"Hardware (A+) and System Troubleshooting" သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Hardware (A+) and System Troubleshooting နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ Hardware အား အခြေခံကျကျ သိရှိလိုသော လုပ်ငန်းခွင်ဝင်ရောက် Technician များ၊ MCPA Member များအတွက် သင်တန်းကို ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ (၉) ရက်နေ့မှစ၍ နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ ယနေ့ IT Environment တွင် ကျွမ်းကျင်သော Hardware Engineer များ ပေါ်ထွက်လာရေးနှင့် System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်သော IT Technician များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။ ဤသင်တန်းအား အခြေခံကွန်ပျူတာအသုံးပြုတတ်သူများနှင့် Hardware ပိုင်းကို အခြေခံပိုင်နိုင်လိုသူများ တက်ရောက်နိုင်ပြီး၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် Hardware ပိုင်းကို အခြေခံကျနစွာ ကျွမ်းကျင်နိုင်မှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်သည်။ Content Overview – “ံHardware (A+) and System Troubleshooting” • Introduction to Computer System • Essential Hardware Components • Operating System Technologies • Installation and Configuration Microsoft Windows OS • Device Drivers & Third party application • System Maintenance • System Tweaking with Group Policy • Mastering System with Registry • Command Line Usage • Data Recovery • Linux OS Installation • Linux application package management • System Security • Fundamental Reverse Engineering • Workgroup Level Setup • Troubleshooting • Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking သင်တန်းကာလ - ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက် မှ စက်တင်ဘာလ (၄) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၀၉းဝ၀ နာရီ မှ ၁၁းဝ၀ နာရီအထိ သင်တန်းကြေး - ၂၀၀,၀၀၀ိ/ ( နှစ်သိန်းကျပ်တိတိ) MCPA Member (50%) - ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ) သင်တန်းသားဦးရေ - (၂၀) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃ဝဝသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။ (မှတ်ချက်။ အတန်းတက်ချိန်ရ၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)

Category: