Developer Conference 2016 Yangon စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း

           မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၇ − ၁၈) တွင် MICT Park ၌ကျင်းပပြုလုပ်မည့် Developer Conference 2016 အခမ်းအနားအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို (၂၃ − ၁၁ − ၂၀၁၆) ဗုဒ္ဓဟူးနေ့ နေ့လယ်(၁း၀၀) နာရီတွင် အစည်းအဝေးခန်း(၃)၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၌ ပြုလုပ်ခဲ့ရာ Developer Conference ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ အတွင်းရေးမှူး ဦးဇော်မိုးထွန်းနှင့် အဖွဲ့ဝင် ဦးဇော်ဝင်းထွန်းတို့မှ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။