"MCPA Professional Series # 5 ဖြစ်သော “Fundamental Windows and Linux Command Line” စာအုပ်မိတ်ဆက်ပွဲနှင့် “Powerful Windows Command Line” & “Essential Linux Command Line” ဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁) ရက်၊ စနေနေ့ နေ့လယ် (၂:ဝ၀ မှ ၅:ဝ၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အခန်း (၂၀၅) တွင် အသင်းသားများ၊ ကျောင်းသူ ကျောင်းသားများ၊ ကွန်ပျူတာပညာရပ်ကို လေ့လာလိုက်စားသူများ သိရှိစေရန် ရည်ရွယ်၍ စီစဉ်ထုတ်ဝေသည့် “ MCPA Professional Series” ၏ အမှတ်စဉ်(၅) စာရေးဆရာ ဦးရဲမျိုးသူ ရေးသားသည့် “Fundamental Windows and Linux Command Line” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ စာအုပ်များကို ဆိုင်များသို့ ဖြန့်ဝေရောင်းချလျက်ရှိပြီး စိတ်ဝင်စားသူများအား ဦးရဲမျိုးသူမှ လက်မှတ်ရေးထိုး ရောင်းချပေးမည် ဖြစ်ပါသည်။ 
စာအုပ်မိတ်ဆက်ပွဲနှင့်အတူ နည်းပညာဟောပြောပွဲကိုလည်း ပူးတွဲကျင်းပပေးမည်ဖြစ်ပြီး စာရေးသူ ဦးရဲမျိုးသူမှ ယနေ့ Operating System များတွင် Technician များ အသုံးပြုရလေ့ရှိသည့် Command Line များ၏ အရေးပါပုံနှင့် စွမ်းဆောင်ရည်မြင့်မားပုံများကို အဓိကထားဟောပြောမည့် “Powerful Windows Command Line” ခေါင်းစဉ်နှင့် ဦးရဲလင်းအောင် (Red Hat Myanmar) မှ Open Source Operating System ဖြစ်သော Linux OS များတွင် မဖြစ်မနေအသုံးပြုရမည့် သိသင့်သိထိုက်သော Command များအကြောင်းကို ဟောပြောမည့် “Essential Linux Command Line” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးဟောပြောပေးသွားမည် ဖြစ်ပါသည်။ 
အဆိုပါ ဟောပြောပွဲသို့ ကွန်ပျူတာပညာရပ်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ နှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ အသင်းသူ၊ အသင်းသားများ၊ ICT နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၊ ဖုန်း − ဝ၁−၆၅၂၂၇၆၊ ဝ၉−၇၃၀၈၈၃၀ဝ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ 
 

Category: