MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

Title: 
MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။
အဆိုပါ သင်တန်းသည် MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်မည့် အစီအစဉ်…..
သင်တန်းအမည်    -    MCPA Certified Network Associate (NA) Exam Preparation     
        (Intensive Course)
သင်ကြားမည့်ဘာသာရပ်များ    -    Desktop PC Hardware,
        Networking Fundamental,
        Desktop OS, WLAN,
        NOS and Network Environment,
        Security ,
        Network Management,
        (Networking သင်ခန်းစာတစ်ချို့အား ICT Lab တွင်
        လက်တွေ့သင်ကြားပေးပါမည်။)
သင်တန်းဖွင့်မည့်ရက်    -    ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉  မှ ၁၁) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန်    -    နံနက်  ၉းဝဝ မှ ညနေ ၄းဝဝ
သင်တန်းကြေး    -    (၂၀,၀၀၀) ကျပ်
        စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူများသာတက်ရောက်နိုင်ပါသည်။
သင်တန်းဖွင့်လှစ်မည့်နေရာ    -    အဆောင် (၁၄)၊ (၃) လွှာ ၊ MICT Park ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆ / ရ၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(၈-၁၂-၂၀၁၆ နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။)

Category: 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

 မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။

အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင် လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

                        -        Network Associate Examination (NA)
                                 Network Professional Examination (NP)
                        -        ၂ဝ၁၆ ခုနှစ်၊  ဒီဇင်ဘာလ (၁၈) ရက် (တနင်္ဂနွေနေ့)
                        -        နံနက် (၉းဝ၀) နာရီမှ နေ့လယ် (၁၂းဝ၀) နာရီအထိ
                        -        ၂ဝ၁၆   ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက် (ကြာသပတေးနေ့)
                        -        ၂၀၀၀၀ ကျပ် (NP Exam)
                                (MCPA အသင်းဝင်များအား ၅ဝ% Discount ရရှိပါ
                        -        Room 203, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park  လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆ /၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Category: 

MCPA Quiz 2016 National Level Competition

Title: 
MCPA Quiz 2016 National Level Competition

၄.၁၁.၂၀၁၆ ရက်နေ့ နံနက် (၉) နာရီမှ စတင်ကျင်းပခဲ့သည့် MCPA Quiz 2016 နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း (၈) ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို မန္တလေးတိုင်းဒေသကြီး နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှလည်းကောင်း၊ ဒုတိယဆုကို မကွေးကွန်ပျူတာတက္ကသိုလ်မှ လည်းကောင်း တတိယဆုကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှလည်းကောင်း အသီသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။ Technical Sponsor အဖြစ် Assembler Automation ကုမ္ပဏီမှလည်းကောင်း၊ Devices Sponsor များအဖြစ် Acer Computer ( ရွှေလမင်းနဂါးကုမ္ပဏီ ) နှင့် KMD Computer Company Limited တို့မှလည်းကောင်း အသီးသီးကူညီပံ့ပိုးပေးခဲ့ကြပါသည်။

Photos: 

"ASOCIO ICT SUMMIT 2016 MYANMAR" Date : 15-Nov-2016 to 16-Nov-2016 Place : Novotel Yangon Max Hotel

Title: 
"ASOCIO ICT SUMMIT 2016 MYANMAR" Date : 15-Nov-2016 to 16-Nov-2016 Place : Novotel Yangon Max Hotel

(၄၂) ကြိမ်မြောက် ASOCIO Council အစည်းအဝေး၊ ASOCIO General Assembly နှင့် ASOCIO ICT Summit 2016 အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) မှ (၁၆)ရက်နေ့ထိ Novotel Yangon Max Hotel အလှည့်ကျ လက်ခံကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါပွဲအား “Accelerate Digital Transformation through Leveraging ASEAN Economic Community (AEC) Opportunities” ဟူသော Theme ဖြင့် ကျင်းပပြု လုပ်မည်ဖြစ်ရာ နိုင်ငံတကာမှ IT နယ်ပယ်တွင် ဦးဆောင်နေသူများနှင့် ဝါရင့်ကျွမ်းကျင် ပညာရှင်များ၏ အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြချက် များအား သိရှိခံစားနိုင်မည်ဖြစ်ပါသည်။
ပထမနေ့တွင်အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ပေါင်းစည်းရေး အရှိန်အဟုန်မြှင့်တင်ခြင်း အတွက် ICT အခန်းကဏ္ဍ၊ အာဆီယံနိုင်ငံများအတွင်း IT ထက်မြက်သူ လွတ်လပ်စွာ ကူးသန်းလုပ်ကိုင်နိုင်မှုအတွက် ASOCIO ဆောင်ရွက်ပေးနိုင်မည့် အခန်းကဏ္ဍ၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးစနစ် အပိုင်းအခြား အကန့်အသတ် မရှိ ဆောင်ရွက်လာနိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံအတွင်း IT ထက်မြက်သူများအား အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာရှနိုင်ငံများအတွက် ပြုစုပျိုးထောင် စုဆောင်းထားခြင်းဖြင့် မြန်မာ IT ပညာရှင်များအတွက် အခွင့်အလမ်းများ စီစဉ်ပေးမည့် အခြေအနေတို့အား ဆွေးနွေးကြမည် ဖြစ်ပါသည်။
ဒုတိယနေ့ နံနက်ပိုင်းတွင် အာရှနှင့် သမုဒ္ဒရာဒေသရှိ နိုင်ငံများ၌ ICT ကူးပြောင်းခြင်းဆိုင်ရာ နည်းဗျူဟာများနှင့် တည်ဆောက် နိုင်မည့် ပုံစံများနှင့်အတူ Smart City ထူထောင်ခြင်းဆိုင်ရာ စိန်ခေါ်မှုများအား ဆွေးနွေး အကြံပြုကြမည်ဖြစ်ပါသည်။ နေ့ခင်းပိုင်းတွင် ICT ဆိုင်ရာ လုပ်ငန်းရှင်များ အပြန်အလှန် ချိတ်ဆက်မှုများ ရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိပါသည်။

ASOCIO ICT SUMMIT 2016 MYANMAR သို့ စိတ်ပါဝင်စား၍ တက်ရောက်မည့် လူကြီးမင်းများသည် official website ( www.asocioictsummit2016.org ) သို့ သွားရောက်၍ အသေးစိတ်အချက်အလက်များနှင့် ticket များ စုံစမ်းရယူနိုင်ပါသည်။

Category: 

MCPA Quiz 2016 National Level Competition

Title: 
MCPA Quiz 2016 National Level Competition

MCPA Quiz ပြိုင်ပွဲသည် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာ ကောလိပ်များနှင့် တက္ကသိုလ်များ၊ အခြား တက္ကသိုလ်၊ ကောလိပ်များနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ IT ပညာရပ်များကို စိတ်ဝင်စားမှုပိုမိုရရှိလာပြီး အရည်အသွေး ပြည့်ဝလာစေရန်၊ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာအသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ထိုပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းအသီးသီးအလိုက် ကျင်းပခဲ့ရာ (၄.၁၁.၂၀၁၆) သောကြာနေ့တွင် နိုင်ငံအဆင့် ပြိုင်ပွဲကို ကျင်းပမည်ဖြစ်သဖြင့် တက်ရောက်အားပေးချီးမြှင့်နိုင်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Category: 

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Title: 
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံဖြိုးရေးကောင်စီ၏ ဦးဆောင်မှုနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် နှင့် ကွန်ပျူတာအသင်းများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နှင့် (၈)ရက် (သောကြာ) နှင့် စနေနေ့တွင် နေပြည်တော် MICC II ၌ e-Government Project Conference & ICT Exhibition (Nay Pyi Taw 2016) ဆွေးနွေးပွဲနှင့် ပြပွဲပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပွဲတွင် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ လုပ်ငန်းသုံးစနစ်များ၊ အစိုးရနှင့် အများပြည်သူသုံးစနစ်များ စသည်တို့ကို ခင်းကျင်းပြသထားပြီး စနစ်များ၏လုပ်ဆောင်နိုင်မှုကိုလည်း ရှင်းလင်းပြသမည့်အပြင် တပြိုင်နက်တည်းမှာပင် e-Government ICT for peace, Cyber Security, Unicode, ICT for Development စသည့်ခောင်းစဉ်များဖြင့် ဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။ အသေးစိတ်အချက်လက်များကို http://egovernmentnpt2016.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Category: