယ်ပြန့်ခိုင်မာ လာစေရန် အတွက် မြန်မာ အိုင်တီ လူငယ်ပညာရှင်များ အဖွဲ့သည် ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးတို့၏ နောက်ဆုံးပေါ်နည်းပညာများ၊ တက္ကသိုလ်များ၏ သင်ကြားမှု စနစ်များ၊ စက်ရုံများ၏ ၀န်ထမ်းဖွဲ့စည်းမှု၊ အုပ်ချုပ်မှု နှင့် အသုံးပြုသော နည်းပညာများ၊ နောက်ဆုံးပေါ် မိုဘိုင်း ဆက်သွယ်မှု စနစ်များ၊ ယဉ်ကျေးမှုများ နှင့် နေ့စဉ်နေထိုင်မှုဘ၀များ ကို အသေးစိတ် လေ့လာခွင့်ရရှိပြီး နည်းပညာများကို ဖလှယ်နိုင်ခဲ့ကြပါသည်။ ထိုသို့ ရရှိလာသော အတွေ့အကြုံများ ၊ နည်းပညာများ ၊ အခွင့်အလမ်းများကို မြန်မာအိုင်တီ လူငယ်ပညာရှင်များက အတွေ့အကြုံ ရှင်းလင်းချက်များနှင့်အတူ MCPA JENESYS FreeTalk အစီအစဉ်ကို အောက်ပါ အစီအစဉ်တိုင်း ကျင်းပ သွားမည်။

 

Date and Time  : 19-9-2010 (10:00 AM 12:00 AM)

 

Place                     : ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်

 

၎င်းတွေ့ဆုံပွဲသို့ အသင်းဝင်များ ကွန်ပျူတာနယ်ပယ်ထဲသို့ ဝင်ရောက်နေသူများ နှင်. စိတ်ပါဝင်စားသူ မည်သူမဆို လွတ်လပ်စွာ တက်ရောက် မေးမြန်းဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၄)၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ်  ဖုန်း - ၆၅၂၂၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

MCPA & MCIA နှစ်ပတ်လည် တွင် ICT , Industry အခန်း ကဏ္ဍ များကို အောက်ပါအစီစဉ်တိုင်းထည်.သွင်း ကျင်းပမည်.

Title: 
MCPA & MCIA နှစ်ပတ်လည် တွင် ICT , Industry အခန်း ကဏ္ဍ များကို အောက်ပါအစီစဉ်တိုင်းထည်.သွင်း ကျင်းပမည်.

    မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း

1.  Keynote Speech – “Industry Induction” (ICT ကဏ္ဍနှင့် အခြားကဏ္ဍများရှိ နည်းပညာ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ) (ဦးတင်ဝင်းအောင်) (၃း၃၅ - ၃း၄၅)

2.  Industry Message to Professionals (လုပ်ငန်းရှင်များမှ ပညာရှင်နည်းပညာလုပ်သားများသို့       ရှင်းလင်းပြောကြား လိုသည့် လိုအပ်ချက်၊ အခြေအနေများ)

 a.     Software Industry (ဒေါ်ချောခင်ခင်) (၃း၄၅ - ၃း၅၅)

 b.     Hardware Industry (ဦးအောင်ကျော်မိုး) (၄း၀၅ - ၄း၁၅)

 c.     Networking Industry (ဒေါ်ဖြူဖြူထွန်း) (၄း၁၅ - ၄း၂၅)

 3.   Closing Remarks – “Industry Message to Professionals” (နိဂုံးချုပ် ပြောကြားခြင်း) (ဒေါ်ဝါဝါထွန်း)  (၄း၂၅ - ၄း၃၅)

 မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

 4. Speech – “Professionals’ Readiness for Industry” (ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ နည်းပညာလုပ်သားများ၏ အသင့်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခြင်း) (ဦးဇော်မိုးထွန်း / ဦးထွန်းခိုင်) (၄း၃၅ - ၄း၅၅)

 

 5.

Closing Remarks – “Professionals’ Message to Industry”  (နိဂုံးချုပ် ပြောကြားခြင်း) (ဦးသောင်းတင်) (၄:၅၅ -  ၅:၀၅)

   

အထွေထွေ


  6.     Open Floor (တက်ရောက်လာသော ဧည့်ပရိသတ်များက ဆွေးနွေးခြင်း) (၄း၅၅ - ၅း၁၅)

  7.     Lucky Draw (Netbook နှင့် အခြား IT Product များ ပါဝင်သည့် ကံစမ်းမဲ အစီအစဉ်) (၅း၁၅ - ၅း၃၀)

   

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အသင်းဝင်များ၏ နှစ်ပတ်လည်အထိမ်းအမှတ် အသင်းသားစုံညီတွေ့ဆုံဆွေးနွေးပွဲကျင်းပမည်

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အသင်းဝင်များ၏ နှစ်ပတ်လည်အထိမ်းအမှတ် အသင်းသားစုံညီတွေ့ဆုံဆွေးနွေးပွဲကျင်းပမည်

၁၉၉၈ ခုနှစ်မှ စတင်၍ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) တို့၏ အသင်းဝင်အချင်းချင်း အသင်းသားစုံညီတွေ့ဆုံဆွေးနွေးပွဲအား ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ် နယ်မြေ၊ မြန်မာအင်ဖိုတက်ခ်ရှိ အစည်းအဝေးခန်းမများတွင် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ (၁) နာရီမှ (၅) နာရီခွဲ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်း            (MCIA) တို့မှ အလုပ်အမှုဆောင်များ၊ IT ကုမ္ပဏီအသီးသီးမှ မန်နေဂျင်းဒါရိုက်တာများနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းကြီးများနှင့် IT ကုမ္ပဏီအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော IT ပညာရှင်များ၊ MCPA အသင်းဝင်များ၊ ကျောင်းသားကျောင်းသူများ၊ IT ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော IT ပညာရှင်များအဖြစ် အလုပ်ဝင်ရောက်လိုသူများနှင့် စိတ်ဝင်စားသူများအားလုံး တက်ရောက်နိုင်မည်ဖြစ်ပါသည်။

အခမ်းအနားအစီအစဉ်များအနေဖြင့် မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ သီးသန့်စီဆွေးနွေးပွဲ ပြုလုပ် မည်ဖြစ်ပြီး ညနေ (၃း၃ဝ) နာရီမှ (၅း၃ဝ) နာရီအထိ နှစ်သင်းပေါင်းအမှုဆောင်များနှင့် အသင်းဝင်များအားလုံး ပူးပေါင်းဆွေးနွေးမည် ဖြစ်ပါသည်။

ပူးပေါင်းဆွေးနွေးမည့်အစီအစဉ်အား “Bridging the Gap between Industry and Professionals” ဟူသော ဦးတည်ချက်ဖြင့် အစီအစဉ် (၅) ရပ်ပါဝင်၍ ကျင်းပသွားမည်ဖြစ်ပြီး ICT Industry အတွင်းရှိ Hardware, Software, Sales & service, networking, banking, supermarkets, media, marketing စသည့်ကဏ္ဍအသီးသီးတွင် ဝင်ရောက်နိုင်သော IT အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း လုပ်ငန်းရှင်များဘက်မှကျွမ်းကျင် IT ပညာရှင်ခန့်ထားနိုင်ရေးလိုအပ်ချက်များကို MCIA အသင်းဘက်မှ တာဝန်ရှိသူများ ဦးစွာရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး MCPA အလုပ်အမှုဆောင်များနှင့် လက်တွေ့ လုပ်ငန်းတာဝန် ထမ်းဆောင်နေကြသော IT ပညာရှင်များမှ Professionals’ Readiness for Industry ခေါင်းစဉ်ဖြင့် လုပ်ငန်းခွင်အသီးသီးအတွက် လိုအပ်လျက်ရှိသော ကျွမ်းကျင်ပြီးအရည်အချင်းပြည့်ဝသည့် IT ပညာရှင်များမွေးထုတ်နိုင်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်း ဆွေးနွေးမည်ဖြစ်သည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် အသင်းဝင်များအားသိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် ကံစမ်းမဲအစီအစဉ်များကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

အထူးအစီအစဉ်အနေဖြင့် IT နှင့် စီးပွားရေးလုပ်ငန်းအသီးသီးတွင်ရှိသော အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ကော်မတီအသီးသီးမှ Job Offer များ တစ်ပါတည်းပေးအပ်သွားမည်ဖြစ်သဖြင့် လုပ်ငန်းခွင်ဝင်ရောက်လိုသူ အသင်းဝင်များအနေဖြင့် မိမိစိတ်ဝင်စားရာအလုပ်များကို ဆက်လက်လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

         ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ MCPA ပညာသင်ဆုများကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ရာ IT နည်းပညာဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများတက်ရောက်မည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာကျောင်းများမှတဆင့် လျှောက်ထားနိုင်သည့် အစီအစဉ်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။     

              အဆိုပါအသင်းသားစုံညီဆွေးနွေးပွဲနှင့် ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အခန်း(၄)၊ အဆောင်(၄)၊ ၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း (ဝ၁-၆၅၂၂၇၆) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံးခန်း၊ အခန်း (၂ဝ၃)၊ ပင်မဆောင်ပထမထပ်၊ ဖုန်း (ဝ၁-၆၅၂၂၃၈) သို့ (၂၅-၈-၂ဝ၁ဝ) ညနေ (၄းဝဝ) နာရီ နောက်ဆုံးထား၍ စာရင်း ပေးသွင်းနိုင်ပါကြောင်းသိရှိရပါသည်။


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “ICT - Laboratory” ဖွင့်လှစ်မည်

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “ICT - Laboratory” ဖွင့်လှစ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည်အသင်းသားများ၏ ICT ပညာဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူပြုနိုင်ရန် ၊ ICT ဆိုင်ရာ Research & Development လုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေရန်၊ MCPA R&D Center တည်ထောင်မည့် လုပ်ငန်းစဉ်တွင် ပထမအဆင့်အဖြစ် လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ MCPA Laboratory အား (၂၁.၈.၂၀၁၀) နေ့ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် အဆောင်(၁)၊ MCPA Lab ခန်း၊ Myanmar Info-Tech တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ MCPA Lab သည် MCPA အသင်းသားများ၏ နည်းပညာဆိုင်ရာလက်တွေ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ရာ Practical on Network Cabling and Wireless Network Installation, Configuration” လက်တွေ့သင်ခန်းစာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်များဖြစ်သော ဦးအောင်စိုးမိုး၊ ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း နှင့် ဦးရဲကျော်သိန်း တို့မှ ၂၁.၈.၂၀၁၀(စနေနေ့) နှင့် ၂၂.၈.၂၀၁၀(တနင်္ဂနွေနေ့) နေ့လည် (၁၂း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

        မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ နှင့် စိတ်ပါဝင်စားသူမည်သူမဆို(အခမဲ့) တက်ရောက် လေ့ကျင့် နိုင်ပြီး၂၀.၈.၂၀၁၀(သောကြာနေ့)ညနေ(၅း၀၀)နာရီနောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ပါသည်။အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း - 652276 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

“Information Security” ဟောပြောပွဲကျင်းပမည်

Title: 
“Information Security” ဟောပြောပွဲကျင်းပမည်

          သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/ Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ  လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊ နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့် နှင့် ဦးရဲကျော်သိန်း တို့မှ “Information Security” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

            ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင်များ၊ ကွန်ပျူတာပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊ ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက် နှင့် ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” ဖွင့်လှစ်မည်

Title: 
“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” ဖွင့်လှစ်မည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” 

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၁၇) ရက်နေ့အထိ ညနေ(၃းဝဝ)နာရီ မှ (၅းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

 အဆိုပါသင်တန်းတွင်  ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်းများ၊ အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပုကျောင်းများမှ ကျောင်းဆင်းပြီး ရုပ်သံဖန်တီး ထုတ်လုပ်မှုကို အထူးပြုလေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင် Video Production, Mass Communication, Animation ဘွဲ့နှင့် ဒီပလိုမာသင်တန်း တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး လူငယ်လူရွယ်များအား ခေတ်သစ် ရုပ်သံနည်းပညာတွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုကင်မရာများ ကိုင်တွယ်အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့် အရည်အသွေး မကျဆင်း အောင် ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ သိကောင်းစရာများစာတွေ့၊ လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားအနုပညာ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director - People Media, Inforithm-Maze Co.,Ltd)  ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်းအကြောင်း၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး မှ မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ရုပ်ရှင်တည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘော တရားများကို လာရောက်ပံ့ပိုးပို့ချပေးကြမည်ဖြစ်သည်။  သင်တန်းသားများအတွက် လိုအပ်သော Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ မြန်မာ ဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စုများ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။