MCPA Quiz2015 ရန်ကုန်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ကျင်းပမည်

MCPA Quiz 2015 ပြိုင်ပွဲသည် ပြည်နယ်တိုင်း ဒေသကြီး အသီးသီးရှိ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ ဘွဲ့ကြိုကျောင်းသား/သူများ၊ IT ပညာရပ်များကို စိတ်ဝင်စားမှု ပိုမိုရရှိလာပြီး အရည်အသွေးပြည့်ဝလာစေရန်၊ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာ အသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ တိုင်းအဆင့် ရေးဖြေပြိုင်ပွဲကို (၁၅-၈-၂၀၁၅) နေ့နှင့် တိုင်းအဆင့် Final ပြိုင်ပွဲကို (၂၂-၈-၂၀၁၅) နေ့များတွင် လည်းကောင်း၊ နိုင်ငံအဆင့်ပြိုင်ပွဲကို (၃-၁၀-၂၀၁၅) နေ့များတွင် MICT Park, Hlaing Campus ၌ ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို www.mcpamyanmar.org/download တွင်လည်း ရယူနိုင်ပါသည်။

ဆက်သွယ်ရန်- ရန်ုကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း- ၀၁ ၆၅၂၂၇၆၊ ၀၉၇၃၀၈၈၃၀၀ သို့ လည်းကောင်း၊
Email- examcoordinator@mcpamyanmar.org သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပြီး၊
Website- http://www.itpec.org/pastexamqa/fe.html တွင်လည်း မေးခွန်းဟောင်းများ ကြည့်ရှု နိုင်ပါသည်။

Category: