MCAP Quiz 2015 ရန်ုကုန်တိုင်းဒေသကြီး ပြိုင်ပွဲ Final ရေးဖြေအောင်စာရင်း ထုတ်ပြန်

Title: 
MCAP Quiz 2015 ရန်ုကုန်တိုင်းဒေသကြီး ပြိုင်ပွဲ Final ရေးဖြေအောင်စာရင်း ထုတ်ပြန်
Category: 

တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားပြီးသူများအတွက် “ကွန်ပျူတာပညာရေးလမ်းကြောင်းများ နှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ” ဟောပြောပွဲကျင်းပမည်

Title: 
တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားပြီးသူများအတွက် “ကွန်ပျူတာပညာရေးလမ်းကြောင်းများ နှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ” ဟောပြောပွဲကျင်းပမည်

မန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၅ခုနှစ်၊ သြဂုတ်လ (၈) ရက် (စနေနေ့) နေ့လယ် (၂း၀၀ မှ ၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ Conference Hall တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားပြီးသူများအတွက် “ကွန်ပျူတာပညာရေးလမ်းကြောင်းများ နှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ” အကြောင်းကိုဟောပြောပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ သည်။

အဆိုပါ ဟောပြောပွဲသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ကျောင်းသားမိဘများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ ဖုန်း − ၀၁-၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀ ၊ email – office@mcpamyanmar.orgyrcpaoffice@gmail.com သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

တက်ရောက်မည့်သူများအနေဖြင့် ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ကြိုတင်စာရင်း ပေးသွင်း နိုင်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

Category: 

“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၄) သင်တန်းဖွင့်လှစ်မည်

Title: 
“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၄) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course (WNE) အမှတ်စဉ် (၁၄) သင်တန်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ Company များ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ စာတွေ့လက်တွေ့သင်ကြားပေး သွားမည်ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
 About Wireless Local Area Network and Smart WLAN Configuration
 Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
 Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
 WiFi HotSpot Creating for Software
 Unifi WiFi Controller Device and Access Point CPE
 VLAN Switch (Layer 2) Configuration for WiFi
 Huawei Router and Mikrotik router hotspot (device with VLAN Switch)
 Wireless IP Camera Configuration
 Zentyal Server, Pfsense Hotspot
 Local VPN Network Configuration
 Storage Management (Synology)
 VOIP Gateway and IP Soft Phones… အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။
သင်တန်းကာလ - ၂၀၁၅ ခုနှစ်၊ သြဂုတ် (၈) ရက် မှ စက်တင်ဘာလ (၁၃) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် - နေ့လည် ၀၁း၀၀ နာရီ မှ ၄း၀၀ နာရီအထိ
သင်တန်းကြေး - ၁၅၀,၀၀၀ိ/ (တစ်သိန်းငါးသောင်းကျပ်)
MCPA Member (50%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ - (၁၅) ဦး
သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: 

MCPA Quiz2015 ရန်ကုန်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ကျင်းပမည်

Title: 
MCPA Quiz2015 ရန်ကုန်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ကျင်းပမည်

MCPA Quiz 2015 ပြိုင်ပွဲသည် ပြည်နယ်တိုင်း ဒေသကြီး အသီးသီးရှိ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ ဘွဲ့ကြိုကျောင်းသား/သူများ၊ IT ပညာရပ်များကို စိတ်ဝင်စားမှု ပိုမိုရရှိလာပြီး အရည်အသွေးပြည့်ဝလာစေရန်၊ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာ အသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ တိုင်းအဆင့် ရေးဖြေပြိုင်ပွဲကို (၁၅-၈-၂၀၁၅) နေ့နှင့် တိုင်းအဆင့် Final ပြိုင်ပွဲကို (၂၂-၈-၂၀၁၅) နေ့များတွင် လည်းကောင်း၊ နိုင်ငံအဆင့်ပြိုင်ပွဲကို (၃-၁၀-၂၀၁၅) နေ့များတွင် MICT Park, Hlaing Campus ၌ ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို www.mcpamyanmar.org/download တွင်လည်း ရယူနိုင်ပါသည်။

ဆက်သွယ်ရန်- ရန်ုကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း- ၀၁ ၆၅၂၂၇၆၊ ၀၉၇၃၀၈၈၃၀၀ သို့ လည်းကောင်း၊
Email- examcoordinator@mcpamyanmar.org သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပြီး၊
Website- http://www.itpec.org/pastexamqa/fe.html တွင်လည်း မေးခွန်းဟောင်းများ ကြည့်ရှု နိုင်ပါသည်။

Category: 

MCPA Certified Network Associate Exam Result List (June 2015 အောင်စာရင်း ) ထုတ်ပြန်

Title: 
MCPA Certified Network Associate Exam Result List (June 2015 အောင်စာရင်း ) ထုတ်ပြန်
Category: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “Create Winning Mindset NOW” ဟောပြောပွဲ ကျင်းပမည်

Title: 
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “Create Winning Mindset NOW” ဟောပြောပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် (တနင်္လာနေ့) နံနက် (၉း၃၀ မှ ၁၂း၃၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ၊ အခန်း (၂၀၅) တွင် Your Winning Ways Australia မှ Program Director ဖြစ်သူ Mr. PHILIP J WIN မှ “Create Winning Mindset NOW” ခေါင်းစဉ် နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲ၌ အောက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပေးမည် ဖြစ်ပါသည်။
1. What do you really want in your life?
2. Install successful people's habits.
3. Set your goals and become reality you want.
4. Installing your new confidence and be a CHAMPION
5. Destroy limiting belief and become a WINNER
6. 7 Secrets of Winning Mindset and be a STAR.
ဟောပြောပွဲသို့ တက်ရောက်ခြင်းအားဖြင့် မိမိကိုယ်မိမိ တန်ဖိုးထားနိုင်၍ အောင်မြင်လိုသော စိတ်ဓါတ်များ မွေးမြူပြီး လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝတွင် အောင်မြင်စွာဖြတ်သန်းနိုင်ရေးကို တိုးတက် ကောင်းမွန် စေမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ ဖုန်း − ၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

Category: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ MCPA Day နှင့် Career Fair ကျင်းပမည်

Title: 
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ MCPA Day နှင့် Career Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ IT လူ့စွမ်းအားအရင်းအမြစ်များ နှင့် IT Industry ရှိ ကုမ္ပဏီများကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ MCPA Day ကို ၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
MCPA Day နေ့တွင် IT နည်းပညာကို အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျှက်ရှိသော ICT လူ့စွမ်းအား အရင်းအမြစ်များကို ခေါ်ယူခန့်ထားနိုင်စေရန် ရည်ရွယ်၍ Career Fair ကျင်းပရန် စီစဉ်ဆောင်ရွက်ထား ပါသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းနယ်ပယ်အသီးသီးရှိ IT အသုံးပြု၍ အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီး များနှင့် ကွန်ပျူတာတက္ကသိုလ်၏ နိုးကြားတက်ကြွပြီး ထူးချွန်ထက်မြက်သောလူငယ် ကျောင်းသား၊ ကျောင်းသူ များကို ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပသော Career Fair သို့ ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားသော အဖွဲ့အစည်း များသည် အဆိုပြုလွှာကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ အီးမေးလ် – office@mcpamyanmar.org , yrcpaoffice@gmail.com သို့ ဆက်သွယ်၍ လည်းကောင်း ပါဝင်လိုသည့်ကုမ္ပဏီအမည်၊ Logo နှင့် Registration Fees – (၁၀၀,၀၀၀) ကျပ်ကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းတွင် ( ၁၇- ၇- ၂၀၁၅) နေ့ နောက်ဆုံးထား၍ လာရောက် ပေးသွင်းရမည် ဖြစ်ကြောင်းသိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ MICT Park, အဆောင်(၉)၊ မြေညီထပ်၊ ဖုန်း-၀၁ − ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

Category: 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲ Certified Network Associate Exam ကျင်းပခဲ့

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲ Certified Network Associate Exam ကျင်းပခဲ့

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲ Certified Network Associate Exam ကို ၂ဝ၁၅ ခုနှစ်၊ ဇွန်လ (၂၁) ရက် (တနဂင်္နွေနေ့) နံနက် (၉းဝဝ မှ ၁၂းဝဝ) နာရီ အထိ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံးတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် မကွေးတိုင်းကွန်ပျူတာပညာရှင်အသင်းတို့တွင်လည်းကောင်း တပြိုင်နက် ကျင်းပစစ်ဆေးခဲ့ပါသည်။ အဆိုပါစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဖြေဆိုသူ စုစုပေါင်း (၂၄) ဦး၊ မန္တလေးတိုင်းမှ ဖြေဆိုသူ (၃) ဦးနှင့် မကွေးတိုင်းမှ ဖြေဆိုသူ (၅) ဦး စုစုပေါင်းဖြေဆိုသူ (၃၂) ဦး ရှိခဲ့ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲများသည် အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ/ ကျောင်းသားများ၊ အသင်းဝင်များအရည်အချင်းကို အသိအမှတ်ပြုနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများ ဖြစ်ပါသည်။ နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများတွင် စစ်ဆေးလျှက်ရှိပါသည်။

Category: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “How to write the business specification and technical specification relative to ERP system” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်။

Title: 
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “How to write the business specification and technical specification relative to ERP system” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၅ခုနှစ်၊ ဇွန်လ (၆) ရက် (စနေနေ့) နေ့လယ် (၂း၀၀ မှ ၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အခန်း(၂၀၅) တွင် United State of America မှ ERP Expert ဖြစ်သူ ဦးကျော်စွာမှ“ How to write the business specification and technical specification relative to ERP system” နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပေးမည် ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ ကွန်ပျူတာနည်းပညာကို လေ့လာ နေသော ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။
အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park၊ ဖုန်း−၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀၊ အီးမေးလ်− yrcpaoffice@gmail.com သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
(မှတ်ချက်- ဆွေးနွေးပွဲသို့တက်ရောက်မည့်သူများအနေဖြင့် (၄−၆−၂၀၁၅) နေ့ နောက်ဆုံးထား၍ အသင်းရုံးသို့ အကြောင်းပြန်ကြား ပေးစေလိုပါသည်။)

Category: 

Information Technology Professional Examination Council မှ ကြီးမှူးကျင်းပသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam Results

Title: 
Information Technology Professional Examination Council မှ ကြီးမှူးကျင်းပသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam Results
Category: