World Skills ASEAN 2018 Competition

Title: 
World Skills ASEAN 2018 Competition
Photos: 

World Skills ASEAN 2018 တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် Myanmar Skills 2018 ပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ကြာသပတေးနေ့ နေ့လယ် (၂) နာရီတွင် အဆောင် (၉)၊ မြေညီထပ်၊ အစည်းအဝေးခန်း၊ MICT Park တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ASEAN Skills Competition 2018 ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ အတွင်းရေးမှူး ဦးဝင်းထွန်းနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးရဲကျော်သိန်းနှင့် ဦးအေးကျော်လှိုင်တို့မှ (Web Design Skills & Information Network Cabling & IT Network System Administration) ပြိုင်ပွဲများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး MRTV-4, SkyNet Media, မြန်မာ့အလင်း ၊ ကမာရွတ်မီဒီယာ, Myanmar Media 7 News, Commerce Media တို့မှ တက်ရောက် သတင်းရယူခဲ့ကြပါသည်။
ပြိုင်ပွဲတွင် IT Sector မှ Web Design Skills ပြိုင်ပွဲ၊ Information Network Cabling ပြိုင်ပွဲ၊ IT Network System Administration ပြိုင်ပွဲတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ Myanmar Skills 2018 ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လကုန် (သို့မဟုတ်) ဧပြီလဆန်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် သူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို (၁၆- ၁- ၂၀၁၈) အင်္ဂါနေ့မှ စတင်ပြီး MCPA Office နှင့် http:/www.mcpamyanmar.org/ ဝက်ဆိုက်တွင် download ရယူပြီး လျှောက်ထားနိုင်ပါသည်။
Myanmar Skills 2018 တွင် ပါဝင်ယှဉ်ပြိုင်ဆုရရှိသူများကို Camp သွင်းပြီး အကောင်းဆုံးယှဉ်ပြိုင် နိုင်မည့်သူများကို ရွေးချယ်ပြီး (၃၁- ၈- ၂၀၁၈) တွင် ဘန်ကောက်၌ ၃ ရက်တာကျင်းပမည့် World Skills ASEAN 2018 တွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကျွမ်းကျင်မှုရှိသည့် လူငယ်မောင်မယ်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။

Category: