Events

Event 

Title:
Member Gathering Party
When:
12.12.2009 18:00 - 21:00
Where:
Myanmar Infotech, မြက်ခင်းပြင် -
Category:
Activity

Description

MCPA၏ တတိယအကြိမ်မြောက် အသင်းသားစုံညီ မိတ်ဆုံညစာစားပွဲကို ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ စနေနေ့ ညနေ (၆း၀၀ မှ ၉း၀၀) အထိ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ် မြက်ခင်းပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အသင်းသားများ စုံစုံညီညီတွေ့ဆုံပြီး ခင်မင်ရင်းနှီးမှု ပိုမိုရရှိရန်၊ ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံနိုင်ရန်၊ တွေ့ဆုံ ရင်းနှီးပြီး အဆက်အသွယ်များရရှိစေရန်နှင့် နောင်တွင် ရိုင်းပင်းကူညီမှုများပိုမိုရရှိလာနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပ ရခြင်းဖြစ်ပါသည်။ အသင်းသားစုံညီ မိတ်ဆုံညစာစားပွဲကို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ရေးအတွက် စိတ်ပါဝင်စားသော၊ ကူညီပေးနိုင်သော အသင်းသားများအနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ထိုမိတ်ဆုံညစာစားပွဲတွင် Netbook အပါအဝင် အခြားတန်ဖိုးကြီးဆုမဲများစွာ ကံစမ်းမဲဖောက်မည် ဖြစ်ပါ သည်။

 

Venue

Venue:
Myanmar Infotech, မြက်ခင်းပြင်

Description

Sorry, no description available