ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ အခြေခံပညာ အထက်တန်းကျောင်းများ တွင် နည်းပညာ ဟောပြောပွဲကျင်းပခဲ့

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ပံ့ပိုးကူညီမှုဖြင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို(၁၁-၁-၂၀၁၆ မှ ၁၄-၁-၂၀၁၆) ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်များ ရှိ အ.ထ.က သုဝဏ္ဏ၊ အ.ထ.က (၂) ပုဇွန်တောင်၊ အ.ထ.က (၃) ကြည့်မြင်တို င်၊ အ.ထ.က (၁) သန်လျင်၊ အ.ထ.က (၁) အင်းစိန် အခြေခံပညာအထက်တန်းကျောင်းများသို့ ICT နည်းပညာကို အကျိုးရှိရှိ အသုံးချခြင်း၊ ထိထိမိမိ အသုံးချခြင်းနှင့် လုံခြုံရေးဆိုင်ရာ သိကောင်းစရာများ၊ ICT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်သည့် ပြင်ဆင်မှုများ၊ လူငယ်နှင့်ပညာရေးခရီးစဉ် ခေါင်းစဉ်များဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်များက အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။

Category: