မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ အလုပ်အမှုဆောင် ရွေးကောက်ပွဲအတွက်အသင်းသားများမှမဲပေးနိုင်

သူငယ်ချင်းတို့ရေ MCPA ရဲ့ရွေးကောက်ပွဲလာပါပြီ။ ကိုယ်တိုင်ပဲ အလုပ်အမူဆောင်အဖြစ် ရွေးကောက်ခံမလား ။ ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမလား ။ အခုအခွင့်အရေးရှိလာပါပြီ။

MCPA ရဲ့ လုပ်ငန်းဆောင်တာတွေကို အားမရဘူးလား ။ ကိုယ်တိုင် ထိထိရောက်ရောက်ပါဝင်ချင်သလား အသဲကြားက မဲတပြားနဲ့ အခုပဲရွေးချယ်လိုက်ပါ။

၁။AM, PM, FM, HM member မည်သူမဆို အလုပ်အမှုဆောင် အဆိုပြုလွှာပေးပို့နိင်ပါသည် ။ နှစ်စဉ်ကြေး အကြေအလည်ပေးသွင်းပြီးသူ တော့ဖြစ်ရပါမယ်။

၂။ မဲပေးရန်အတွက်
http://www.mcpa.pro လင့်သို့သွားပြီး စာရင်းပေးသွင်းနိင်ပါသည်။. အွန်လိုင်းမှာဖြည့်လိုက်ပါ ။

မဲပေးမည့် မည့်သည့်အသင်းသားမဆို နှစ်စဉ်ကြေး ပေးသွင်းရန်ကျန်ရှိပါက ပေးသွင်းရန်တော့လိုအပ်တာပေါ့နော်။
အသင်းရုံးမှ အချက်အလက်များစီစစ်ပြီး မဲပေးရမည့်အချက်အလက်များအား ပြန်လည်ပေးပို့မည်။ စစ်ပေးမယ် ဖုန်းပြန်ခေါ်ပေးမယ်နော်

၃။ မဲပေးခြင်း
တိုင်း/ပြည်နယ်အသင်းများအတွက် သတ်မှတ်ရက်များအတွင်း online voting မဲပေးရန်။
ရွေးကောက်ပွဲကျင်းပမည့်နေ့ နံနက် (၁၁)နာရီ မတိုင်မီတော့ မဲပေးရန်လိုအပ်ပါတယ်။