Developer Conference 2016 Yangon အတွက် Volunteer ဖိတ်ခေါ်ခြင်း

        DevCon Yangon -2016  အတွက် Volunteer များဖိတ်ခေါ်ခြင်း။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် Developer Conference 2016 – Yangon  ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၇-၁၈) ရက်နေ့များတွင် လှိုင်မြို့နယ်၊ MICT Park ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပွဲအခမ်းအနားအတွက် လိုအပ်သည်များအား ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရန် Volunteer များလိုအပ်လျက်ရှိရာ MCPA အသင်းဝင်သော်လည်းကောင်း၊ အသင်းဝင်မဟုတ်သည့် မိတ်ဆွေသူငယ်ချင်းများမှသော်လည်းကောင်း ပါဝင်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်လျက်ရှိပါသည်။

စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်း ၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀ ၈၈၃၀၀၊ အီးမေးလ် - office@mcpamyanmar.org သို့ (၁၀-၁၂-၂၀၁၆) နေ့ ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးစေလိုပါသည်။