10th Anniversary activities

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် အသင်းများ၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အသုံးချပရိုဂရမ် ပြပွဲ နှင့် အိုင်တီနည်းပညာ၊ ပညာရေးသင်တန်းများ ပြပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့ နံနက် (၉)နာရီ မှ ညနေ (၅း၀၀) အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ် တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

            Software Solution ပြပွဲကို  မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ICT ကဏ္ဍကို အထူးစိတ်ဝင်စားသော ကုန်ထုတ်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကွန်ပျူတာအသုံးချ ဆော့ဖ်ဝဲ နည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှု့လေ့လာနိုင်ရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ နည်းပညာ ပြပွဲတွင် IT နယ်ပယ်မှ ဆော့ဖ်ဝဲထုတ်လုပ်သူစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် အတွက်လည်းကောင်း၊

IT Education ပြပွဲကို ICT ကဏ္ဍကို အထူးစိတ်ဝင်စားသော ကျောင်းသား/ ကျောင်းသူ လူငယ်များ၏ IT ပညာရေးအတွက် တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ လည်းကောင်း ပထမအကြိမ် ကျင်းပပြုလုပ် ပေးခြင်းဖြစ်ပါသည်။

            ထို့ပြင် စီးပွားရေး၊ စီမံခန့်ခွဲရေး နှင့် အိုင်တီနည်းပညာဆိုင်ရာများကိုလည်း သက်ဆိုင်ရာ ပညာရှင်အသီးသီးမှ ဟောပြော ဆွေးနွေးကြမည်ဖြစ်ပြီး အချိန်ပြည့်တက်ရောက်သူများအား အသိအမှတ်ပြု လက်မှတ် ချီးမြှင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူ မည်သူ မဆိုတက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄) ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။