Information Technology Professional Examination Council မှ ကြီးမှူးကျင်းပသည့် (8) နိုင်ငံ အသိအမှတ်ပြု ITPEC Exam စာမေးပွဲကို ၂၅−၁၀-၂၀၁၅ ရက်နေ့တွင်ကျင်းပ ခဲ့
Title: 
Information Technology Professional Examination Council မှ ကြီးမှူးကျင်းပသည့် (8) နိုင်ငံ အသိအမှတ်ပြု ITPEC Exam စာမေးပွဲကို ၂၅−၁၀-၂၀၁၅ ရက်နေ့တွင်ကျင်းပ ခဲ့
Information Technology Professional Examination Council မှ ကြီးမှူးကျင်းပသည့် (8) နိုင်ငံ အသိအမှတ်ပြု ITPEC Exam စာမေးပွဲကို ၂၅−၁၀-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့တွင် ကျင်းပစစ်ဆေးခဲ့ရာ Information Technology Passport Examination (IP Exam) တွင် (၂၁၉) ဦး၊ Fundamental Information Technology Engineer Examination (FE Exam) တွင် (၄၈) ဦး နှင့် Applied Information Technology Engineer Examination (AP Exam) တွင် (၁၅) ဉီး အသီးသီး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။
Category: 
“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၅) သင်တန်းဖွင့်လှစ်မည်
Title: 
“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၅) သင်တန်းဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course (WNE) အမှတ်စဉ် (၁၅) သင်တန်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည််ဖြစ်သည်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ Company များ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ Wireless ISP လုပ်ကိုင်လိုသူများ၊ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ စာတွေ့လက်တွေ့သင်ကြားပေး သွားမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ…  Wireless Local Area Network and Smart WLAN Configuration  Cisco Wireless Controller and APs  Ad-host,WLAN (Point to Point, Point to Multipoint, Repeater)  Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )  Unifi WiFi Controller Device and Access Point CPE  VLAN Switch (Layer 2) Configuration for WiFi  Mikrotik Cloud Core Router Management  Wireless IP Camera Configuration  Pfsense Hotspot  Firewall VPN Network  Storage Management (Synology)  VOIP Gateway and IP Soft Phones… အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။ သင်တန်းကာလ - ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ (၂၄) ရက် မှ ဒီဇင်ဘာ (၂၀) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နေ့လည် ၀၁းဝ၀ နာရီ မှ ၄းဝ၀ နာရီအထိ သင်တန်းကြေး - ၁၅၀,၀၀၀ိ/ (တစ်သိန်းငါးသောင်းကျပ်) MCPA Member (50%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
Category: 
“Developing POS and Accounting System” သင်တန်းရက် ပြောင်းရွှေ့ဖွင့်လှစ်မည်
Title: 
“Developing POS and Accounting System” သင်တန်းရက် ပြောင်းရွှေ့ဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ အောက်တိုဘာလ (၃) ရက် နေ့တွင် ဖွင့်လှစ်မည့် Developing POS and Accounting System သင်တန်းအား အောက်တိုဘာလ (၁၇) ရက်နေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်သွား မည်ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ Business Application Software Developer များ၊ နည်းပညာလုပ်ငန်းရှင်များ၊ Software Development နည်းပညာရပ်များကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်၍ Developing POS and Accounting System သင်တန်းအား ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ အရောင်းအဝယ် နှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင် မရှိမဖြစ် အသုံးတွင်ကျယ်လာမည့် POS and Accounting System တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ် ဖန်တီးရောင်းချနိုင်သည်အထိ လက်တွေ့ပြုလုပ် သင်ကြားရမည် ဖြစ်ပါသည်။ POS System များ၊ Accounting System များတွင် ပါဝင်သော Modules များနှင့် Features များအကြောင်း အစုံအလင်ကို သိရှိနားလည်ပြီး၊ အသုံးပြုသူ Customer များအတွက် ရိုးရှင်းလွယ်ကူ၍ ထိရောက်လျင်မြန်သော POS & Accounting Software များကို ရေးသားနိုင်သည်အထိ သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။ ရေးသားရာတွင် အသုံးပြုမည့် Programming Language မှာ C#.Net ဖြစ်ပြီး၊ Database အနေဖြင့် Microsoft SQL Server ကို အသုံးပြုသွားမည်ဖြစ်၍ သင်တန်းတက်ခြင်းအားဖြင့် 1. POS & Accounting Knowledge (Domain Knowledge) 2. Software Development Skill + Business Logic 3. Programming Skill and Database Skill အစရှိသည့် အချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားနိုင်မည် ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်များ အနေဖြင့် C#.Net (Programming Skill), Microsoft SQL Server (Database Skill) တိုအား အခြေခံသိရှိရန် လိုအပ်ပါသည်။ သင်တန်းကာလ - အောက်တိုဘာလ (၁၇) ရက် မှ ဒီဇင်ဘာ (၁၃) ရက်အထိ သင်တန်းအချိန် - ညနေ ၄း၃၀ မှ ၆း၃၀ နာရီ (စနေ၊ တနင်္ဂနွေ) သင်တန်းကြေး - ၂၀၀,၀၀၀ (နှစ်သိန်းကျပ်) MCPA Member(၅၀%) - ၁၀၀,၀၀၀ (တစ်သိန်းကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလ (၁၇) ရက်နေ့၊ နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
Category: 
MCPA Quiz 2015 (National Level) ပြိုင်ပွဲကျင်ပပြီးစီး
Title: 
MCPA Quiz 2015 (National Level) ပြိုင်ပွဲကျင်ပပြီးစီး
၃−၁၀−၂၀၁၅ (စနေနေ့) တွင် MICT Park တွင် ကျင်း ပပြုလုပ်သည့် MCPA Quiz 2015 (Nationl Level) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်မှ ပထမဆု၊ မွန်ပြည်နယ်ကိုယ်စားပြု သထုံကွန်ပျူတာတက္ကသိုလ်မှ ဒုတိယဆုနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှ တတိယဆု အသီးသီး ဆုများ ရရှိသွားကြပါသည်။
Category: 
“Developing POS and Accounting System” သင်တန်းဖွင့်လှစ်မည်
Title: 
“Developing POS and Accounting System” သင်တန်းဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Developing POS and Accounting System သင်တန်းတစ်ခုကို အောက်တိုဘာလ (၃) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ Business Application Software Developer များ၊ နည်းပညာလုပ်ငန်းရှင်များ၊ Software Development နည်းပညာရပ်များကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်၍ Developing POS and Accounting System သင်တန်းအား ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ အရောင်းအဝယ် နှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင် မရှိမဖြစ် အသုံးတွင်ကျယ်လာမည့် POS and Accounting System တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ် ဖန်တီးရောင်းချနိုင်သည်အထိ လက်တွေ့ပြုလုပ် သင်ကြားရမည် ဖြစ်ပါသည်။ POS System များ၊ Accounting System များတွင် ပါဝင်သော Modules များနှင့် Features များအကြောင်း အစုံအလင်ကို သိရှိနားလည်ပြီး၊ အသုံးပြုသူ Customer များအတွက် ရိုးရှင်းလွယ်ကူ၍ ထိရောက်လျင်မြန်သော POS & Accounting Software များကို ရေးသားနိုင်သည်အထိ သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။ ရေးသားရာတွင် အသုံးပြုမည့် Programming Language မှာ C#.Net ဖြစ်ပြီး၊ Database အနေဖြင့် Microsoft SQL Server ကို အသုံးပြုသွားမည်ဖြစ်၍ သင်တန်းတက်ခြင်းအားဖြင့် 1. POS & Accounting Knowledge (Domain Knowledge) 2. Software Development Skill + Business Logic 3. Programming Skill and Database Skill အစရှိသည့် အချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားနိုင်မည် ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်များ အနေဖြင့် C#.Net (Programming Skill), Microsoft SQL Server (Database Skill) တိုအား အခြေခံသိရှိရန် လိုအပ်ပါသည်။ သင်တန်းကာလ - အောက်တိုဘာလ (၃) ရက် မှ နိုဝင်ဘာလ (၂၉) ရက်အထိ သင်တန်းအချိန် - ညနေ ၄း၃၀ မှ ၆း၃၀ နာရီ (စနေ၊ တနင်္ဂနွေ) သင်တန်းကြေး - ၂၀၀,၀၀၀ (နှစ်သိန်းကျပ်) MCPA Member(၅၀%) - ၁၀၀,၀၀၀ (တစ်သိန်းကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလ (၃) ရက်နေ့၊ နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
Category: 
“Ruby on Rails” သင်တန်းဖွင့်လှစ်မည်
Title: 
“Ruby on Rails” သင်တန်းဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ မြန်မာနိုင်ငံတွင် Ruby on Rails နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး Cloud Source Japan, Inc. ၏ CEO KAZUHIRO MIYAJIMA နှင့် Project Engineer တစ်ဦးဖြစ်သော ဦးစိုင်းရဲခေါင် မှ “Ruby On Rails” သင်တန်းဖွင့်လှစ်မည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ Web Development Knowledge ရှိသူများ၊ Programming Knowledge အနည်းငယ် ရှိသူများ၊ Ruby on Rails ကို လေ့လာလိုသူများ တက်ရောက်နိုင်ပါသည်။ အဆိုပါသင်တန်းတွင် အောက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ 1.What’s Ruby on Rails? (60mins) . Rails new and rails console . User Model 4. Micropost Design (15mins) . Screen Design . Model Design 2.Gem, Login, Scaffolding (60mins) . Gem, bundle, Devise install . Login page, My profile page 5. How to make micropost? . Post (40mins), Image Upload (40mins) . Profile (40mins), Follow (40mins) 3. Unit Test & red, green (30mins) . Rspec install . Test description= red testing . Post Method implementation . Test description = green testing သင်တန်းကာလ - ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်( တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၉းဝ၀ မှ ညနေ ၄းဝ၀ နာရီ အထိ မှတ်ပုံတင်ကြေး - ၈,၀၀၀ိ/ (ရှစ်ထောင်ကျပ်) (နေ့လည်စာ + ကော်ဖီ) MCPA Member (50%) - ၄၀,၀၀ိ/ (လေးထောင်ကျပ်) (နေ့လည်စာ + ကော်ဖီ) သင်တန်းသားဦးရေ - (၂၀) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ Meeting Room (3), MICT Park၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ E-mail:office@mcpamyanmar.org (or) yrcpaoffice@gmail.com သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။သင်တန်း Application Form အား Download | Myanmar Computer Professionals Associations http://www.mcpamyanmar.org/download?page=1 တွင် Download ရယူနိုင်ပါသည်။ မှတ်ချက်(၁) ၊ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် မိမိတို့ Laptops များ ယူဆောင်လာပါရန်။ မှတ်ချက်(၂) ၊ လျှောက်လွွှာတင်သူများထဲမှ စိစစ်ရွေးချယ်ပြီး တက်ရောက်ခွင့်ရှိသူများမှ သင်တန်းကြေး ပေးသွင်း၍ တက်ရောက်ရမည်။ (Download Link ထည့်ရန်) တွင် Download ရယူနိုင်ပါသည်။ မှတ်ချက်(၁) ၊ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် မိမိတို့ Laptops များ ယူဆောင်လာပါရန်။ မှတ်ချက်(၂) ၊ လျှောက်လွွှာတင်သူများထဲမှ စိစစ်ရွေးချယ်ပြီး တက်ရောက်ခွင့်ရှိသူများမှ သင်တန်းကြေး ပေးသွင်း၍ တက်ရောက်ရမည်။
Category: 
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) မှ ITPEC စာမေးပွဲများကျင်းပမည်
Title: 
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) မှ ITPEC စာမေးပွဲများကျင်းပမည်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ကျင်းပမည် ဖြစ်သည်။ Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သော လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် လည်းကောင်း၊ Applied Information Technology Engineer Examination (AP) စာမေးပွဲသည် IT ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စွမ်း (Apply) ရှိသူများ၊ အဆင့်မြင့် IT လူ့စွမ်းအား အရင်းအမြစ်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် လည်းကောင်းအလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ် ရရှိစေမည့် စာမေးပွဲအသီးသီး ဖြစ်သည်။ စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်း သူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်သည်။ 1) Information Technology Passport Examination (IT Passport) Exam Fee – 20000 Ks 2) Fundamental Information Technology Engineer Examination (FE) Exam Fee – 30000 Ks 3) Applied Information Technology Engineer Examination (AP) Exam Fee – 50000 Ks MCPA Member များ ၅၀ % Discount ရရှိပါမည်။ စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ အဆောင် (၉)၊ မြေညီထပ် (MICT Park)၊ ဖုန်း - ၆၅၂၃၀၇၊ ၀၁−၂၃၀၅၂၃၃ နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ အဆောင် (၉)၊ မြေညီထပ်၊ (MICT Park)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉၇၃၀၈၈၃၀၀ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ (၂၁-၁၀-၂၀၁၅) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
Category: 
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲ အတွက် လေ.လာရမည် Details Program Outline download ရယူနိုင်
Title: 
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲ အတွက် လေ.လာရမည် Details Program Outline download ရယူနိုင်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲ လေ.လာရမည် Programs အသေးစိတ် ကို အသင်း website http://www.mcpamyanmar.org/download/category/asean-japan-cyber-sea-game-... တွင် download လုုပ်ကာကြိုတင်ပြင်ဆင်ထားနိင်ကြောင်းအသိပေးအပ်ပါသည်။ ဲပြိုင်ပွဲကျင်းပရေးကော်မတီ
Category: 
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများ ရယူနိုင်။
Title: 
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများ ရယူနိုင်။
အာဆီယံနိုင်ငံမှ လူငယ်များ Cyber Security ပိုင်းဆိုင်ရာအသိအမြင်နှင့် ကျွမ်းကျင်မှုများ တိုးတက်စေရန် ရည်ရွယ်၍ ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲကို Indonesia နိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Cyber Security / Defence ကျွမ်းကျင်သူ(၃)ဦး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်နိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး နိုင်ငံအဆင့် Cyber SEA Game ပြိုင်ပွဲကို ရန်ကုန်မြို့၊ MICT Park, Conference Hall တွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ(၈)ရက်နှင့် (၉)ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲအတွက် ဝင်ခွင့်လျှောက်လွှာ Form များနှင့် စည်းကမ်းချက်များကို အောက်ပါ Link www.mcpamyanmar.org/download , www.mcfmyanmar.org and www.mmcert.org.mm များတွင် Download ရယူနိုင်ပြီး လျှောက်လွှာများကို (၂၈.၉.၂၀၁၅) ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ MICT Park ၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁−၆၅၂၃၀၇၊ ၀၁−၂၃၀၅၂၂၃၃၊ အီးမေးလ်− ictcompetition@gmail.com သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ လူကိုယ်တိုင် လာလျှောက်၍ဖြစ်စေ ပေးပို့လျှောက်ထားရပါမည်။
Category: 
“Today Hacking Technologies (Offensive Vs Defensive Security) and Countermeasures” သင်တန်းဖွင့်လှစ်မည်
Title: 
“Today Hacking Technologies (Offensive Vs Defensive Security) and Countermeasures” သင်တန်းဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Hacking နည်းပညာရပ်များကိုစိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Today Hacking Technologies (Offensive Vs Defensive Security) and Countermeasures သင်တန်းကို၂၀၁၅ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
Offensive/Defensive Security ကို နားလည်ပိုင်နိုင်သော IT Security Professional များ ပိုမိုပေါ်ထွန်း လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ နည်းပညာရပ်များ (Information Security) ကိုအထူးစိတ်ဝင်စားသူများ၊ ပြည်တွင်း၊ ပြည်ပ အဆင့်မြင့် ICT Industry များတွင် Security Admin များအဖြစ် လက်တွေ့ကိုင်တွယ် ထိန်းချုပ်နိုင်လိုသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။ ယနေ့ခေတ် ICT အသုံးပြုမှုများ တွင်ကျယ်လာ သည်နှင့် သတင်းအချက်အလက်လုံခြုံရေးသည် အထူးအရေးပေးဆောင်ရွက်ရန် ကိစ္စတစ်ရပ်ဖြစ်လာပြီး၊ မြန်မာနိုင်ငံ အတွင်းနှင့် နိုင်ငံတကာအဆင့်မြင့် လုပ်ငန်းခွင်များတွင် ကျွမ်းကျင်သော IT Security Officer/ Professional များ လိုအပ်ချက်မြင့်မားလာပြီး၊ ရာထူး၊ လစာ အခွင့်အလမ်းကောင်းများနှင့် ခေါ်ဆိုမှုများ များပြားလာပါသည်။ Latest Hacking နည်းပညာရပ်များ၊ Threats များ၊ Policies and Planning၊ Countermeasure စနစ်များကို Module တစ်ခုချင်းစီအလိုက် စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားရမည်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါက Security Admin များအဖြစ်၊ Freelance Security Professional များအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု EC COUNCIL (USA) မှ ချီးမြှင့်သည့် ENSA နှင့် CEH ဘာသာရပ်များ ဝင်ရောက်ဖြေနိုင်ရန် လေ့ကျင့်ပြင်ဆင်ပြီးသားဖြစ်စေပါမည်။ အဓိကဘာသာရပ်များ-
- Introduction to Ethical Hacking
- Hacking Phases and Technologies
- System Hacking and Pen testing
- Mobile Hacking and Threats
- Hardening Systems and Security Policies
- Network Vulnerability Assessments
- Social Engineering
- IDS, Firewalls and Cryptography
- Assignments etc…
သင်တန်းကာလ - ၂၀၁၅ခုနှစ်၊ စက်တင်ဘာ(၁၉) ရက် မှ အောက်တိုဘာ (၂၄)ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် - နံနက် ၀၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ
သင်တန်းကြေး - ၃၀၀,၀၀၀ိ/ (သုံးသိန်းကျပ်တိတိ)
MCPA Member (50%) - ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)
သင်တန်းသားဦးရေ - (၁၈) ဦး
Category: