Events
Event
- Title:
- Seminar and Workshop @ Software Testing
- When:
- 22.01.2010 13:00 - 17:00
- Where:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅) - Yangon
- Category:
- Seminar
Description
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှူး၍ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ (၂၂) ရက် (သောကြာနေ့) နေ့လည် ၁းဝဝ နာရီမှ ၂း၃ဝ အထိ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅) တွင် UK ရှိ Nokia ကုမ္ပဏီမှ Senior Test Analyst ဖြစ်သူ Mr.Len Aye မှ “Software Testing” ပြုလုပ်သည့် နည်းစနစ်များဖြစ်သည့် “Testing Tools, Test case generation, error management, test case management, test Reporting” အစရှိသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်သည်။ အဆိုပါဟောပြောပွဲသို့ စိတ်ဝင်စားသူမည်သူမဆို ကြိုတင်စာရင်းပေးသွင်းရန် မလိုဘဲ အခမဲ့ တက်ရောက်နိုင်ပါသည်။
ထို့ပြင်အဆိုပါနေ့ရက်တွင် နေ့လည် ၃းဝဝ နာရီမှ ၄း၃ဝ နာရီအထိ “Techniques for Testing Practioners” ဟူသော ခေါင်းစဉ်ဖြင့် “Hands-on Workshop” တစ်ခုကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ “Hands-on Workshop” သို့ တက်ရောက်လိုသူများသည် MCPA ရုံးခန်း၌ ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပြီး၊ ထိုစာရင်းပေးသွင်း သူများထဲမှ သင့်တော်သူ အယောက် (၅ဝ) ကို MCPA မှ ရွေးချယ်ပြီး အခမဲ့တက်ရောက် ခွင့်ပြုမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Venue
- Venue:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅)
- City:
- Yangon
- Country:
-
Description
EventList powered by schlu.net

