MCPA ICT နည်းပညာ ပညာပေး ဟောပြောဆွေးနွေးခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို
အ.ထ.က (၃) မြောက်ဥက္ကလာ​ကျောင်းသို့ (၂၂-၁၁-၂၀၁၆) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ မြောက်ဥက္ကလာ ပညာရေးမှူးရုံးမှ တာဝန်ရှိသူ (၁) ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း  အတွင်းရေးမှူး ဦးအောင်စိုးမိုး နှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွန်း တို့က ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အသုံးချမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဟောပြောဆွေးနွေးခဲ့ကြပါသည်။

Category: