“Learning Java FX” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Java နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Java FX Course သင်တန်းတစ်ခုကို ၂၀၁၅ ခုနစ် မေလ (၃၀) ရက်မှ ဇွန်လ (၇) ရက်အထိ (စနေ၊ တနင်္ဂနွေ) (၂) ပါတ်တိတိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
Java နည်းပညာကို စိတ်ဝင်စားပြီးအသက်မွေးဝမ်းကြောင်းပြုလိုသူများ နှင့် ကျွမ်းကျင်စွာ အသုံးပြုလိုသူများ အထူးတက်ရောက်သင့်ပါသည်။
ပါဝင်မည့်အကြောင်းအရာများ -

Day (1) Title : About Layouts (30.5.2015)
Day (2) Title : Playing with Controls (31.5.2015)
Day (3) Title : Attractive GUI with Animations (6.6.2015)
Day (4) Title : Writing A Project (7.6.2015)
Requirements
(1) Java Programming Basic Level
(2) Class and Instance
(3) Controls flow Statements
(4) Interfaces
(5) OOP
Just knowing level, I will teach again if you need.
Target  Scratch up Rich Client GUI Application from ZERO by the power of JavaFX.

သင်တန်းကာလ - မေလ ၃၀ ရက် မှ ဇွန်လ ၇ ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် - နံနက် ၉း၃၀ မှ နေ့လယ် ၁း၀၀ နာရီ အထိ
သင်တန်းကြေး - ၁၅,၀၀၀ိ/ (တစ်သောင်းငါးထောင်ကျပ်)
MCPA Member (50%) - ၇၅,၀၀ိ/ (ခုနှစ်ထောင့်ငါးရာကျပ်)
သင်တန်းသားဦးရေ - (၂၅) ဦး
သင်တန်းနေရာ - အဆောင် (၉)၊ မြေညီထပ် MCPA Lab Room, MICT Park၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေလ (၂၉) ရက်နေ့ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

Category: