“Linux Fundamental to Professionals” အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ IT နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Linux Fundamental to Professionals သင်တန်းကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည််ဖြစ်သည်။ သင်တန်းအား အခြေခံမှစတင်သင်ကြားပေးမည်ဖြစ်သဖြင့် Linux အခြေခံ သိထားသူများနှင့် အခြေခံမရှိသူများပါ တက်ရောက်နိုုင်မည် ဖြစ်သည်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပကုမ္ပဏီများတွင် Network Administrator အဖြစ်အလုပ်လုပ်လိုသူများ၊ IT ကျောင်းသူ ကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်းတက်ရောက်ခြင်းအားဖြင့် Linux Platform အား Basic မှ စတင်ပြီး Professional တစ်ယောက်ဖြစ်သည်အထိ သင်ကြားလေ့လာရမည်ဖြစ်သည်။ သင်တန်းပြီးဆုုံုးပါက Linux Administrator တစ်ယောက်အဖြစ် ရပ်တည်နိုုင်မည် ဖြစ်ပြီး Linux Server ပိုုင်းအား ကျွမ်းကျင်ပိုုင်နိုုင်စွာ ကိုုင်တွယ်နိုုင်မည်ဖြစ်သည်။ Linux Command Lines များအား ပုုိင်နိုုင်စွာ အသုုံးပြုနိုုင်ပြီး Script များအား ကိုု်ယ်တိုုင်ရေးသားနိုုင်သည်အထိ သင်ကြားပေးနိုုင်မည်ဖြစ်သည်။ Linux System ပိုင်းသာမက Programming အခြေခံနှင့် MySQL Database တို့ပါ သင်ကြားပေးမည်ဖြစ်သဖြင့် အထူးတက်ရောက်သင့်ပါသည်။ သင်တန်းတွင် CentOS နှင့် Kali Linux ကို အခြေခံပြီး သင်ကြားပေးမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ…….. • Linux System Architecture • Linux Installation and Package Management • GNU and Unix Commands • Devices, Linux File systems, File system Hierarchy Standard • Shells, Scripting and Data Management • Interfaces and Desktops • Administrative Tasks, MySQL Basic • Essential System Services • Networking Fundamentals • Server Installation (Web, Mail, DNS, DHCP, Samba, Print, Failover, Load balancing) • Security (Snort, Suricata)…..အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။ သင်တန်းတက်ရောက်ပြီးဆုံးပါက နိုင်ငံတကာ အသိအမှတ်ပြု CompTIA Linux +, LPI, Novel Linux Exam များကို ကိုယ်တိုင်ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ သင်တန်းကာလ - ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှ စက်တင်ဘာ (၂၅) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၀၉းဝ၀ နာရီ မှ ၁၁းဝ၀ နာရီအထိ သင်တန်းကြေး - ၃၀၀,၀၀၀ိ/ (သုံးသိန်းကျပ်) MCPA Member (50%) - ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၁၄)၊ (၃) လွှာ၊ MCPA LAB ROOM (2), MICT Park၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: