Happy New Year 2016

Title: 
Happy New Year 2016

မင်္ဂလာရှိသော 2016 နှစ်သစ်ကူးမှစ၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ဥက္ကဋ္ဌ နှင်. တကွ အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး ပြည်နယ် အသင်း များမှ ကွန်ပျူတာပညာရှင် များ ၊ အသင်းဝင် အသင်းသား များမှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး၊ ဘေးအန္တရာယ်တွေ ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ကောင်းကျိူးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ လုပ်ငန်းဆောင်တာများအောင်မြင် တိုးတက်ပါစေလို.ဆုတောင်းနှုတ်ခွန်းဆက်သလိုက်ပါတယ် MCPA ဲInformation Committee

Category: 

MCPA Certified Network Exam စာမေးပွဲ အောင်စာရင်းထုတ်ပြန်

Title: 
MCPA Certified Network Exam စာမေးပွဲ အောင်စာရင်းထုတ်ပြန်
Category: 

MCPA အသင်းသားများသို့ အသိပေးကြေငြာခြင်း

Title: 
MCPA အသင်းသားများသို့ အသိပေးကြေငြာခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)တွင် Student Member, Associate Member, Professionals Member များအဖြစ် အသင်းဝင်ရောက်ထားကြသူများအနေဖြင့် MCPA ၏ Activity များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ MCPA အသင်းဝင်များအားလုံးမှ မိမိတို့၏ လက်ရှိ ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများ ကို MCPA ရုံးအဖွဲ့၊ MCPA ရုံးခန်း အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၊ ဖုန်း − ၀၁−၆၅၂၂၇၆ ၊ ၀၉− ၇၃၀၈၈၃၀၀၊ email address – office@mcpamyanmar.org သို့ ပေးပို့ပေးပါရန် အကြောင်းကြား အပ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသင်းလှုပ်ရှား ဆောင်ရွက်မှုများကို အသင်းသားများပိုမိုပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ MCPA Facebook စာမျက်နှာ တွင် လာရောက်ဆွေးနွေးနိုင်ပါကြောင်းကိုလည်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ MCPA Member များအနေဖြင့်လည်း မိမိတို့နှင့်နီးစပ်ရာ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များသို့ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြင့် အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် နှိုးဆော်အပ်ပါသည်။

Category: 

“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၆) သင်တန်းဖွင့်လှစ်မည်

Title: 
“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၆) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course (WNE) အမှတ်စဉ် (၁၆) သင်တန်းကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည််ဖြစ်သည်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ Company များ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ Wireless ISP လုပ်ကိုင်လိုသူများ၊ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ စာတွေ့လက်တွေ့သင်ကြားပေး သွားမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ… v Wireless Local Area Network and Smart WLAN Configuration v Cisco Wireless Controller and APs v Ad-host,WLAN (Point to Point, Point to Multipoint, Repeater) v Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long ) v Unifi WiFi Controller Device and Access Point CPE v VLAN Switch (Layer 2) Configuration for WiFi v Mikrotik Cloud Core Router Management v Wireless IP Camera Configuration v Pfsense Hotspot v Firewall VPN Network v Storage Management (Synology) v VOIP Gateway and IP Soft Phones… အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။ သင်တန်းကာလ - ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့မှ မတ်လ (၅) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နေ့လည် ၀၁းဝ၀ နာရီ မှ ၄းဝ၀ နာရီအထိ သင်တန်းကြေး - ၁၅၀,၀၀၀ိ/ (တစ်သိန်းငါးသောင်းကျပ်) MCPA Member (50%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: 

MCPA Certified Network Exam DEC စာမေးပွဲများကို ၂၀-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့

Title: 
MCPA Certified Network Exam DEC စာမေးပွဲများကို ၂၀-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့

MCPA Certified Network Exam စာမေးပွဲကို ၂၀-၁၂-၂၀၁၅ ရက်နေ့တွင် မန္တလေးတိုင်း နှင့် ရန်ကုန်တိုင်း တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးခဲ့ရာ စုစုပေါင်း Network Associate Exam တွင် (၄၁) ယောက်နှင့် Network Professional Exam တွင် (၂၂) ယောက် ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။

Category: 

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

Title: 
MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

သင်တန်းဖွင့်မည့်ရက် - ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁ မှ ၁၃) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၉းဝဝ မှ ညနေ ၄းဝဝ သင်တန်းကြေး - (၂၀,၀၀၀) ကျပ် စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူများသာတက်ရောက်နိုင်ပါသည်။ သင်တန်းဖွင့်လှစ်မည့်နေရာ - Kanaung Hub၊ MICT Park ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် − ၆၅၂၂၇၆/၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: 

MCPA Developer Conference 2015 Yangon ကျင်းပခဲ.

Title: 
MCPA Developer Conference 2015 Yangon ကျင်းပခဲ.

MCPA Developer Conference 2015 Yangon ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁-၂၂ ရက်နေ့များတွင် လှိုင်မြို့နယ် MICT Park တွင် (၂) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ၎င်း ဟောပြောပွဲတွင် ဟောပြောသူပေါင်း (၂၀) ကျော်မှ Mobile, Web, Security, Projectment နှင့် Cloud Area များနှင့် သက်ဆိုင်သည့်ခေါင်းစဉ်များအား အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။

Category: 

ITPEC Exam result Information FE and AP ( 25-10-2015 Exam date)

Title: 
ITPEC Exam result Information FE and AP ( 25-10-2015 Exam date)
Category: 

ITPEC Exam result Information For IP Passport (25-10-2015 Exam date)

Title: 
ITPEC Exam result Information For IP Passport (25-10-2015 Exam date)
Category: 

CakePHP Framework + Professional PHP Intensive သင်တန်းသစ်ဖွင့်လှစ်မည်

Title: 
CakePHP Framework + Professional PHP Intensive သင်တန်းသစ်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ CakePHP Framework + Professional PHP Intensive သင်တန်းတစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Web Developer တယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် PHP Language သည်များစွာ အထောက်အကူပြုပေးနိင်ပါသည်။ ကမ္ဘာပေါ်ရှိ ၇၇% မကသော ဝက်ဘ်ဆိုက်များကို PHP ဖြင့် တည်ဆောက်ထားသည်ကို ကြည့်ခြင်းအားဖြင့် လိုအပ်ချက်ကို မှန်းဆရနိင်မည်ထင်ပါသည်။ သို့ရာတွင် Pure PHP Language တခုတည်းဖြင့် Web Development ပြုလုပ်ရာတွင် အခက်အခဲများစွာရှိပါသည်။ ဥပမာအားဖြင့် User Authentication, Validation အစရှိသည်တို့ကို Pure PHP ဖြင့် လုပ်ဆောင်ရာတွင် အချိန်လွန်စွာ ကြာမြင့်လှပါသည်။ Web Development ကို အောင်မြင်ချင်သူများအနေဖြင့် မဖြစ်မနေ Framework တခုကိုလည်း လေ့လာသင့်ပါသည် ။ ထို့အတွက် ယခုသင်တန်းတွင် CakePHP Framework ကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ CakePHP Framework သည် မသစ်လွန်းခြင်း ၊ မဟောင်းလွန်ခြင်းစသော ကောင်းချက်များရှိပါသည်။ သစ်လွန်းသော Framework များသည် Library နှင့် communtiy ရှားပါးသော ပြဿနာများ ဖြစ်ပေနိုင်ပြီး ၊ ဟောင်းလွန်းသော Framework များသည် လက်ရှိခေတ်ကာလ၏ လိုအပ်ချက်များကို မဖြည့်စီးနိင်ပါ။ CakePHP ကို PHP မတတ်မြောက်ပဲ မလေ့လာ သင့်သောကြောင့် တွဲဆက်ထားခြင်းဖြစ်ပါသည်။ ယခုသင်တန်းတွင် Framework တခုတည်းမဟုတ်ပဲ PHP အခြေခံကိုလည်း သင်ကြားပေးမည်ဖြစ်သဖြင့် များစွာအထောက်အကူပြုမည်ဟု မျှော်လင့်မိပါသည်။ သင်တန်းကာလမှာ (၂) လခန့်သာ ကြာမြင့်မည် ဖြစ်ပါသည်။ အချိန်တိုအတွင်း တက်ရောက်နိုင်သဖြင့် နိင်ငံရပ်ခြားသို့ ပညာတော်သင် သွားရောက်မည့်သူများ ၊ မကြာမှီအလုပ်လုပ်ကိုင်မည့်သူများအတွက် အထူးအဆင်ပြေစေနိုင်ပါသည်။ ယခင် Professional PHP တန်းတက်ရောက်ပြီး စာမကြေသူများလည်း တက်ရောက်နိင်ပါသည်။ သင်တန်းကြေးမှာ အပြင်ထက် အဆပေါင်းများစွာ သက်သာမည်ဖြစ်ပါသည်။ MCPA မှ Member များအတွက်လည်း ပိုမိုသက်သက်သာသာဖြင့် သင်ကြားနိုင်အောင်လည်းပေးထားပါသည်။ အချိန်တိုတောင်းသော Intensive Course သင်တန်းဖြစ်သဖြင့် Web Foundation (HTML, CSS , Javascript) များကို ချန်လှပ်ထားရသဖြင့် အခြေခံမပိုင်သူများ မတက်ရောက်သင့်ပါ။ ယခုသင်တန်းအားပြည်တွင်းနှင့် နိုင်ငံတကာပရောဂျက်အတွေအကြုံရှိသည့် ကိုဝိန်း/ ဦးဝေလင်းထွန်းမှ သင်ကြားပေး မည်ဖြစ်ပါသည်။ ဦးဝေလင်းထွန်းမှာ MCPA ၏ Executive Committee Member တဦးဖြစ်ပြီး လက်ရှိတွင် MWS (Myanmar Web Solution) ကုမ္ပဏီ၏ Managing Director လည်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်မှ M.Sc (Computer Science) ဘွဲ့ရဖြစ်ပါသည်။ ပါဝင်မည့်အကြောင်းအရာများ….. For PHP For CakePHP  Setting up Apache Server Environment  Programming Principals  Working with local/remote MySQL Database  Functions, Conditions, Loops, Variables  INSERT, UPDATE, DELETE, SELECT  Working with Forms  Working with MySQL Database Server Environment  Working with Model-View-Controller (MVC Pattern)  Working with Libraries, Working with Forms  Validation and Error Handling Arrays, Functions, Session  Security, Pagination and Routing  Working with Server Environment, User Authentication သင်တန်းကာလ - နိုဝင်ဘာလ (၂၃) ရက် မှ ဇန်နဝါရီလ (၁၂) ၂၀၁၆ ရက်အထိ သင်တန်းအချိန် - ညနေ ၅း၃၀ မှ ရး၃၀ နာရီ (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) သင်တန်းကြေး - ၁၀၀,၀၀၀ (တစ်သိန်းကျပ်) MCPA Member (၅၀%) - ၅၀,၀၀၀ (ငါးသောင်းကျပ်) သင်တန်းသားဦးရေ - (၂၀) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။

Category: