ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားသတင္း

ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန) မှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီ မှ (၄)နာရီအထိ ရန်ကုန်တက္ကသိုလ် (ကွန်ပျူတာသိပ္ပံဌာန)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စာမေးပွဲကော်မတီဉက္ကဋ္ဌဦးအောင်ဇော်မြင့် မှ "Today Networking And Vital Of Infosec" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးကော်မတီဉက္ကဋ္ဌဦးဝေလင်းထွန်းမှ " IT Technologies & Business Usages" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။

Category: