“Today Hacking Technologies (Offensive Vs Defensive Security) and Countermeasures” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Hacking နည်းပညာရပ်များကိုစိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Today Hacking Technologies (Offensive Vs Defensive Security) and Countermeasures သင်တန်းကို၂၀၁၅ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Offensive/Defensive Security ကို နားလည်ပိုင်နိုင်သော IT Security Professional များ ပိုမိုပေါ်ထွန်း လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ နည်းပညာရပ်များ (Information Security) ကိုအထူးစိတ်ဝင်စားသူများ၊ ပြည်တွင်း၊ ပြည်ပ အဆင့်မြင့် ICT Industry များတွင် Security Admin များအဖြစ် လက်တွေ့ကိုင်တွယ် ထိန်းချုပ်နိုင်လိုသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။ ယနေ့ခေတ် ICT အသုံးပြုမှုများ တွင်ကျယ်လာ သည်နှင့် သတင်းအချက်အလက်လုံခြုံရေးသည် အထူးအရေးပေးဆောင်ရွက်ရန် ကိစ္စတစ်ရပ်ဖြစ်လာပြီး၊ မြန်မာနိုင်ငံ အတွင်းနှင့် နိုင်ငံတကာအဆင့်မြင့် လုပ်ငန်းခွင်များတွင် ကျွမ်းကျင်သော IT Security Officer/ Professional များ လိုအပ်ချက်မြင့်မားလာပြီး၊ ရာထူး၊ လစာ အခွင့်အလမ်းကောင်းများနှင့် ခေါ်ဆိုမှုများ များပြားလာပါသည်။ Latest Hacking နည်းပညာရပ်များ၊ Threats များ၊ Policies and Planning၊ Countermeasure စနစ်များကို Module တစ်ခုချင်းစီအလိုက် စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားရမည်ဖြစ်ပါသည်။

သင်တန်းပြီးဆုံးပါက Security Admin များအဖြစ်၊ Freelance Security Professional များအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု EC COUNCIL (USA) မှ ချီးမြှင့်သည့် ENSA နှင့် CEH ဘာသာရပ်များ ဝင်ရောက်ဖြေနိုင်ရန် လေ့ကျင့်ပြင်ဆင်ပြီးသားဖြစ်စေပါမည်။ အဓိကဘာသာရပ်များ-

- Introduction to Ethical Hacking

- Hacking Phases and Technologies

- System Hacking and Pen testing

- Mobile Hacking and Threats

- Hardening Systems and Security Policies

- Network Vulnerability Assessments

- Social Engineering

- IDS, Firewalls and Cryptography

- Assignments etc…

သင်တန်းကာလ - ၂၀၁၅ခုနှစ်၊ စက်တင်ဘာ(၁၉) ရက် မှ အောက်တိုဘာ (၂၄)ရက်အထိ (စနေ၊တနင်္ဂနွေ)

သင်တန်းအချိန် - နံနက် ၀၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ

သင်တန်းကြေး - ၃၀၀,၀၀၀ိ/ (သုံးသိန်းကျပ်တိတိ)

MCPA Member (50%) - ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)

သင်တန်းသားဦးရေ - (၁၈) ဦး

သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့ညနေ(၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

Category: