“VMware Certified Associate (VCA) Official Training” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Virtualization နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီ လူငယ်များနှင့် MCPA Member များအတွက် VMware Certified Associate (VCA) Official Training သင်တန်းကို၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်မှ (၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည််ဖြစ်သည်။ ခောတ်စနစ်ပြောင်းလဲလာမှု အခြေအနေအရ မြန်မာနိူင်ငံအတွင်း Virtualization နညး်ပညာတိုးတက်စေရန် ရည်ရွယ်ပြီး MCPA နှင့် VMware Inc အသိအမှတ်ပြု ကိုဘိုဘိုဇင် (Senior Solution Architect, VMware vExpert 2013-14-15, VMware-Myanmar) တို့မှ Virtualization နည်းပညာနယ်ပယ်အတွင်း VCA Certified တစ်ဦးအနေဖြင့် မိမိ၏အသက်မွေးဝမ်းကြောင်း ရပ်တည်ခိုင်မာမှု အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ခြင်းဖြစ်သည်။ လက်ရှိ Virtualization နည်းပညာနယ်ပယ်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများ၊ Data Center နှင့် Cloud Environment အကြောင်းသိလိုသူများ၊ Certified Professional တစ်ယောက်အနေဖြင့် ရပ်တည်လိုပါက မိမိကိုယ်တိုင် Virtualization နည်းပညာရပ်များအား လေ့လာထားသင့်ပါသည်။ သင်တန်းအား VMware Inc အသိအမှတ်ပြု VCE Certified Trainer မှ စနစ်တကျ လေ့ကျင့်သင်ကြားပေးမည့် Official Training အား တက်ရောက်စေနိုင်ခြင်းအပြင် Virtualization နည်းပညာသင်တန်းအား နိုင်ငံရပ်ခြားတွင် သွားရောက်တက်ရောက်မည်ဆိုပါက ဘာသာစကားအခက်အခဲရှိခြင်း သင်တန်းစျေးနှုန်းကြီးမြင့်ခြင်း ခရီးစရိတ်များပြားခြင်း စသောအခက်အခဲများကြောင့် ယခုကဲ့သို့ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ Content Overview - VMware Certified Associate Certifications 1) Introducing the VMware Certified Associate (VCA) 2) VMware Certified Associate (VCA) – Cloud Overview 3) VMware Certified Associate (VCA) – Workforce Mobility 4) VMware Certified Associate (VCA) – Data Center Virtualization 5) Who Should Become a VMware Certified Associate? 6) Why Become a VMware Certified Associate? 7) How to Become a VMware Certified Associate 8) Preparing for the VCA in Data Center Virtualization Certification 9) Introduction to VMware Data Center Virtualization 10) How VMware Data Center Virtualization Helps You 11) What Makes Up the Modern VMware Infrastructure? 12) Understanding VMware vSphere 13) Understanding VMware vSphere Storage 14) Understanding VMware vSphere Networking 15) Solving Availability Challenges With vSphere 16) Solving Management Challenges With vSphere 17) Solving Optimization Challenges With vSphere 18) Solving Scalability Challenges With vSphere 19) Comparing SMB and Enterprise Data Center Challenges သင်တန်းကာလ - ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက် မှ ဖေဖော်ဝါရီလ (၇) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နံနက် ၀၉းဝ၀ နာရီ မှ ညနေ ၆းဝ၀ နာရီအထိ သင်တန်းကြေး - ၂၅၀,၀၀၀ိ/ (နှစ်သိန်းငါးသောင်းကျပ်တိတိ) MCPA Member (30%) - ၁၇၅,၀၀၀ (တစ်သိန်းခုနှစ်သောင်းငါးထောင်ကျပ်) သင်တန်းသားဦးရေ - (၅၀) ဦး သင်တန်းနေရာ - အဆောင် (၁၄)၊ (၃) လွှာ၊ MCPA ICT Lab (2) ၊ MICT Park၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက် နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃ဝဝသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

Category: