Remote Sensing Course

Title: 
Remote Sensing Course

MCPA နှင့် Myanmar Credent Technology တို့ ပူးပေါင်းစီစဉ်မှုဖြင့် Remote Sensing Course သင်တန်းအား တတိယအကြိမ်အနေဖြင့် ၂၀၀၈ခုနှစ် အောက်တိုဘာလ(၇)ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Myanmar Credent Technology တို့ ပူးပေါင်းစီစဉ်မှုဖြင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရန် နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သင်ကြားပေးမည့် ဂြိုလ်တုဓာတ်ပုံ၊ ကောင်းကင်ဓာတ်ပုံ အသုံးချခြင်းဘာသာရပ် (Remote Sensing Course) သင်တန်းအား တတိယအကြိမ်အနေဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ဆက်သွယ်နိုင်သည်။

Course Contents

1.      

Introduction to Remote Sensing

2.      

Interaction of Electromagnetic Radiation and Matter

3.      

Acquiring Satellite Images, Displaying Image and Accessing Its Quality

4.      

Image Correction

5.      

Feature Identification and Classification

6.      

Applications

 

သင်တန်းကာလ                - ၁၀ ပတ်

သင်တန်းအချိန်                - ညနေ (၅း၀၀)နာရီ မှ (၆း၃၀) (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး)

သင်တန်းကြေး                 - ကျပ် ၈၀၀၀၀ (စာရွက်စာတမ်းကြေးအပါအဝင်)

                                     ( အစိုးရဝန်ထမ်း၊ ကျောင်းသား၊ MCPA အသင်းဝင်များ ၊ MES အသင်းဝင်များအား ၂၀% Discount)

သင်တန်းသားဦးရေ           - ၂၀ ဦး

လျှောက်လွှာလက်ခံမည့်နေ့- ၂၀၀၈ခုနှစ် စက်တင်ဘာလ(၁၅)ရက်

သင်တန်းစမည့်ကာလ        - ၂၀၀၈ခုနှစ် အောက်တိုဘာလ(၇)ရက် မှ ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ

10th Anneversary Application Development Competition

Title: 
10th Anneversary Application Development Competition

MCF, MCPA, MCIA အသင်းများ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု တစ်ခုအဖြစ် Application Development ပြိုင်ပွဲ ကို Oct 19 (တနင်္ဂနွေ) တွင် ကျင်းပပါမည်။

MCF, MCPA, MCIA အသင်းများ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု တစ်ခုအဖြစ် Application Development ပြိုင်ပွဲ ကျင်းပပါမည်။

နေ့ရက် ။ Oct 19 (တနင်္ဂနွေ) 9:00AM to 5:PM

နေရာ ။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၏ eLearning Center

ပြိုင်ပွဲဝင်များအနေဖြင့် နှစ်ဦးပါဝင်သော အဖွဲ့အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ အပြင်လောကတွင် လက်ရှိ အသုံးပြုနေသော software application တစ်ခု၏ အပိုင်းတစ်ပိုင်းကို ဖြတ်ထုတ်ပြီး လူနှစ်ဦးပါအဖွဲ့ တစ်ရက်စာ ရေးသားယှဉ်ပြိုင်နိုင်ရန် မေးခွန်းထုတ် ယှဉ်ပြိုင်စေမည် ဖြစ်ပါသည်။

မည်သည့် programming language နှင့်မဆို မည်သည့် platform ပေါ်တွင်မဆို ရေးသား ယှဉ်ပြိုင်နိုင်ပါသည်။ ဆုအဖြစ် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်းနှင့် တတိယဆု ကျပ်နှစ်သိန်း ဖြစ်ပါသည်။ MCPA မှ ကြီးမှုးကျင်းပထားသော ယခင် ပြိုင်ပွဲများတွင် ပထမဆု ရပြီးသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။ အသေးစိတ်ကို ထပ်မံ ကြေငြာပေးပါမည်။

Opening of ITPEC- Exam Preparation Course

Title: 
Opening of ITPEC- Exam Preparation Course

ITPEC LOGO

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Information Technology Professional Examination Council (ITPEC) စာမေးပွဲ ပြင်ဆင်မှုသင်တန်း ကို စက်တင်ဘာလ (၁၅) ရက်နေ့ မှ (၂၅) ရက်နေ့အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ အထိဖွင့်လှစ်မည်ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားသူများ အတွက် စာမေးပွဲအထောက်အကူပြု အချက်အလက်များကို အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ နှစ်ပတ်ကြာမြင့်ပါမည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးခန်း အဆောင်(၁)၊ အခန်း (B-11)၊ ဖုန်း-၆၅၂၃၀၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Opening of Member Access Center

Title: 
Opening of Member Access Center

အသင်းသားများအတွက် Member Access Center ကို MCPA မှ စတင် စမ်းသပ် ဖွင့်လှစ်ထားပြီဖြစ်ပါသည်။

Member Access

အသင်းဝင်များ တနင်္ဂနွေမှလွဲ၍ နေ့စဉ် နံနက် ၉နာရီမှာ ညနေ ၄နာရီခွဲအထိ လာရောက်အသုံးပြုနိုင်ကြပါပြီ။

၁) နောက်ဆုံးပေါ် IT related စာအုပ်များ ရှိပါသည်။ စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက် ဖြည့်တင်းပေးနေမည် ဖြစ်ပါသည်။ PC, Byte စသည့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထားရှိပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂) Internet ချိတ်ဆက်ထားသော PC ငါးလုံး ထားရှိပေးထားပါသည်။ အသင်းဝင်များ internet အသုံးပြုနိုင်ပါသည်။ Notebook သယ်လာသူများအတွက်လည်း Wireless network ဖြင့် ဖြစ်စေ၊ Network ကြိုးတပ်၍ဖြစ်စေ လည်း အသုံးပြုနိုင်ပါသည်။

၃) Softcopy E-book များကိုလည်း ယင်း PC များပေါ်တွင် တင်ထားပေးပါသည်။ အလိုရှိသလို ကူးယူသွားနိုင်ပါသည်။

 

e-Commerse Workshop

Title: 
e-Commerse Workshop

Title                : e-Commmerse Status in GMS Countries and challenges for Myanmar    

Date and Time     : 18 Jul 2009, 1PM to 4:00PM

Place                  : Myanmar Infotech Park, Conference Hall

Speakers               :  ဦးသောင်းတင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
                              ဒေါ်ဝါ၀ါထွန်း (ဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း
                              ဦးရဲမြတ်သူ (ဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း-မန္တလေး)
                              ဦးသောင်းစုငြိမ်း (တွဲဖက်အတွင်းရေးမှူး(၂)၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

ယခု e-Commerse Workshop ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ၌ e-Commerse ဆောင်ရွက်လျှက်ရှိသောအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် e-Commerce စတင်အသုံးပြုမည်ဆိုပါက ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အခွင့်အလမ်းများ၊ မည်သည့်အဆင့်များဖြင့် မည်သို့ လုပ်ဆောင်ကြမည် စသည့် issue များကို ဆွေးနွေးပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ှSpeaker များအနေဖြင့် panel discussion ပုံစံဖြင့် အပြန်အလှန်ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်း 652276 သို့ ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။

 

Seminar @ Mandalay, Mon Ywar

Title: 
Seminar @ Mandalay, Mon Ywar

 

 

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ မန္တလေးမြို့နှင့် မုံရွာမြို့တို့တွင် ဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။

 

ဇွန်လ(၂၇)ရက် စနေနေ့ နံနက်၉နာရီတွင် မန္တလေးမြို့ ဆရာဝန်များအသင်းခန်းမတွင် ဟောပြောပွဲပြုလုပ်ကျင်းပရာ ရှေးဦးစွာ မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်းနာယက ဦးသိန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် MCPA မှ အတွင်းရေးမှူး ဦးငြိမ်းဦးမှ ဟောပြောပွဲပြုလုပ်ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။ မိမိတို့ MCPA အနေဖြင့် ၂၀၀၉ခုနှစ်မှစပြီး MCPA အသင်းရုံးခွဲများရှိရာ တိုင်းနှင့်ပြည်နယ်များသို့ အနည်းဆုံးတစ်ခေါက်သွားရောက်ပြီး  ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် အစီအစဉ်ချမှတ်ခဲ့ပါကြောင်းနှင့် ယခုမန္တလေးမြို့သို့ အရင်ဆုံးလာရောက်ခြင်းဖြစ်ပါကြောင်း နောက်နှစ်များတွင်လဲ ယခုကဲ့သို့ လာရောက်ဟောပြောပေးနိုင်အောင် ကြိုးစားမည်ဖြစ်ပါကြောင်းပြောကြားပါသည်။

ထို့နောက်ဟောပြောပွဲကို ကျင်းပရာ တွဲဖက်အတွင်းရေးမှူး ဦးရဲရင့်ဝင်းမှ Software Engineering Process ၊  အလုပ်အမှုဆောင် ဦးဇော်မိုးထွန်းမှ Foundation for Software Development၊ ဦးဝင်းထိန်ဝင်းမှ Learning Programming၊ ဦးထွန်းခိုင် မှ Software Development ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောဆွေးနွေးကြပါသည်။ ပြီးနောက် တက်ရောက်လာသူများမှ မေးမြန်ချက်များကို ဟောပြောသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးကြပါသည်။ ဟောပြောပွဲအစီအစဉ် နေ့လည် ၁၂နာရီတွင်ပြီးဆုံးပါသည်။

 

ဇွန်လ(၂၈)ရက် တနင်္ဂနွေနေ့ နံနက်(၉)နာရီတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ဟောပြောပွဲကို ကျင်းပရာ စစ်ကိုင်းတိုင်း ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဌ ဒေါက်တာမောင်ထူးမှ အဖွင့်အမှာစကာပြောကြားပါသည်။ပြီးနောက် MCPA အတွင်းရေးမှူး ဦးငြိမ်းဦးမှ ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် Way to successful IT professional ခေါင်းစဉ်ဖြင့် ဆက်လက်ဟောပြောဆွေးနွေးပါသည်။ ဆက်လက်၍ ဦးရဲရင့်ဝင်း၊ ဦးဇော်မိုးထွန်း၊ ဦးဝင်းထိန်ဝင်းတို့မှ Software Development, Programming တို့နှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးခြင်း ၊ တက်ရောက်လာသူများမှ မေးမြန်းကြသည်ကို ပြန်လည် ဖြေကြားခြင်း တို့ဆောင်ရွက်ပြီး အခမ်းအနားကို နေ့လည် ၁၂နာရီခွဲတွင် ရုပ်သိမ်းပါသည်။

မန္တလေးနှင့် မုံရွာ မြို့များ၏ ယခုတစ်ခေါက်ဟောပြောပွဲများကို စိတ်ပါဝင်စားကြသော ကွန်ပျူကျောင်းသားကျောင်းသူများ၊ လူငယ်များ အများအပြားတက်ရောက်ကြပါသည်။

 

GMS E-Commerce Workshop @ Kunming

Title: 
GMS E-Commerce Workshop @ Kunming

တရုတ်နိုင်ငံ ကူမင်းတွင်ကျင်းပသော GMS E-Commerce Workshop သို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး(၂) ဦးသောင်းစုငြိမ်းတက်ရောက်

၂၀၀၉ ခုနစ်၊ ဇွန်လ (၃) ရက် မှ (၆) ရက်နေ့ အထိ တရုတ်နိုင်ငံ Kunming တွင် ကျင်းပခဲ့သော GMS E-Commerce Workshopသို့      မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး(၂) ဦးသောင်းစုငြိမ်းတက်ရောက်ခဲ့ပါသည်။               
     

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ဦးသောင်းစုငြိမ်းသည် တွဲဖက်အတွင်းရေးမှူး (၂) အနေဖြင့် လည်းကောင်း ၊ IT စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့်လည်းကောင်း Probe on the E-commerce စာတမ်းတစ်စောင်ကို ၂၀၀၉ ခုနစ် ၊ ဇွန်လ (၅) ရက်နေ့တွင် တက်ရောက်ဖတ်ကြားခဲ့သည်။

 

MCPA Excellence Award 2008

Title: 
MCPA Excellence Award 2008

MCPA Excellence Award ဆိုတာ ဘာလဲ . . . ?

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက
    ၁။ ICT Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်
    ၂။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ICT အသုံးချမှုများ တိုးတက်လာစေရန်
    ၃။ ICT နည်းပညာအသစ်များ ပေါ်ထွန်းလာစေရန် ဟူသော ရည်ရွက်ချက်များဖြင့် ၂၀၀၇ ခုနှစ်မှ စပြီး တစ်နှစ်တစ်ကြိမ် ချီးမြှင့်သည့် ဆုဖြစ်ပါသည်။

ဘယ်လို ရွေးချယ်တာလဲ၊ ဘယ်သူတွေကရွေးချယ်တာလဲ . . . ?

အဆိုပြုလွှာများကို တစ်နှစ်တစ်ကြိမ် လက်ခံပြီး၊ ယင်းအဆိုပြုခံရသူများထဲမှသာ ရွေးချယ်ချီးမြှင့်ပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၏ အလုပ်အမှုဆောင်များက ဆု၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံး အထိုက်တန်ဆုံး တစ်ဆုကို စနစ်တကျ ရွေးချယ်ချီးမြှင့်ပါသည်။

ဆုအတွက် ဘယ်လို အဆိုပြုရမှာလဲ . . . ?

MCPA Excellence Award 2008 ဆုအတွက် အဆိုပြုမည်ဆိုလျှင် -

၁။ လူတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုကို ၄င်းတို့၏ ICT အကျိုးပြုဆောင်ရွက်ချက်များကြောင့် အဆိုပြုနိုင်ပါသည်။
၂။ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချလျှက်ရှိသော ICT Product (Software or Hardware) တစ်ခုအား အဆိုပြုနိုင်ပါသည်။
၃။ ဈေးကွက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ICT Solution တစ်ခုအား အဆိုပြုနိုင်ပါသည်။
၎။ ICT Project (Thesis) တစ်ခုအား အဆိုပြုနိုင်ပါသည်။

မည်သူမဆို အဆိုပြုလွှာပုံစံကို ရယူဖြည့်စွက်၍ (သို့မဟုတ်) စာရွက်အလွတ်တွင် ရေးသား၍၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း ရုံးခန်း (Myanmar Info-tech, Building 4, Room 4, University Campus, Hlaing Township, Yangon, Myanmar. Tel/Fax: 95-1-652276. Email: mcpamm@gmail.com) သို့ ပေးပို့ အဆိုပြုနိုင်ပါသည်။ ထို့အပြင် email ဖြင့်လည်း ဆက်သွယ် အဆိုပြုနိုင်ပါသည်။

အဆိုပြုတဲ့အခါ ဘယ်လို အချက်အလက်တွေ ပါရမလဲ . . . ?

အဆိုပြုလိုသော အဆိုပြုခံ (လူတစ်ဦး / အဖွဲ့အစည်း / Product / Solution / Project) ၏ ၁-အမည်၊ ၂-၄င်း၏ လိပ်စာ၊ ၃-၄င်း၏ ဖုန်းနှင့် email၊ ၄-အဆိုပြုရသောအကြောင်း ရှင်းလင်းချက် စသည့် အချက် ၄ ချက်ကို ဖော်ပြအဆိုပြုသင့်ပါသည်။
ကျန်အချက်များ မသိလျှင်၊ အမည်နှင့် အဆိုပြုရသောအကြောင်း ရှင်းလင်းချက် နှစ်ခုကိုမူ မဖြစ်မနေ ဖော်ပြအဆိုပြုပါ။

ဆုတွေကို ကဏ္ဍခွဲပြီး ချီးမြှင့်မှာလား ဒါမှမဟုတ် ဆု တစ်ဆုတည်းသာ ချီးမြှင့်မှာလား . . . ?

ဆု၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံး အထိုက်တန်ဆုံး တစ်ဆုတည်းသာ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါသည်။

လူတစ်ဦးတည်းမှ အဆိုပြုလွှာ တစ်စောင်ထက်မက ပေးပို့အဆိုပြုနိုင်ပါသလား . . . ?

ပေးပို့ အဆိုပြုနိုင်ပါသည်။

Press Release 1/2009

Title: 
Press Release 1/2009

Press Release 1/2009

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ၂၀၀၉ခုနှစ်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်ပြီး စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲကို  ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ရက်  ညနေ သုံးနာရီတွင် MCPA ရုံးခန်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

စာနယ်ဇင်းတွေ့ဆုံရှင်းလင်းပွဲသို့ Trust, Time to Time, Personal Computer, Myanmar Times, True News Journal, ခေတ်လူငယ် website,  ပြည်မြန်မာ, Internet Journal, Yangon Times, Flower News တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

MCPA အတွင်းရေးမှူးဦးငြိမ်းဦးမှ ရှေးဦးစွာ နှုတ်ခွန်းဆက် စကားပြောကြားပြီး လက်ရှိ MCPA ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းကော်မတီများအကြောင်းကို ရှင်းလင်းပြောကြာပါသည်။ ဆက်လက်ပြီး ပြန်ကြားရေးကော်မတီမှ ဦးထွန်းခိုင်မှ ၂၀၀၉ ခုနှစ်တွင် MCPAမှ ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပါသည်။

စာနယ်ဇင်းများမှ မေးမြန်းချက်များကို သက်ဆိုင်ရာ ကော်မတီဥက္ကဌများမှ အသေးစိတ်ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။

 လုပ်ငန်းအစီအစဉ်များ

၁)တပ်မတော်ခန်းမတွင် ကျင်းပမည့် ICT Exhibition 
   မတ်လအလယ်နှင့် ဧပြီလ ပထမပတ်အတွင်း

၂)MCPA Professional Week
   ဟောပြောပွဲ၊ Developer Forum ၊ ပြိုင်ပွဲ ၊MCPA Excellence Award
   ICT Exhibition ရက်နှင့် မရှေးမနှောင်းတွင် ပြုလုပ်မည်။

၃)MCPA Challenge 2009
   ဆုကြေးငွေ သိန်း၃၀၊ မတ်လမှစတင် ပြီး အောက်တိုဘာလ နှစ်ပတ်လည်တွင်ဆုပေးမည်
   Copy Right ကို MCPA မှယူရန်၊
   တစ်ဦးချင်း၊ ကုမ္ပဏီ၊ အဖွဲ့၊အစိုးရဌာန နှင့် ကျောင်းများကို ပြိုင်ပွဲဝင်ခွင့်ပေးမည်။
   ပြိုင်ပွဲဝင် အားလုံးအသင်းဝင်ဖြစ်ရမည်။

၎)MCPA Member Access Center (MAC) 
   စာအုပ်စာတမ်းများ စဉ်ဆက်မပြတ် ဖြည့်တင်းပေးသွားရန်၊
   လာရောက်သုံစွဲသူအသင်းသားအရေအတွက်များလာသည့်အလျှောက် PC များ ထပ်တိုးပေးရန်

၅)MCPA Lab တည်ထောင်ရန်
   ၂၀၀၉ခုနှစ် ပထမ (၃)လပတ်အတွင်း စတင်ဆောင်ရွက်မည်
   အသင်းသားများ H/W နှင့် Networking ပညာရပ်များ လက်တွေ့ ဆည်းပူးနိုင်ရန်

------------------------------------------------------------------------------------------------------------------

ပညာရေးကော်မတီ
ရန်ကုန်မြို့တွင် တစ်လနှစ်ကြိမ် ဟောပြောပွဲများကို တစ်လ(၂)ကြိမ်၊ Workshopကို (၃)လ တစ်ကြိမ်ခန့် ကျင်းပပေးရန်။
ဟောပြောပွဲအချိန်ဇယားကို တစ်လစာသာ ကြိုတင် ထုတ်ပြန်နိုင်ပါမည်။
နယ်အသင်းများရှိရာ မန္တလေး၊ ဧရာဝတီ၊ ရှမ်း၊ စစ်ကိုင်း၊ မော်လမြိုင် တို့တွင် အနည်းဆုံး တစ်ကြိမ်စီ ဟောပြောပွဲများ ပြုလုပ်ပေးရန်။

နည်းပညာကော်မတီ
ICT နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေး စံများသပ်မှတ်ရန်။ ( ၂၀၀၉ ပထမသုံးလပတ်)
အရည်အသွေး စံများကို ပြည့်မီရန် လိုအပ်သော သင်ကြားရေးဆိုင်ရာ Course ware များနှင့် စစ်ဆေးရေး စာမေးပွဲများ ပြုစုပေးရန် (၂၀၀၉ ဒုတိယသုံးလပတ်)

စာမေးပွဲကော်မတီ
MCPA Exam ကျင်းပပေးရန်     ၂၀၀၉ ဇွန်လ
Japan ITPEC စာမေးပွဲကို နှစ်ကြိမ်ကျင်းပပေးရန်
မတ်လ Professional weekတွင် တစ်ကြိမ်၊ အောက်တိုဘာနှစ်ပတ်လည်တွင် တစ်ကြိမ် ပြိုင်ပွဲကျင်းပရန်

ပြန်ကြားရေးကော်မတီ
MCPA web site ကို ပြုပြင်ရေးသားရန်၊ ပြည်ပ domain name နှင့် hosting ယူပြီး ဆောင်ရွက်ရန်  www.mcpamyanmar.org
Newsletter ကို ၂၀၀၉အတွင်း ၂ကြိမ်ထုတ်ပြန်ရန်

Seminar "Introduction to Application Architecture Guide"

Title: 
Seminar "Introduction to Application Architecture Guide"

Date and Time :  24 Jan 09 (Saturday) 9:30AM to 12:00PM

Place :  ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅)

Speaker : ဦးဇော်မိုးထွန်း  ( Director , Myanmar Information Technology(MIT)

Sponsor : Myanmar Professionals Education Centre(MPEC)

Software တစ်ခုရေးသားရာတွင် မိမိရေးသားမည့် Software ကို Maintainable Reusable ဖြစ်လာအောင် မည်ကဲ့သို့ Layer ခွဲ၍တည်ဆောက်သင့်ကြောင်းဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် Application အမျိုးအစား ပေါ်မူတည်၍ Software Architectureကိုမည်ကဲ့သို့ စဉ်းစားသင့်ကြောင်း ကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ် သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Software Developer များ၊ ကွန်ပျူတာ ပညာလေ့လာနေသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။