“Developing POS and Accounting System” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Developing POS and Accounting System သင်တန်းတစ်ခုကို အောက်တိုဘာလ (၃) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ Business Application Software Developer များ၊ နည်းပညာလုပ်ငန်းရှင်များ၊ Software Development နည်းပညာရပ်များကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်၍ Developing POS and Accounting System သင်တန်းအား ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ အရောင်းအဝယ် နှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင် မရှိမဖြစ် အသုံးတွင်ကျယ်လာမည့် POS and Accounting System တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ် ဖန်တီးရောင်းချနိုင်သည်အထိ လက်တွေ့ပြုလုပ် သင်ကြားရမည် ဖြစ်ပါသည်။ POS System များ၊ Accounting System များတွင် ပါဝင်သော Modules များနှင့် Features များအကြောင်း အစုံအလင်ကို သိရှိနားလည်ပြီး၊ အသုံးပြုသူ Customer များအတွက် ရိုးရှင်းလွယ်ကူ၍ ထိရောက်လျင်မြန်သော POS & Accounting Software များကို ရေးသားနိုင်သည်အထိ သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။ ရေးသားရာတွင် အသုံးပြုမည့် Programming Language မှာ C#.Net ဖြစ်ပြီး၊ Database အနေဖြင့် Microsoft SQL Server ကို အသုံးပြုသွားမည်ဖြစ်၍ သင်တန်းတက်ခြင်းအားဖြင့် 1. POS & Accounting Knowledge (Domain Knowledge) 2. Software Development Skill + Business Logic 3. Programming Skill and Database Skill အစရှိသည့် အချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားနိုင်မည် ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်များ အနေဖြင့် C#.Net (Programming Skill), Microsoft SQL Server (Database Skill) တိုအား အခြေခံသိရှိရန် လိုအပ်ပါသည်။ သင်တန်းကာလ - အောက်တိုဘာလ (၃) ရက် မှ နိုဝင်ဘာလ (၂၉) ရက်အထိ သင်တန်းအချိန် - ညနေ ၄း၃၀ မှ ၆း၃၀ နာရီ (စနေ၊ တနင်္ဂနွေ) သင်တန်းကြေး - ၂၀၀,၀၀၀ (နှစ်သိန်းကျပ်) MCPA Member(၅၀%) - ၁၀၀,၀၀၀ (တစ်သိန်းကျပ်) သင်တန်းသားဦးရေ - (၁၅) ဦး သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလ (၃) ရက်နေ့၊ နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

Category: