News

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။
MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတမျုား ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲ များမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။

MCPA မှ မြန်မာနှစ်သစ်ကူး ဆုတောင်း ( Happy Myanmar New Year 2013 )

မင်္ဂလာရှိသော ဒီမြန်မာနှစ်သစ်ကူးမှစ၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ဥက္ကဋ္ဌ နှင်. တကွ အလုပ်အမူဆောင်များ၊ အသင်းဝင် အသင်းသား များမှစပြီး မြန်မာသူ မြန်မာသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး၊
ဘေးအန္တရာယ်တွေကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ကောင်းကျိုးလိုအင်ဆန္ဒလေးများ ပြည့်ဝကြပါစေ လုပ်ငန်းဆောင်တာများအောင်မြင် တိုးတက်ပါစေလို. ဆုတောင်း နုတ်ခွန်းဆက်ပါသည်။
ဇော်ဝင်းထွန်း
ပြန်ကြားရေးကော်မတီ (MCPA)

MCPA အသင်းဝင်များ ပျော်ပွဲရွှင်ပွဲသို့ ဖိတ်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး MCPA အသင်းဝင်များ အချင်းချင်း တွေ့ဆုံ နိုင်စေရန် အသင်းဝင်းအချင်းချင်း ပိုမိုခင်မင်ရင်းနှီးမှု ရရှိစေရန်နှင့် နေ့စဉ်ပင်ပန်းသော အလုပ်ဖိအားများမှ ခေတ္တ ကင်းလွတ်ပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်၍ အသင်းဝင်များ နှစ်ပတ်လည်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါသည်။ သို့ပါ၍ အသင်းဝင်များမှ တက်ကြွစွာပါဝင်ဆင်နွှဲပေးနိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

ရက်စွဲ၊ ၃၁-၃-၂၀၁၃ (တနင်္ဂနွေနေ့)

နေရာ၊ MICT Park ၊ လှိုင်မြို့နယ်

အချိန်၊ မနက် ၉ နာရီ မှ ည ၈ နာရီ

ပါဝင်မည့် အစီအစဉ်များ

Google CEO Mr, Eric Schmidt မြန်မာနိုင်ငံသို့ ရောက်ရှိ

Google CEO Mr.Eric Schmidt သည်၂၀၁၃ခုနှစ် မတ်လ ၂၂ ရက် တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး MICT Park အစည်းအဝေးခန်းမ တွင် Mr.Eric Schmidt နှင့် မြန်မာ့ IT ပညာရှင်များ . တွေ့ ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်သည်။ Google CEO Mr. Eric Schmidt background history ကို အောက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်မှ ITPEC ( FE ) Exam Preparation သင်တန်းဖွင့်မည်။

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်မှ ITPEC စာမေးပွဲများကို ကျင်းပလျှက်ရှိပါသည်။
ITPEC, Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန် ရည်ရွယ်၍ စာမေးပွဲအထောက်အကူပြုသင်တန်း ကို အောက်ဖော်ပြပါအတိုင်း သင်ကြားဖွင့်လှစ်မည် ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်မည့် အစီအစဉ်

သင်တန်းဖွင့်မည့်ရက် ၂၉/၀၃/၂၀၁၃ မှ ၃၁/၀၃ /၂၀၁၃ ( သောကြာ၊ စနေ၊တနင်္ဂနွေ)
၅/၀၄/၂၀၁၃ မှ ၇ /၀၄ /၂၀၁၃ (သောကြာ၊စနေ၊တနင်္ဂနွေ)

Pages