WannaCry Ransomware နှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ထုတ်ပြန်သော သတိပေးအကြံပြုချက် ၁/၂၀၁၇

Title: 
WannaCry Ransomware နှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ထုတ်ပြန်သော သတိပေးအကြံပြုချက် ၁/၂၀၁၇
Photos: 

MCPA’s Advisory on WannaCry Ransomware
================================
WannaCry သို့မဟုတ် WannaCrypt အမည်ရ ransomware တစ်ခု သည် ယခုအခါ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့လျက် ရှိပါသည်။ WannaCry သည် ဖောက်ထွင်းခံရသော Windows သုံး ကွန်ပျူတာများထဲမှ ဖိုင်များကို သာမန် ကြည့်ရှု သုံးစွဲခွင့် မပြုနိုင်တော့ရန် encrypt လုပ်ကာ သိမ်းဆည်းလိုက်ပါသည်။ ဖိုင်များကို ပြန်ရလိုပါက သတ်မှတ်ထားသည့် လိပ်စာတစ်ခုသို့ bitcoin များသုံးပြီး ငွေပေးသွင်း၍ ပြန်လည် ရွေးယူရမည်ဟု အကျပ်ကိုင် တောင်းဆိုသည့် စာကို ပူးတွဲပါအတိုင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
.
WannaCry သည် Microsoft operating system များ၏ SMB vulnerability ကုဒ်အမှတ် MS17-010 ကို ချနင်းပြီး Exploit အဖြစ် အသုံးပြုထားခြင်း ဖြစ်ပါသည်။ Microsoft Windows OS များဖြစ်သည့် Windows XP မှစ၍ Windows 10 အထိ SMB Service များ run ထားသည့် files and folders sharing များ အတွက် အဓိကထား တိုက်ခိုက်မှု ဖြစ်ပါသည်။ WannaCry သည် အခြား ကွန်ပျူတာများထံသို့ ကွန်ရက်အတွင်းမှ ဖြစ်စေ၊ email attachment များမှ ဖြစ်စေ ပျံ့နှံ့နိုင်ပါသည်။ .
Microsoft Update
=============
ထိခိုက်ပျက်စီးမှု အများဆုံးဟု ယုံကြည်ရ သော WannaCry ransomware တိုက်ခိုက်မှု၏ အန္တရာယ်မှ ကာကွယ်ရန် Microsoft သည် သက်တမ်း ကုန်နေပြီ ဖြစ်သည့် ကွန်ပျူတာ OS များ သုံးစွဲနေသူများ အတွက်ပါ ကာကွယ်ပေးမည့် update တစ်ခုကို ထုတ်လွှင့်ထားပြီး ဖြစ်သည်။
.
Windows XP, Vista, Windows 8, Server 2003 နှင့် 2008 Editions များ အပါအဝင် support မရှိသော်လည်း ဆက်လက်သုံးစွဲနေသော Windows များ အားလုံး အတွက် အရေးပေါ် emergency security patch update တစ်ခုကို ထုတ်လွှင့်ထား ခြင်း ဖြစ်သည်။
.
Protect Yourself
=============
ကွန်ပျူတာ သုံးစွဲသူများသည် အောက်ပါများကို အမြဲလိုက်နာသင့်ပါသည်။

Security Patches and Regular Updates - လုံခြုံရေးဆိုင်ရာ Security Patch များနှင့် ကွန်ပျူတာ OS များကို အစဉ်အမြဲ update ပြုလုပ်ခြင်း

Regular Backups - မိမိတို့ ကွန်ပျူတာ ဖိုင်များကို အခြား လုံခြံုစိတ်ချရသော တစ် နေရာတွင် အရန်အဖြစ် သိမ်းဆည်းခြင်း

Antivirus software - မိမိတို့ AV ဆော့ဖ်ဝဲများကို အမြဲ update လုပ်နေခြင်း

Beware Phishing - မည်သူမှန်း မသိပါက သို့မဟုတ် သိကျွမ်းသူ ဖြစ်သော်လည်း ပုံမှန် မဟုတ်သည့် ဖိုင်များ ပေးပို့လာပါက နှိပ်ဖွင့် ခြင်းမှ ရှောင်ကြဉ်ခြင်း

Category: 

Information Technology Professional Examination ITPEC exam results

Title: 
Information Technology Professional Examination ITPEC exam results
Category: 

“Wireless Network Essentials Course (WNE)”အမှတ်စဉ် (၆) သင်တန်းဖွင့်လှစ်မည်

Title: 
“Wireless Network Essentials Course (WNE)”အမှတ်စဉ် (၆) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကိုစိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course(WNE)အမှတ်စဉ် (၆)သင်တန်းကို ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများအထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ သင်ကြားပေးမည်ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
 About Wireless Local Area Network and WLAN Configuration
 Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
 Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
 WiFiHotSpot Creating for Software and Hardware
 WiFi Controller Device and Access Point CPE
 Wireless IP Camera Configuration with Cloud
 ZentyalServer, Pfsense Hotspot and Radius WiFi
 Local VPN Network Configuration
 Basic Mobile WiFi Network
 VOIP Gateway and IP Soft Phones …အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။
သင်တန်းကာလ - ၂၀၁၄ခုနှစ်၊ မတ်လ (၁) ရက်မှမတ်လ(၃၀)ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် - နေ့လည်၁၂း၃၀ နာရီ မှ၎း၀၀ နာရီအထိ
သင်တန်းကြေး - ၉၀,၀၀၀ိ/ (ကိုးသောင်းကျပ်)
MCPA Member (50%) - ၄၅,၀၀၀ (လေးသောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ - (၁၅) ဦး
သင်တန်းနေရာ - အဆောင် (၄)၊အခန်း (၄)၊ MICT Park၊ MCPA Lab Room၊လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ညနေ (၄) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။
(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Category: 

“Advanced Wireless Networking Course” သင်တန်းဖွင့်လှစ်မည့်

Title: 
“Advanced Wireless Networking Course” သင်တန်းဖွင့်လှစ်မည့်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Wireless
Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက်
Advanced Wireless Networking Course သင်တန်းကို ၂၀၁၃ ခုနှစ်၊
အောက်တိုဘာလ (၅) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းကို အခြေခံမှ စ၍ အဆင့်မြှင့်အထိ သင်ကြားပေးမည်ဖြစ်ပြီး
ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network
Engineer များ၊ IT Officer များ၊ wireless အကြောင်းလေ့လာနေသူများ၊
ကျောင်းသူကျောင်းသားများအထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းမှ
စာတွေ့လက်တွေ့ သင်ကြားလေ့လာရမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ….

Ø Wireless Local Area Network

Ø WLAN Configuration, Ad-host

Ø WLAN (point to point, point to Multipoint, Repeater)

Ø Using Outdoor Antenna Airmax sector 5GHz with Rocket Titanium
(Short and Long)

Ø WiFi-HotSpot Creating for software and hardware

Ø PFsense, Zentyal, Easy Server

Ø Wifi IP Camera and Channel Device

Ø Window 2008 Server Radius, VOIP Gateway

Ø Local VPN Network Configuration

Ø WiFi Controller Device and Access Point CPE

Ø Pfsense hotspot and radius wifi

Ø Basic Mobile wifi Network

သင်တန်းကာလ - ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ
(၅) ရက် မှ ဒီဇင်ဘာလ (၈) ရက်အထိ

(စနေ၊ တနင်္ဂနွေ)

သင်တန်းအချိန် - နံနက် ၉း၀၀ နာရီ မှ
နေ့လည် ၁၂း၀၀ နာရီအထိ

သင်တန်းကြေး - ၁၈၀,၀၀၀ိ/ (တစ်သိန်းရှစ်သောင်းကျပ်)

MCPA Member (50%) - ၉၀,၀၀၀ (ကိုးသောင်းကျပ်)

သင်တန်းသားဦးရေ - (၁၅) ဦး

သင်တန်းနေရာ - အဆောင် (၁)၊ MICT Park၊
MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)
ရက်နေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့
လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း
သတင်းရရှိသည်။

(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Category: 

MCF မှ ကြီးမှုး၍ Seminar on IT Leading-Edge Business and Technology Solution" ခေါင်းစဉ် ဖြင်. Korea Institute of Science and Technology မှ Dr. Kyu Hwan Lee က ဟောပြောဆွေးနွေးမည်

Title: 
MCF မှ ကြီးမှုး၍ Seminar on IT Leading-Edge Business and Technology Solution" ခေါင်းစဉ် ဖြင်. Korea Institute of Science and Technology မှ Dr. Kyu Hwan Lee က ဟောပြောဆွေးနွေးမည်

Speaker : Dr. Kyu Hwan Lee
Computational Science Center
Korea Institute of Science and Technology

Date: 6 May 2013
Time: 1:30 pm - 5:15 pm
Venue: Room 205, Main Building, MICT Park

Category: 

Barcamp Yangon 2013 ပွဲ ကျင်းပ

Title: 
Barcamp Yangon 2013 ပွဲ ကျင်းပ

Barcamp Yangon 2013 ပွဲ ကို 19-20th January 2013 Mynamar Infotech တွင် ကျင်းပ လျက်ရှိပြီး လက်ရှိအချိန်အထိ တက်ရောက်လာသူပေါင်း ၃၀၀၀ ကျော်နေပြီဖြစ်ပြီး နိုင်ငံတကာမှ လာရောက်သည့် Barcamper ၂၀ ဦးခန့် ရှိနေပြီဖြစ်ပြီး ဘားကမ့်တွင် နိုင်ငံတကာ၌ ခေတ်စားနေသည့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာများနှင့် သက်ဆိုင်သော အကြောင်းအရာများကို တက်ရောက်လာသည့် လူငယ်များက အပြိုင်အဆိုင် ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်နေပြီး ကံစမ်းမဲအစီအစဉ်များဖြင်. ပိတ်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ အသေးစိတ်အကြောင်းအရာများကို http://www.barcampyangon.org/ , https://www.facebook.com/barcampyangon?filter=2 လင်.များတွင် ကြည်ရူလေ.လာနိုင်ပါသည်။

Category: 

Myanmar Software Industry တိုးတက်ရေးဆွေးနွေးပွဲ

Title: 
Myanmar Software Industry တိုးတက်ရေးဆွေးနွေးပွဲ

Myanmar Software Industry ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားအားပေး လုပ်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ Software Industry Development Committee (SIDC) ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိပါသည်။

SIDC ၏ ရည်ရွယ်ချက်မှာ Software Industry သည် နိုင်ငံတော်နှင့် နိုင်ငံအတွင်းရှိ စီးပွားရေး၊ လူမူရေး၊ ကျမ်းမာရေး၊ ပညာရေး၊ အစရှိသည့် ကဏ္ဍများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် အနာဂတ်တွင် နိုင်ငံတော်၏ Positive Export-Income ကို ပံ့ပိုးပေးသော Industry  တစ်ခုဖြစ်လာစေရန် ဟူ၍ ဖြစ်သည်။
အဆိုပါ ရည်ရွယ်ချက်အား အကောင်အထည်ဖော်နိုင်ရန် နိုင်ငံအတွင်းရှိ Software Industry နှင့် ဆက်နွယ်၊ ပတ်သက်၊ စိတ်ဝင်စား သူများအားလုံး “Myanmar Software Industry” တိုးတက်ရေး ဆွေးနွေးပွဲ သို့တက်ရောက် ဆွေးနွေးပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက်   ။           ။ ဒီဇင်ဘာလ (၁၄) ရက် ၂၀၁၂(သောကြာနေ့)
အချိန်    ။           ။ နေ့လည် (၃း၀၀) နာရီ မှ (၅း၀၀) နာရီ
နေရာ     ။           ။ MICTDC Main Building (Conference Hall)

Category: 

HTC Corporation မှ CEO နှင့် President, Mr.Peter Chou နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Title: 
HTC Corporation မှ CEO နှင့် President, Mr.Peter Chou နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၁၉. ၅.၂၀၁၂ (စနေနေ့)

အချိန်  ။ ။ နံနက် (၉း၃၀) နာရီ

နေရာ  ။ ။ Conference Hall, MICT Park, Hlaing Tsp., Yangon.

လေးစားစွာဖြင့်
MCF Office

“CCNA & Enterprise Networking” သင်တန်းဖွင့်လှစ်မည်

Title: 
“CCNA & Enterprise Networking” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် အဆင့်မြင့် Networking သင်တန်းတစ်ခုကို ဧပြီလ (၃၀) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များအထူး တက်ရောက်သင့်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် Networking နှင့် ပတ်သက်သည့် အခြေခံသဘောတရားများ ဖြစ်သည့် TCP/IP, IPv4 Addressing အစရှိသည်တို့ကိုသိရှိနားလည်ထားပြီး ဖြစ်ရပါမည်။

သင်တန်း၌ Analyzing IP Communication, IP Addressing, Trucking, Dynamic Routing, WAN, Unified Communication အစရှိသည်တို့ကိုစာတွေ့လက်တွေ့လေ့လာရမည် ဖြစ်သည်။

သင်တန်းကာလ - ဧပြီလ ၃၀ ရက် မှ မေလ ၁၁ ရက်အထိ (တနင်္လာနေ့မှ သောကြာနေ့)

သင်တန်းအချိန် - ညနေ ၅း၀၀ နာရီ မှ ၇း၀၀ နာရီ အထိ

သင်တန်းကြေး - အခမဲ့

သင်တန်းသားဦးရေ - (၂၀) ဦး

သင်တန်းနေရာ - အဆောင် (၁)၊ MICT Park၊ လှိုင်မြို့နယ်

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် April 28 ရက် ညနေ (၅) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် -၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ICT- Laboratory “VM Ware Setup and Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

Title: 
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ICT- Laboratory “VM Ware Setup and Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာ မှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဖြစ်သော ဦးရဲကျော်သိန်း မှ ဧပြီလ (၂၈) ရက်တွင် နေ့လည် (၁း၀၀ မှ ၃း၀၀) အထိ တစ်ကြိမ်၊ (၃း၀၀ မှ ၅း၀၀) အထိ တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍ “VM Ware Setup and Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြ သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ၊ Network ပိုင်းဆိုင်ရာ လေ့လာနေသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး ဧပြီလ (၂၇) ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။