Developer Conference 2017 Yangon အခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်း

Title: 
Developer Conference 2017 Yangon အခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်း
Photos: 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈ - ၁၉) တွင် Developer Conference 2017 အခမ်းအနားကို MICT Park, Main Building, Conference Hall, Room (205), (203) တို့ ၌ ကျင်းပပြုလုပ်ခဲ့ရာ Speaker နှင့် Co Speaker (၃၇) ဦးတို့မှ ဝင်ရောက်ဟောပြောခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက် နံနက် (၉) နာရီမှ (၁၀) နာရီအထိ Conference Hall တွင် ပြုလုပ်ခဲ့ရာ Developer Conference ကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသောင်းစုငြိမ်းက Software Industry Update နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Myanmar Certified Training Centers (MCTC) တို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

Category: 

Developer Conference 2017 Tickets are available now.

Title: 
Developer Conference 2017 Tickets are available now.
Photos: 

Developer Conference 2017 Tickets များကို အောက်ပါလက်မှတ်အရောင်းစင်တာများတွင် ယခုအချိန်မှစ၍ ဝယ်ယူရရှိနိုင်ပါကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။

Category: 

ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနား

Title: 
ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနား
Photos: 

ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီ မှ (၃)နာရီအထိ ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ စာရင်းစစ် ဦးကျော်သူရအောင်မှ "Web Development Technologies & Job Opportunities (Local & Abroad) ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။

Category: 

July 30, 2017 (Sunday) Sedona Hotel Grand Ballroom တွင် ကျင်းပမည့် JobNet IT & Tech Career Expo

Title: 
July 30, 2017 (Sunday) Sedona Hotel Grand Ballroom တွင် ကျင်းပမည့် JobNet IT & Tech Career Expo
Photos: 

**Insights into the Future of IT in Myanmar**
**Meet Industry Experts and Top Companies**
**Advance your Career**
MCPA supports this event and if you come you will have a chance to meet and listen to the advice of
our experienced senior members:
- U Nyein Oo - Vice President
- U Min Aung Kyaw - Executive Committee
- U Ravi - Secretary
You will have the chance to gain access to employers seeking talented candidates in most areas,
ranging from Computer and Information Systems, IT Systems, Network Management, Programming,
Web Administration, and everything in between.
Find the FULL AGENDA and Register at https://www.jobnet.com.mm/tech-career- expo and join us
shape the future of Tech and IT in Myanmar.
July 30, 2017 (Sunday) Sedona Hotel Grand Ballroom တွင် ကျင်းပမည့် JobNet IT & Tech Career Expo ကို လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။
ပွဲတွင် Programming, Network Management, IT Systems အစရှိသည့် နယ်ပယ်များမှ IT ပညာရှင်များကို အလုပ်ခေါ်ယူသွားမည့်အပြင် ဝါရင့်ဆရာကြီးများ၏ ဟောပြောပွဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။
ပွဲအကြောင်း အသေးစိတ်အချက်အလက်များနှင့် Preregister လုပ်ရန်အတွက် https://www.jobnet.com.mm/tech-career-expo ဝင်ရောက်နိုင်ပါသည်။
#Zawgyi
**Insights into the Future of IT in Myanmar**
**Meet Industry Experts and Top Companies**
**Advance your Career**
MCPA supports this event and if you come you will have a chance to meet and listen to the advice of
our experienced senior members:
- U Nyein Oo - Vice President
- U Min Aung Kyaw - Executive Committee
- U Ravi - Secretary
You will have the chance to gain access to employers seeking talented candidates in most areas,
ranging from Computer and Information Systems, IT Systems, Network Management, Programming,
Web Administration, and everything in between.
Find the FULL AGENDA and Register at https://www.jobnet.com.mm/tech-career- expo and join us
shape the future of Tech and IT in Myanmar.

Category: 

ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားသတင္း

Title: 
ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားသတင္း
Photos: 

ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီ မှ (၄)နာရီအထိ ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စာမေးပွဲကော်မတီဉက္ကဋ္ဌဦးအောင်ဇော်မြင့် မှ "Today Networking And Vital Of Infosec" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးကော်မတီဉက္ကဋ္ဌဦးဝေလင်းထွန်းမှ " IT Technologies & Business Usages" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။

Category: 

2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည့်သတင်း

Title: 
2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည့်သတင်း
Photos: 




#MCPA
#Event
#Expo
#JobNet

Category: 

2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည္

Title: 
2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည္

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် ၊ တနင်္ဂနွေနေ့တွင် Job Net မှ ကြီးမှူး၍ Sedona Hotel တွင် ကျင်းပပြုလုပ်မည့် 2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည်ဖြစ်ပါသည်။ Panel (၄) ခု အစီအစဉ်တွင် MCPA ၏အလုပ်အမှုဆောင်များမှ ပါဝင်ဆွေးနွေး ဟောပြောပေးသွားမည်ဖြစ်ပါသည်။

MCPA မှ Booth ရှိမည်ဖြစ်ပြီး အဆိုပါ Booth တွင် Member Service Desk ထားရှိ၍ အသင်းဝင်လက်ခံခြင်း၊ MCPA Professional Series စာအုပ်များရောင်းပေးခြင်း နှင့် အသင်းသားနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါသည်။

Category: 

ရန်ကုန်တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာန နှင့်ဒဂုံတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသား၊ကေျာင်းသူများ၏ Industry Tour သွားရောက်လေ့လာခြင်း

Title: 
ရန်ကုန်တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာန နှင့်ဒဂုံတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသား၊ကေျာင်းသူများ၏ Industry Tour သွားရောက်လေ့လာခြင်း
Photos: 

၂၀၁၇ ခုနှစ်၊ ဇူလိုင် (၁၄) ရက် သောကြာနေ့ နံနက် (၉:၃၀) နာရီမှ နေ့လယ် (၁:၀၀) နာရီအထိ ရန်ကုန်တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှ တတိယနှစ်၊ စတုတ္ထနှစ် ကျောင်းသား/ ကျောင်းသူ (၃၆) ဦးနှင့် ဒဂုံတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှ တတိယနှစ်၊ နောက်ဆုံးနှစ် ကျောင်းသား/ ကျောင်းသူ (၃၀) ဦးတို့အား MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေရှိ ACE Data Systems Co.,Ltd , Yadanarpon Teleport, Kanaung Hub, Kernellix Pte.,Ltd, NetScriper Web Design Company များသို့ Industry Tour လေ့လာရေး သွားရောက်ခဲ့ကြပါသည်။

Category: 

Bsides Myanmar Information Security Conference 2017 Yangon

Title: 
Bsides Myanmar Information Security Conference 2017 Yangon
Photos: 

သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ Besides Myanmar 2017 (Information Security Conference) ဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ(၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၉)နာရီမှ ညနေ (၅:၃၀)အထိ Conference Hall, Main Building, MICT Park တွင် ကျင်းပြုလုပ်ခဲ့ရာ 
-Exploit Development ( kernel,browser,app,...)
- Reverse Engineering 
- Adv wireless attack research/demo (3g,4g,802.11(x)) 
- IoT security research/exploitation 
- Smart Devices and Smart Card Hacking
- Mobile arm security research/exploitation
- Bring your own Tool ( Showcase / Release )
- Incident Response and Attack Analysis
- Malware Analysis
- Real World Hack ( BugBounty/CVE/HallofFame )
- Web application Attack 
- Mobile Applications Attack 
- Thick Client Applications Attack 
 အစရှိသည့် အကြောင်းအရာများနှင့် ဆွေးနွေးဟောပြောပေးခဲ့ပြီး၊ စိတ်ပါဝင်စားသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Category: 

Petya/NotPetya နှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ထုတ်ပြန်သော သတိပေးအကြံပြုချက် ၂/၂၀၁၇

Title: 
Petya/NotPetya နှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ထုတ်ပြန်သော သတိပေးအကြံပြုချက် ၂/၂၀၁၇
Photos: 

Petya/NotPetya နှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ�ထုတ်ပြန်သော သတိပေးအကြံပြုချက် ၂/၂၀၁၇

၂၉ ဇွန် ၂၀၁၇

 

MCPA’s Advisory on Petya/NotPetya Ransomware

Petya/NotPetya အမည်ရ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုသည် Microsoft Windows စနစ်များကို ဦးတည် တိုက်ခိုက်လျက် ရှိပါသည်။ တိုက်ခိုက်ခံရပါက မိမိ၏ ဖိုင်များကို သာမန် ကြည့်ရှု သုံးစွဲခွင့် မပြုနိုင်တော့ရန် encrypt လုပ်ကာ သိမ်းဆည်းခြင်း၊ သို့မဟုတ် ဖျက်ဆီးခံရပြီး (wipe) စနစ်တစ်ခုလုံး သုံးစွဲခြင်း မရနိုင်ရန် အထိ ဖြစ်သွားနိုင်ပါသည်။ ယခုအချိန်တွင် encrypt / wipe လုပ်ခံရသော ဖိုင်များကို ပြန်ရရန် နည်းလမ်း မရှိသေးပါ။

 

How it spreads

ထို malware သည် စက်၏ credentials များ (User IDs, Passwords) ကို ထုတ်ယူကာ Microsoft system management tools များဖြစ်သည့် WMI နှင့် PSEXEC တို့ကို သုံးစွဲကာ ချိတ်ဆက်ထားသည့် Microsoft Windows Networks များသို့ ဆက်လက် ပျံ့နှံ့စေပါသည်။

 

Petya/NotPetya

MS17-010 vulnerabilities များမှ ကာကွယ် ပေးသည့် patch များကို ထည့်သွင်းထားရမည် ဖြစ်ပါသည်။

မယုံကြည်ရသော စက်များမှ TCP/445 traffic များကို network / host-based firewalls များဖြင့် ပိတ်ဆို့ပါ။ ဖြစ်နိုင်ပါက Internet-facing Windows စက်များ အားလုံးထံ 445 inbound တားမြစ်ပါ။

SMBv1, WMI, PsExec များကို သင်၏ Network အတွင်း တားမြစ်ထားရန် စဉ်းစားပါ။

 

Protect Yourself

ကွန်ပျူတာ သုံးစွဲသူများသည် အောက်ပါများကို အမြဲလိုက်နာသင့်ပါသည်။

Security Patches and Regular Updates - လုံခြုံရေးဆိုင်ရာ Security Patch များနှင့် ကွန်ပျူတာ OS များကို အစဉ်အမြဲ update ပြုလုပ်ခြင်း

Regular Backups - မိမိတို့ ကွန်ပျူတာ ဖိုင်များကို အခြား လုံခြံုစိတ်ချရသော တစ် နေရာတွင် အရန်အဖြစ် သိမ်းဆည်းခြင်း

Security software - မိမိတို့ anti-virus ဆော့ဖ်ဝဲများကို အမြဲ update လုပ်နေခြင်း၊ anti-malware, anti-ransomware စွမ်းဆောင်ချက်များ ပါဝင်သည့် security software များ တပ်ဆင်ခြင်း

Beware Phishing - မည်သူမှန်း မသိပါက သို့မဟုတ် သိကျွမ်းသူ ဖြစ်သော်လည်း ပုံမှန် မဟုတ်သည့် ဖိုင်များ ပေးပို့လာပါက နှိပ်ဖွင့် ခြင်းမှ ရှောင်ကြဉ်ခြင်း

 

Other References

Myanmar CERT ၏ သတိပေးကြေညာချက် (မြန်မာဘာသာ) (www.mmcert.org.mm/node/328)

SecureList (https://securelist.com/schroedingers-petya/78870/)

Malware Bytes (https://blog.malwarebytes.com/cybercrime/2017/06/petya-esque-ransomware-is-spreading-across-the-world/)

New Zealand CERT (https://www.cert.govt.nz/it-specialists/advisories/advisory/new-petya-ransomware-threat)

MCPA website (www.mcpamyanmar.org)

MCPA Advisory in PDF (http://tinyurl.com/MCPA-Advisory-2)

Category: