မြန်မာနိုင်ငံကွန်ပျူတာအသင်းများ အဆောက်အဦ နဝရတ်ကိုးပါး ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနား ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာအသင်းများ အဆောက်အဦ နဝရတ်ကိုးပါး ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနား နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းများ၏ နှစ်ပတ်လည်အခမ်းအနားကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အခမ်းအနားအစီအစဉ်

နေ့ရက်   -           ၁ - ၈ - ၂ဝ၁ဝ (တနင်္ဂနွေနေ့)

ပထမပိုင်း                                                                         ဒုတိယပိုင်း

အချိန်    -           နံနက် ဝ၈း၃ဝ နာရီ                                      အချိန်    -           နံနက် ဝ၉း၃ဝ နာရီ

နေရာ     -          အဆောက်အဦ ဆောက်လုပ်မည့်နေရာ             နေရာ     -           အစည်းအဝေးခန်းမ

                        မြန်မာ့သတင်းအချက်အလက်နည်းပညာကော်ပိုရေးရှင်း အဆောက်အအုံ

                        လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။

 

 

 

“Information Security” ဟောပြောပွဲကျင်းပမည်

          သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/ Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ  လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊ နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့် နှင့် ဦးရဲကျော်သိန်း တို့မှ “Information Security” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

            ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင်များ၊ ကွန်ပျူတာပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊ ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက် နှင့် ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသင်းဝင်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန် ရန်ကုန်လေဆိပ်မှ ထွက်ခွာ

            မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသင်းဝင်များသည် ဂျပန်နိုင်ငံသို လေ.လာရေးခရီး သွားရောက်ရန် အတွက် ၂၀၁၀ပြည့်နှစ်ဇူလိုင်လ(၁၂)ရက် နေ.ည 7 နာရီ 45 မီနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွတ် ခွာသွားရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှတာဝန် ရှိသူများ ကလိုက်ပါ ပို.ဆောင် နူတ်ဆက်ခဲ.ပါသည်။

            အရှေ့အာရှ နိုင်ငံအသီးသီးတို့တွင် နောင်အနာဂတ်တွင် အရေးပါသော တာဝန်များကို ထမ်းဆောင်သွားမည့် မျိုးဆက်သစ်လူငယ်များကြားတွင် အချင်းချင်းနားလည်မှု ပိုမိုရရှိလာစေနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ်တွင် ဂျပန် အစိုးရက “၂၁ရာစု အရှေ့အာရှ လူငယ်ကျောင်းသား ချစ်ကြည်မှု ဖလှယ်ရေးအစီအစဉ်ကြီး(JENESYS Programme)” ကို စတင် စီစဉ်ခဲ့ပါသည်။ ယင်းအစီအစဉ်၏ ဖိတ်ကြားမှုအရ ဂျပန်အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အင်တာနေရှင်နယ် ကိုအော်ပိုရေးရှင်းစင်တာ( JICE) နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝှမ်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင် လူငယ်အိုင်တီပညာရှင် ၂၄ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ကာလတို လေ့လာရေးခရီး စေလွှတ်နိုင်ရန် စီစဉ်ခဲ့ပါသည်။

            ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဂျပန် နှင့် မြန်မာနိုင်ငံရှိ အိုင်တီပညာရှင် လူငယ်များအကြား ရင်းနှီးချစ်ခင်မှု၊ ဆက် သွယ်မှု စသည်တို့ ပိုမိုကျယ်ပြန့် ခိုင်မာလာစေရန်ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း မြန်မာအိုင်တီ လူငယ်ပညာရှင်များအဖွဲ့ သည် University of Electro-Communications, Nipon Steel Coporation, Toyota Car Factory, Kotokuin Buddhist Temple, Akihabara စသည့် နေရာများသို့ သွားရောက်ကာ ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှု၊ နည်းပညာ၊ ဗိသုကာ လက်ရာများ၊ နေထိုင်မှုဘဝ၊ ဂေဟစနစ်၊ ဆက်သွယ်ရေးစနစ်၊ ICT စနစ်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း စသည်တို့ကို လေ့လာရ မည်ဖြစ်ပါသည်။ ထို့ပြင် ခရီးစဉ်ကာလအတွင်း မတူညီသော ယဉ်ကျေးမှုများ နှင့် နေထိုင်ပုံဘဝတို့ကို ကိုယ်တိုင်သိမြင်ပြီး နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုများ နက်ရှိုင်းခိုင်မာလာစေရန် ဂျပန်မိသားစုများ နှင့်အတူ နေထိုင်ခြင်းစသည့် အစီအစဉ်များလည်း ပါဝင်သည်။

            မြန်မာအိုင်တီပညာရှင်လူငယ်များအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြန်မာပြည်မှ ထွက်ခွာမည်ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း ဂျပန်နိုင်ငံ နှင့် ပတ်သက်၍ ကြုံတွေ့ သိမြင်ခံစားခဲ့ရသည်များကို ဂျပန်နိုင်ငံတွင် အတွေ့အကြုံရှင်းလင်းချက် စာတမ်းဖတ်ပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယခု JENESY Programme အစီအစဉ်ဖြင့် မြန်မာ့အိုင်တီလူငယ်ပညာရှင်များ လေ့လာရေး ခေါ်ယူမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရပြီး နောင်တွင်လည်း အဆိုပါ အစီအစဉ်မျိုး ဆက်လက်ရှိနိုင်ကြောင်း သိရသည်။

            JENESYS Programme ကို ၂၀၀၇ ခုနှစ်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် အရှေ့အာရှညီလာခံတွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မှ စတင်အဆိုပြုတင်ပြခဲ့ပြီး ၂၀၀၈ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း ဂျပန်အစိုးရမှ အရှေ့အာရှနိုင်ငံများ ရှိ လူငယ် ခြောက်ထောင်ကျော်ကို ဂျပန်နိုင်ငံသို့ ဖိတ်ကြားပြီး အာရှနိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု နှင့် နည်းပညာ ဖလှယ်နိုင် ရန် စီစဉ်ခဲ့ပါသည်။

 

 
«StartPrev12345678910NextEnd»

Page 1 of 18