မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု Networking စာမေးပွဲကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေး သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသောကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသောစာမေးပွဲများဖြစ်သည်။ အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သောအသိပညာများနှင့် ကျွမ်းကျင်မှုများကိုဦးတည်စစ်ဆေးသောစာမေးပွဲဖြစ်သည်နှင့်အညီစာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။ • စာမေးပွဲအမျိုးအစား - Network Associate Examination (NA) • စာမေးပွဲကျင်းပမည့်နေ့ - ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) • စာမေးပွဲပြုလုပ်မည့်အချိန် - နံနက် (၉းဝဝ) နာရီမှ နေ့လယ် (၁၂းဝဝ) နာရီအထိ • နောက်ဆုံးစာရင်းပေးရမည့်နေ့ - ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၁၆) ရက် (ကြာသပတေနေ့) • စာမေးပွဲကြေး - NA Exam Fee - ၂၀၀၀၀ ကျပ် (MCPA အသင်းဝင်များအား ၅ဝ% Discount ရရှိပါမည်။) • ကျင်းပမည့်နေရာ - Room 203, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်။ * * * * * * * MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့််လှစ်မည် သင်တန်းဖွင့်မည့်ရက် - ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၃၊ ၄၊ ၅) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၉းဝဝ မှ ညနေ ၄းဝဝ သင်တန်းကြေး - (၂၀,၀၀၀) ကျပ် စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူများသာတက်ရောက်နိုင်ပါသည်။ သင်တန်းဖွင့်လှစ်မည့်နေရာ - အဆောင် (၁၄)၊ Kanaung Hub, MICT Park ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် − ၆၅၂၂၇၆/၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: