ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ပူးပေါင်းကျင်းပသည့် နိုင်ငံအဆင့် ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများ ရယူနိုင်။

အာဆီယံနိုင်ငံမှ လူငယ်များ Cyber Security ပိုင်းဆိုင်ရာအသိအမြင်နှင့် ကျွမ်းကျင်မှုများ တိုးတက်စေရန် ရည်ရွယ်၍ ASEAN-JAPAN Cyber SEA Game ပြိုင်ပွဲကို Indonesia နိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Cyber Security / Defence ကျွမ်းကျင်သူ(၃)ဦး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်နိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး နိုင်ငံအဆင့် Cyber SEA Game ပြိုင်ပွဲကို ရန်ကုန်မြို့၊ MICT Park, Conference Hall တွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ(၈)ရက်နှင့် (၉)ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲအတွက် ဝင်ခွင့်လျှောက်လွှာ Form များနှင့် စည်းကမ်းချက်များကို အောက်ပါ Link www.mcpamyanmar.org/download , www.mcfmyanmar.org and www.mmcert.org.mm များတွင် Download ရယူနိုင်ပြီး လျှောက်လွှာများကို (၂၈.၉.၂၀၁၅) ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ MICT Park ၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁−၆၅၂၃၀၇၊ ၀၁−၂၃၀၅၂၂၃၃၊ အီးမေးလ်− ictcompetition@gmail.com သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ လူကိုယ်တိုင် လာလျှောက်၍ဖြစ်စေ ပေးပို့လျှောက်ထားရပါမည်။

Category: