မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၉) ရက် (ကြာသပတေးနေ့) တွင်“Trends and Patterns in the Data Economy” ခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၉) ရက် (ကြာသပတေးနေ့) နံနက် (၁၀:ဝ၀ မှ ၁၂:ဝ၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း(၂၀၅) တွင် Think Blue Data (TBD) မှ CEO Mr. Paul Janecek မှ “Trends and Patterns in the Data Economy” ခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲ၌ ယနေ့မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နည်းပညာကဏ္ဍသည် စဉ်ဆက်မပြတ် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေပါသည်။ ထိုသို့ ပြောင်းလဲတိုးတက်နေသော သတင်းအချက်အလက် ပညာရပ်များကို စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုခြင်းဖြင့် လုပ်ငန်းများပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက် အောင်မြင်နိုင်သည့် အခွင့်အလမ်းများပေါ်ပေါက်လာနိုင်ပါသည်။ ယခုအခါ ပြောင်းလဲလာသော သတင်း အချက်အလက် နည်းပညာရပ်များ Data Exploration, Visualization, Decision Support, Mining, Big Data, IoT ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်စေရန် ဟောပြောမည်ဖြစ်ပါသည်။  အောက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပေးမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲသို့ ကွန်ပျူတာပညာရပ်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ အသင်းသူ၊ အသင်းသားများ၊ ICT နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၊ ဖုန်း − ဝ၁−၆၅၂၂၇၆၊ ဝ၉−၇၃၀၈၈၃၀ဝ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ 
 

Category: