MCPA အသင်းသားများသို့ အသိပေးကြေငြာခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)တွင် Student Member, Associate Member, Professionals Member များအဖြစ် အသင်းဝင်ရောက်ထားကြသူများအနေဖြင့် MCPA ၏ Activity များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ MCPA အသင်းဝင်များအားလုံးမှ မိမိတို့၏ လက်ရှိ ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများ ကို MCPA ရုံးအဖွဲ့၊ MCPA ရုံးခန်း အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၊ ဖုန်း − ၀၁−၆၅၂၂၇၆ ၊ ၀၉− ၇၃၀၈၈၃၀၀၊ email address – office@mcpamyanmar.org သို့ ပေးပို့ပေးပါရန် အကြောင်းကြား အပ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသင်းလှုပ်ရှား ဆောင်ရွက်မှုများကို အသင်းသားများပိုမိုပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ MCPA Facebook စာမျက်နှာ တွင် လာရောက်ဆွေးနွေးနိုင်ပါကြောင်းကိုလည်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ MCPA Member များအနေဖြင့်လည်း မိမိတို့နှင့်နီးစပ်ရာ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များသို့ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြင့် အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် နှိုးဆော်အပ်ပါသည်။

Category: