CakePHP Framework + Professional PHP Intensive သင်တန်းသစ်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ CakePHP Framework + Professional PHP Intensive သင်တန်းတစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Web Developer တယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် PHP Language သည်များစွာ အထောက်အကူပြုပေးနိင်ပါသည်။ ကမ္ဘာပေါ်ရှိ ၇၇% မကသော ဝက်ဘ်ဆိုက်များကို PHP ဖြင့် တည်ဆောက်ထားသည်ကို ကြည့်ခြင်းအားဖြင့် လိုအပ်ချက်ကို မှန်းဆရနိင်မည်ထင်ပါသည်။ သို့ရာတွင် Pure PHP Language တခုတည်းဖြင့် Web Development ပြုလုပ်ရာတွင် အခက်အခဲများစွာရှိပါသည်။ ဥပမာအားဖြင့် User Authentication, Validation အစရှိသည်တို့ကို Pure PHP ဖြင့် လုပ်ဆောင်ရာတွင် အချိန်လွန်စွာ ကြာမြင့်လှပါသည်။ Web Development ကို အောင်မြင်ချင်သူများအနေဖြင့် မဖြစ်မနေ Framework တခုကိုလည်း လေ့လာသင့်ပါသည် ။ ထို့အတွက် ယခုသင်တန်းတွင် CakePHP Framework ကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ CakePHP Framework သည် မသစ်လွန်းခြင်း ၊ မဟောင်းလွန်ခြင်းစသော ကောင်းချက်များရှိပါသည်။ သစ်လွန်းသော Framework များသည် Library နှင့် communtiy ရှားပါးသော ပြဿနာများ ဖြစ်ပေနိုင်ပြီး ၊ ဟောင်းလွန်းသော Framework များသည် လက်ရှိခေတ်ကာလ၏ လိုအပ်ချက်များကို မဖြည့်စီးနိင်ပါ။ CakePHP ကို PHP မတတ်မြောက်ပဲ မလေ့လာ သင့်သောကြောင့် တွဲဆက်ထားခြင်းဖြစ်ပါသည်။ ယခုသင်တန်းတွင် Framework တခုတည်းမဟုတ်ပဲ PHP အခြေခံကိုလည်း သင်ကြားပေးမည်ဖြစ်သဖြင့် များစွာအထောက်အကူပြုမည်ဟု မျှော်လင့်မိပါသည်။ သင်တန်းကာလမှာ (၂) လခန့်သာ ကြာမြင့်မည် ဖြစ်ပါသည်။ အချိန်တိုအတွင်း တက်ရောက်နိုင်သဖြင့် နိင်ငံရပ်ခြားသို့ ပညာတော်သင် သွားရောက်မည့်သူများ ၊ မကြာမှီအလုပ်လုပ်ကိုင်မည့်သူများအတွက် အထူးအဆင်ပြေစေနိုင်ပါသည်။ ယခင် Professional PHP တန်းတက်ရောက်ပြီး စာမကြေသူများလည်း တက်ရောက်နိင်ပါသည်။ သင်တန်းကြေးမှာ အပြင်ထက် အဆပေါင်းများစွာ သက်သာမည်ဖြစ်ပါသည်။ MCPA မှ Member များအတွက်လည်း ပိုမိုသက်သက်သာသာဖြင့် သင်ကြားနိုင်အောင်လည်းပေးထားပါသည်။ အချိန်တိုတောင်းသော Intensive Course သင်တန်းဖြစ်သဖြင့် Web Foundation (HTML, CSS , Javascript) များကို ချန်လှပ်ထားရသဖြင့် အခြေခံမပိုင်သူများ မတက်ရောက်သင့်ပါ။ ယခုသင်တန်းအားပြည်တွင်းနှင့် နိုင်ငံတကာပရောဂျက်အတွေအကြုံရှိသည့် ကိုဝိန်း/ ဦးဝေလင်းထွန်းမှ သင်ကြားပေး မည်ဖြစ်ပါသည်။ ဦးဝေလင်းထွန်းမှာ MCPA ၏ Executive Committee Member တဦးဖြစ်ပြီး လက်ရှိတွင် MWS (Myanmar Web Solution) ကုမ္ပဏီ၏ Managing Director လည်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်မှ M.Sc (Computer Science) ဘွဲ့ရဖြစ်ပါသည်။ ပါဝင်မည့်အကြောင်းအရာများ….. For PHP For CakePHP  Setting up Apache Server Environment  Programming Principals  Working with local/remote MySQL Database  Functions, Conditions, Loops, Variables  INSERT, UPDATE, DELETE, SELECT  Working with Forms  Working with MySQL Database Server Environment  Working with Model-View-Controller (MVC Pattern)  Working with Libraries, Working with Forms  Validation and Error Handling Arrays, Functions, Session  Security, Pagination and Routing  Working with Server Environment, User Authentication သင်တန်းကာလ - နိုဝင်ဘာလ (၂၃) ရက် မှ ဇန်နဝါရီလ (၁၂) ၂၀၁၆ ရက်အထိ သင်တန်းအချိန် - ညနေ ၅း၃၀ မှ ရး၃၀ နာရီ (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) သင်တန်းကြေး - ၁၀၀,၀၀၀ (တစ်သိန်းကျပ်) MCPA Member (၅၀%) - ၅၀,၀၀၀ (ငါးသောင်းကျပ်) သင်တန်းသားဦးရေ - (၂၀) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။

Category: