ပဲခူးတိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းမှကြီးမှူးကျင်းပသော အသင်းသားစုံညီအခမ်းအနားနှင့် နည်းပညာဟောပြောပွဲအခမ်းအနားပြုလုပ်ခဲ့ခြင်း

ပဲခူးတိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းမှကြီးမှူး၍ ကွန်ပျုတာတက္ကသိုလ်(ပြည်)၌ (၂၃.၆.၂၀၁၇) သောကြာနေ့တွင် ကျင်းပခဲ့သော အသင်းသားစုံညီအခမ်းအနားနှင့် နည်းပညာဟောပြောပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းမှ ဒုတိယဉက္ကဌ(၁) ဦးထွန်းခိုင်၊အတွင်းရေးမှူး ဦးမင်းဦး၊ စာမေးပွဲကော်မတီဉက္ကဌ ဦးအောင်ဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်း အတွင်းရေးမှူး ဦးရာဝီ တို့မှဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းအလုပ်အမှုဆောင်များ၊ ကွန်ပျုတာတက္ကသိုလ်(ပြည်)မှ တာဝန်ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

Category: