Information Technology Promotion Agency (IPA) မှ ကြီးမှူးပြုလုပ်သည့် (၈) နိုင်ငံ အသိအမှတ်ပြု ITPEC exam အတွက် ITPEC Questions Formulation Meeting (QFM) တက်ရောက်ခဲ့ခြင်း

Title: 
Information Technology Promotion Agency (IPA) မှ ကြီးမှူးပြုလုပ်သည့် (၈) နိုင်ငံ အသိအမှတ်ပြု ITPEC exam အတွက် ITPEC Questions Formulation Meeting (QFM) တက်ရောက်ခဲ့ခြင်း
Photos: 

 

Information Technology Promotion Agency (IPA) မှ ကြီးမှူးပြုလုပ်သည့် (၈) နိုင်ငံ အသိအမှတ်ပြု ITPEC exam အတွက် ITPEC Questions Formulation Meeting (QFM) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်  ၂၈-၁၁-၂၀၁၆ မှ  ၃၀-၁၁-၂၀၁၆ ထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဦးထွန်းခိုင် (ဥက္ကဋ္ဌ-စာမေးပွဲကော်မတီ) နှင့် ဒေါ်ဌေးယဉ်ဝင်း (အတွင်းရေးမှူး-စာမေးပွဲကော်မတီ)တို့က မြန်မာနိုင်ငံမှ ကိုယ်စားပြုအဖြစ် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Developer Conference 2016 Yangon အတွက် Volunteer ဖိတ်ခေါ်ခြင်း

Title: 
Developer Conference 2016 Yangon အတွက် Volunteer ဖိတ်ခေါ်ခြင်း
Photos: 

        DevCon Yangon -2016  အတွက် Volunteer များဖိတ်ခေါ်ခြင်း။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် Developer Conference 2016 – Yangon  ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၇-၁၈) ရက်နေ့များတွင် လှိုင်မြို့နယ်၊ MICT Park ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပွဲအခမ်းအနားအတွက် လိုအပ်သည်များအား ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရန် Volunteer များလိုအပ်လျက်ရှိရာ MCPA အသင်းဝင်သော်လည်းကောင်း၊ အသင်းဝင်မဟုတ်သည့် မိတ်ဆွေသူငယ်ချင်းများမှသော်လည်းကောင်း ပါဝင်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်လျက်ရှိပါသည်။

စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်း ၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀ ၈၈၃၀၀၊ အီးမေးလ် - office@mcpamyanmar.org သို့ (၁၀-၁၂-၂၀၁၆) နေ့ ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးစေလိုပါသည်။

MCPA EC Election 2016-2018 အတွက် အသင်းဝင် များ မဲပေးကြပါစို.

Title: 
MCPA EC Election 2016-2018 အတွက် အသင်းဝင် များ မဲပေးကြပါစို.

MCPA EC Election 2016-2018 ပွဲ အတွက် အသင်းဝင် member များ မဲပေးနိုင်ရန် အတွက် www.mcpamyanmar.org မှတဆင့် မဲပေးရန် လည်ကောင်း www.mcpa.pro မှ လည်ကောင်း  သတ်မှတ် ထား သည့် နေရက် များ အလိုက် အချိန်မှီ Register ပြုလုပ်နိုင်ပါသည်.။
Register ပြုလုပ်ပြီး သော member များအနေဖြင့် သက်ဆိုင်ရာ MCPA တိုင်းဒေသ ကြီး မှ EC ရွေးကောက်ပွဲ ၀င်အလောင်းလျာ များကို မဲပေးနိုင် ကြောင်း နှင့် သက်ဆိုင်ရာ မဲပေးနိုင်သည့် နေ့ရက်များ အချိန်များ ကို အသင်း website www.mcpamyanmar.org တွင် လည်ကောင်း  အသင်းဝင် member သိရှိနိင်ရန် မဲပေးနိုင်ရန် အတွက် MCPA EC အလောင်းအလျာ များ ၏ BI0/Profile page များကို အသင်း website တွင်  အချိန်နှင့် တပြေးညီ ကြည့် ရူနိုင်ပါသည်။

MCPA EC Election အတွက် တစုံတစ်ရာသိလိုပါကအသင်း၏သတင်း ပြန်ကြားရေးကော်မတီကို လည်းကောင်း အသင်း
ရုံး ခန်း သို ့ လည်းကောင်း လူ ကိုယ်တိုင် ဖြစ်စေ  ဖုန်း နံပါတ် +95-1-652276, +95-9-73088300 သို့ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: