“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၁၆) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course (WNE) အမှတ်စဉ် (၁၆) သင်တန်းကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည််ဖြစ်သည်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ Company များ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ Wireless ISP လုပ်ကိုင်လိုသူများ၊ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ စာတွေ့လက်တွေ့သင်ကြားပေး သွားမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ… v Wireless Local Area Network and Smart WLAN Configuration v Cisco Wireless Controller and APs v Ad-host,WLAN (Point to Point, Point to Multipoint, Repeater) v Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long ) v Unifi WiFi Controller Device and Access Point CPE v VLAN Switch (Layer 2) Configuration for WiFi v Mikrotik Cloud Core Router Management v Wireless IP Camera Configuration v Pfsense Hotspot v Firewall VPN Network v Storage Management (Synology) v VOIP Gateway and IP Soft Phones… အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။ သင်တန်းကာလ - ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့မှ မတ်လ (၅) ရက်အထိ (စနေ၊တနင်္ဂနွေ) သင်တန်းအချိန် - နေ့လည် ၀၁းဝ၀ နာရီ မှ ၄းဝ၀ နာရီအထိ သင်တန်းကြေး - ၁၅၀,၀၀၀ိ/ (တစ်သိန်းငါးသောင်းကျပ်) MCPA Member (50%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: