"Windows Server Basics Short Course" အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် infinity Information Development (iID) တို့မှ ကြီးမှုး၍ IT (Infrastructure) ပိုင်းဆိုင်ရာ Microsoft Windows Server Basics သင်တန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းကို Microsoft Windows Server အကြောင်း စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင် ပါသည်။

သင်တန်းပြီးဆုံးပါက Microsoft Windows Server ကို အခြေခံသိရှိနားလည်ပြီး Server တစ်လုံး၏ လုပ်ငန်း ဆောင်တာများကို  သိရှိသွားမည်ဖြစ်သည်။ ထို့အပြင် ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်များနှင့် ကုမ္ပဏီတစ်ခုတွင် မရှိမဖြစ် လိုအပ်သော Windows Server Services များကို စနစ်တကျ သိရှိနားလည်ပြီး အသုံးချနိုင်မည်ဖြစ်သည်။

Course တွင် ပါဝင်မည့် အကြောင်းအရာများမှာ −

• Microsoft Windows Operating System

• Network Operating System Basic

• Microsoft Windows Network

• Storage Technologies

• File Systems

• Remote Desktop

• File / Folder Permission

• Domain Name System

• Dynamic Host Controller Protocol

• IIS Local Web Server

• Basic Active Directory Domain Service

• Exam

သင်တန်းကာလ                - ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်အထိ  

  (စနေ၊တနင်္ဂနွေ)

သင်တန်းအချိန်                 -  နေ့လယ် ၀၁းဝဝ နာရီ မှ ညနေ ၀၅းဝဝ နာရီအထိ  

စုစုပေါင်းနာရီ                   - ၃၀ နာရီ 

သင်တန်းကြေး                  -  ၄၀,၀၀၀ိ/ ( လေးသောင်းကျပ်တိတိ)

                                         -  ၂၀,၀၀၀ (နှစ်သောင်းကျပ်တိတိ) MCPA Member (50% Discount)

 

 

သင်တန်းသားဦးရေ           -  (၂၅) ဦး        

သင်တန်းဆရာ                  - ဦးဉာဏ်လင်းထက်

သင်တန်းနေရာ                 - အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါ က မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

(မှတ်ချက်။           သင်တန်းတက်ရောက်သူများအနေနှင့် မိမိ၏ကိုယ်ပိုင် Notebook (သို့) Laptop ကို ယူဆောင်လာရပါမည်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည် မဟုတ်ပါ။)

 

Category: