မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ ပြည်နယ် အသင်းများမှ အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

၁။        ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် စသည့် ကွန်ပျူတာ ပညာရှင် အသင်းများတွင် ၂၀၁၆-၂၀၁၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့အား ရွေးကောက် တင်ေမြှာက်၍ ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။

၂။         တိုင်းဒေသကြီး/ ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုသူ များသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများဖြစ်ရပါမည်။

            (က)     ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ (၃၀) ရက်တွင် အသင်း၀င်သက်တမ်း (၁) လနှင့် အထက်ရှိသူ

                      ဖြစ်ရမည်။

            (ခ)       အဆိုပြုသည့်နေ့တွင် အသင်း၀င်နှစ်စဉ်ကြေးများအား ပေးသွင်းပြီးသူ ြဖစ်ရမည်။

            (ဂ)       အသင်း၀င်အဆင့်သည် Associate Member (သို့) Professional Member (သို့)

                       Fellow Member အဆင့်ရှိသူ ြဖစ်ရမည်။

            (ဃ)     အသင်း၏ လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ဦးဆောင်ပါ၀င်ဆောင်ရွက်နိုင်သူ ဖြစ်ရ မည်။

            (င)       အသင်းမှ ချမှတ်ထားသော မူ၀ါဒ၊ ေရှ့လုပ်ငန်းစဉ်နှင့်

                       အကောင်အထည်ေဖာ်မှုများတွင်တွးခေါ် ကြံဆ အကြံပြု ဆွေးနွေး

                       ဦးဆောင်နိုင်သူ ဖြစ်ရမည်။

            (စ)       အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှ အခါအားလျော်စွာပေးအပ်သော

                       တာ၀န်ဝတ္တရား များကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၃။        သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော အသင်းသားများသည် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂) ပုံနှင့် မှန်ကန်ြပည့်စုံစွာ ဖြည့်စွက်ပြီး ကိုယ်တိုင်လက်မှတ်ေရးထိုးထားသော ဆန္ဒပြုလွှာတို့အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ညနေ (၃) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အီးမေးလ်-office@mcpamyanmar.org, ဖုန်း-၀၁ ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀ များနှင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဆန္ဒပြုလွှာများ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(ဆန္ဒပြုလွှာများကို www.mcpamyanmar.org တွင် download ရယူနိုင်ပါသည်။)

 

ရွေးကောက်ပွဲပြုလုပ်မည့်ရက်များ

၂၁-၁၂-၂၀၁၆ (ဗုဒ္ဓဟူးနေ့)          -           ရန်ကုန်တိုင်းဒေသကြီး (၀၁-၆၅၂၂၇၆, ၀၉ ၅၀ ၆၇၁၆၃)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           မန္တလေးတိုင်းဒေသကြီး (၀၂-၆၉၃၁၃, ၀၉-၇၉၇ ၇၇၇ ၂၉၆)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           ဧရာဝတီတိုင်းဒေသကြီး (၀၉-၄၂၂ ၅၁၅ ၇၀၃, ၀၉-၄၅၁ ၂၃၆ ၅၃၇)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           စစ်ကိုင်းတိုင်းဒေသကြီး (၀၉-၄၀၀ ၄၀၁ ၉၄၈, ၀၉-၄၀၀ ၄၅၄ ၅၂၃)

၀၉-၁၂-၂၀၁၆ (သောကြာနေ့)     -            မွန်ပြည်နယ်                 (၀၉-၇၉၂ ၃၆၀ ၂၈၃, ၀၉-၄၃၀ ၀၄၇၈၀)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           ပဲခူးတိုင်းဒေသကြီး       (၀၉-၅၃၀၀ ၆၆၃, ၀၉-၄၂၈ ၁၉၈ ၁၂၂,

                                                                                       ၀၉-၅၃၁၁၀၈၅)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           မကွေးတိုင်းဒေသကြီး    (၀၉-၅၃၄ ၃၁၆၆, ၀၉-၅၃၄ ၁၁၅၀)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           ကရင်ပြည်နယ်             (၀၉-၅၆၆ ၁၉၈၉, ၀၉-၅၁၃ ၆၄၁၇)

Category: