ICT Products and Services Competition (2008)

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် ကွန်ပျူတာအသင်းများ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ”ICT Products and Services Competition”  ပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားပါသည်။ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အသင်းဝင် ကုမ္ပဏီများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင် product များကို ၂၀၀၈ခုနှစ် အောက်တိုဘာလ(၂၉)ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄း၀၀)နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ရုံးခန်းသို့ တင်သွင်းရမည်။

 နိဒါန်း

၁။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် ကွန်ပျူတာအသင်းများ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ”ICT Products and Services Competition”  ပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ အသင်းဝင် ကုမ္ပဏီများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

ရည်ရွယ်ချက်
၂။ (က) ICT Industrial ထုတ်ကုန် product များဖွံ့ဖြိုးတိုးတက်လာစေရန်၊
    (ခ) အများပြည်သူများ ICT ကို မိမိတို့၏လုပ်ငန်းများတွင် အသုံးချနိုင်ကြောင်း သိရှိနိုင်စေရန်၊

ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ
၃။ ”ICT Products and Services Competition”  ကို မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းဝင်ကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါမည်။

ပြိုင်ပွဲအစီအစဉ်
၎။ ”ICT Products and Services Competition” ကို ကဏ္ဍခွဲခြားခြင်းမရှိပဲ ကျင်းပသွားမည်။

၅။ ပြိုင်ပွဲဝင် product များကို ၂၀၀၈ခုနှစ် အောက်တိုဘာလ(၂၉)ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄း၀၀)နာရီ နောက်ဆုံးထား၍  မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ရုံးခန်းသို့ တင်သွင်းရမည်။ နောက်ကျမှ ရောက်လာသော မည်သည့် product ကိုမှ ဆုရွေးချယ်ရာတွင် လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။

၆။ ပြိုင်ပွဲဝင် product များကို မည်သည့် softwareကို အသုံးပြု၍ဖြစ်စေ ရေးသားတင်ပြနိုင်သည်။ software နှင့်တွဲဖက်ထုတ်လုပ်ထားသော Hardware Devices များလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်။

၇။ ပါဝင်ယှဉ်ပြိုင်သူအနေဖြင့် ကုမ္ပဏီအဖွဲ့အစည်းအနေဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။

၈။ ပါဝင်ယှဉ်ပြိုင်သူသည့်ကုမ္ပဏီတစ်ခုသည် product တစ်ခုထက်မက ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည်။ သို့သော် ဆုကိုမူ တစ်ဆုတည်းကိုသာ ရပိုင်ခွင့်ရှိသည်။

 
၉။ ပါဝင်ယှဉ်ပြိုင်မည့်ခေါင်းစဉ်အား သတ်မှတ်ထားခြင်းမရှိပါ။ မိမိတို့ကုမ္ပဏီမှ ၂၀၀၃ခုနှစ်မှယနေ့အထိ ရေးဆွဲထုတ်လုပ်ဖြန့်ဖြူး ရောင်းချထားသော product များ ပါဝင်ယှဉ်ပြိုင်နိုင်ပါ သည်။

၁၀။ ပြိုင်ပွဲဝင် product ကို CDဖြင့် ၂-စုံ တင်ပြရမည်။ ပြိုင်ပွဲဝင်ပုံစံနှင့်တကွ တင်ပြရမည်။ ပြိုင်ပွဲဝင် product နှင့် ပတ်သက်သော စာရွက်စာတမ်းများကိုလည်း ပူးတွဲတင်ပြရမည်။ ပြိုင်ပွဲဝင်သူများအနေဖြင့် မိမိတို့တင်ပြသော product စီဒီ၊ စာရွက်စာတမ်းများကို လက်ခံကော်ပီကူးယူထားရှိရန် လိုပါသည်။ ဆုရွေးချယ်ရေး အဖွဲ့အနေဖြင့် မည်သည့်ပြိုင်ပွဲဝင်၏ ပြိုင်ပွဲဝင် product စီဒီနှင့် စာရွက်စာတမ်းများကို ပြန်လည် ပေးအပ်မည် မဟုတ်ပါ။

၁၁။ ပြိုင်ပွဲဝင် product များကို အောက်ပါအစီအစဉ်အတိုင်း ရွေးချယ်သွားပါမည်။
(၁) ပဏာမရွေးချယ်ခံရသူများအားကြေငြာခြင်း နိုဝင်ဘာလ (၃) ရက်
(၃) နောက်ဆုံးအဆင့်ရွေးချယ်ခြင်း နိုဝင်ဘာလ (၅) ရက်
(၄) ဆုရွေးချယ်ခံရသူများအားကြေငြာခြင်း နိုဝင်ဘာလ (၅) ရက်

၁၂။ ပဏာမရွေးချယ်ခံရသော product များအတွက် နောက်ဆုံးအဆင့်ရွေးချယ်သည့်နေ့တွင် မိမိတို့၏ product ကို သတ်မှတ်ပေးထားသောအချိန်တွင် လာရောက်ရှင်းလင်းပြသရမည် ဖြစ်ပါသည်။ product ရှင်းလင်းချိန် (၁၀)မိနစ်၊ ဆုရွေးချယ်ရေးအဖွဲ့မှ မေးမြန်းချိန် (၁၀)မိနစ် တို့ဖြင့် စစ်ဆေးမည် ဖြစ်ပါသည်။

၁၃။ ပြိုင်ပွဲဝင် product များအနက်မှ ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုအဖြစ် ရွေးချယ်ခံရသော product များကို ကွန်ဖရင့်ဟော၌ အခမ်းအနားဖြင့်ကြေငြာပေးသွားပါမည်။

၁၄။ ဆုရွေးချယ်မှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ရွေးချယ်ခြင်းပြုသည်၊ မည်သည့်အကြောင်းကြောင့် ရွေးချယ်ခြင်းမပြုတို့နှင့်စပ်လျဉ်း၍ ထုတ်ပြန်ပေးလိမ့်မည်မဟုတ်ပါ။ ထိုနည်းအတူ ပြိုင်ပွဲဝင်သည့် product နှင့် ပတ်သက်၍ လည်းကောင်း၊ ရွေးချယ်ထားသောဆုနှင့်ပတ်သက်၍လည်းကောင်း မည်သည့်အငြင်းပွားမှုမျိုးကိုမှ လက်ခံစဉ်းစားမည်မဟုတ်ပဲ ဆုရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

၁၅။ ဆုရရှိသော product နှင့်ပတ်သက်၍ဖြစ်စေ၊ ဆုတင်သွင်းသော product နှင့်ပတ်သက်၍ဖြစ်စေပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် မည်သည့်ပြဿနာကိုမျ ၀င်ရောက်ဖြေရှင်းပေးခြင်း ပြုမည်မဟုတ်သကဲ့သို့ မည်သည့်ကိစ္စကိုမျ တာဝန်ယူမည်မဟုတ်ပါ။

၁၆။ ပြိုင်ပွဲဝင် product နှင့် product ကို တင်သွင်းပြိုင်ပွဲဝင်သူသည် မရိုးမဖြောင့်သောသဘော တစ်စုံတစ်ရာ ရှိသည်ဟု ပြိုင်ပွဲကျုင်းပရေးကော်မတီက ယူဆပါကပြိုင်ပွဲဝင်သူကိုဖြစ်စေ၊ ပြိုင်ပွဲဝင် product ကိုဖြစ်စေ ပြိုင်ပွဲဝင် အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။

၁၇။ ပြိုင်ပွဲဝင်သူအနေဖြင့် ပြိုင်ပွဲဝင်မည့် မိမိ product နှင့်ပတ်သက်၍ စာရွက်စာတမ်းများပြုလုပ်ခြင်း၊ ရှင်းလင်း တင်ပြရန်အတွက် ကွန်ပျူတာစီစဉ်ခြင်းများကို မိမိအစီအစဉ်ဖြင့်သာ ပြုလုပ်ရပါမည်။

၁၈။ နောက်ဆုံးအကဲဖြတ်အမှတ်ပေးရာတွင် ပါဝင်ယှဉ်ပြိုင်သူအနေဖြင့် မိမိပြုလုပ်ထားသည့် product နှင့် ပတ်သက်၍ မည်ကဲ့သို့ပြုလုပ်ထားသည် မည်မျှကြိုးစားတည်ဆောက်ထားသည်ကို တင်ပြရန်ဖြစ်ပြီး product ပါ အကြောင်းအရာ (content) အကျဉ်းချုပ်ကိုတင်ပြရန်လိုပါသည်။

ဆုရွေးချယ်ရေးအဖွဲ့
၁၉။ နောက်ဆုံးအဆင့်ရွေးချယ်ခြင်းကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကိုယ်စားလှယ်များ၊ ပြင်ပမှသီးခြားဖိတ်ကြားထားသော ပညာရှင်များဖြင့် အကဲဖြတ်စစ်ဆေးရွေးချယ်မည် ဖြစ်ပါသည်။

ဆုရွေးချယ်မှုအခြေခံ
၂၀။ ICT Product and Services Competition တွင် product  များကို အကဲဖြတ်ဆုပေးရာတွင် အောက်ပါ အချက်အလက်များကို အခြေခံ၍ အကဲဖြတ်အမှတ်ပေး ရွေးချယ်မည်ဖြစ်ပါသည်။
- Uniqueness
- Marketing Potential/ Value to Public or Government/ Proof of Concept
- Functionalities and Features
- Quality and Application of Technology
- Presentation

၂၁။ သတ်မှတ်ချက်တစ်ခုချင်းအလိုက် ရရှိသောအမှတ်များကို ပျမ်းမျှအမှတ်ရယူပြီး အမှတ်အနည်းများ အလိုက် ပဏာမ ရွေးချယ်ခြင်း၊ နောက်ဆုံးအဆင့် ရွေးချယ်ခြင်းများ ပြုလုပ်သွားပါမည်။

သဘောတူညီခြင်း
၂၂။ ICT Product and Services Competition ပြိုင်ပွဲဝင်သူတိုင်းသည် ပြိုင်ပွဲဝင်ပုံစံနှင့် ပြိုင်ပွဲဝင် product စီဒီကို ဆုရွေးချယ်ရေးအဖွဲ့သို့ လက်မှတ်ရေးထိုးတင်သွင်းသည်နှင့် တစ်ပြိုင်နက်ဖော်ပြပါ စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို သိရှိနားလည်ပြီး အလိုအလျောက်သဘောတူလက်ခံပြီး ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီက သတ်မှတ်ယူဆပါသည်။

၂၃။ ပြိုင်ပွဲဆိုင်ရာကိစ္စအ၀၀နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသည့် အချက်အလက်များရှိပါက မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း တယ်လီဖုန်း- ၆၅၂၂၃၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။