မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ အလုပ်အမှုဆောင် ရွေးကောက်ပွဲအတွက်အသင်းသားများမှမဲပေးနိုင်

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ အလုပ်အမှုဆောင် ရွေးကောက်ပွဲအတွက်အသင်းသားများမှမဲပေးနိုင်
Photos: 

သူငယ်ချင်းတို့ရေ MCPA ရဲ့ရွေးကောက်ပွဲလာပါပြီ။ ကိုယ်တိုင်ပဲ အလုပ်အမူဆောင်အဖြစ် ရွေးကောက်ခံမလား ။ ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမလား ။ အခုအခွင့်အရေးရှိလာပါပြီ။

MCPA ရဲ့ လုပ်ငန်းဆောင်တာတွေကို အားမရဘူးလား ။ ကိုယ်တိုင် ထိထိရောက်ရောက်ပါဝင်ချင်သလား အသဲကြားက မဲတပြားနဲ့ အခုပဲရွေးချယ်လိုက်ပါ။

၁။AM, PM, FM, HM member မည်သူမဆို အလုပ်အမှုဆောင် အဆိုပြုလွှာပေးပို့နိင်ပါသည် ။ နှစ်စဉ်ကြေး အကြေအလည်ပေးသွင်းပြီးသူ တော့ဖြစ်ရပါမယ်။

၂။ မဲပေးရန်အတွက်
http://www.mcpa.pro လင့်သို့သွားပြီး စာရင်းပေးသွင်းနိင်ပါသည်။. အွန်လိုင်းမှာဖြည့်လိုက်ပါ ။

မဲပေးမည့် မည့်သည့်အသင်းသားမဆို နှစ်စဉ်ကြေး ပေးသွင်းရန်ကျန်ရှိပါက ပေးသွင်းရန်တော့လိုအပ်တာပေါ့နော်။
အသင်းရုံးမှ အချက်အလက်များစီစစ်ပြီး မဲပေးရမည့်အချက်အလက်များအား ပြန်လည်ပေးပို့မည်။ စစ်ပေးမယ် ဖုန်းပြန်ခေါ်ပေးမယ်နော်

၃။ မဲပေးခြင်း
တိုင်း/ပြည်နယ်အသင်းများအတွက် သတ်မှတ်ရက်များအတွင်း online voting မဲပေးရန်။
ရွေးကောက်ပွဲကျင်းပမည့်နေ့ နံနက် (၁၁)နာရီ မတိုင်မီတော့ မဲပေးရန်လိုအပ်ပါတယ်။

Developer Conference 2016 အခမ်းအနားသို့ တက်ရောက်လိုသူများအနေဖြင့် လက်မှတ်များကို အောက်ပါနှုန်းထားများအတိုင်း အောက်ပါလိပ်စာများတွင် ဝယ်ယူရရှိနိုင်

Title: 
Developer Conference 2016 အခမ်းအနားသို့ တက်ရောက်လိုသူများအနေဖြင့် လက်မှတ်များကို အောက်ပါနှုန်းထားများအတိုင်း အောက်ပါလိပ်စာများတွင် ဝယ်ယူရရှိနိုင်
Photos: 

        ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၇ − ၁၈)တွင် MICT Park ၌ ကျင်းပပြုလုပ်မည့် Developer Conference 2016 အခမ်းအနားသို့ တက်ရောက်လိုသူများအနေဖြင့် လက်မှတ်များကို အောက်ပါနှုန်းထားများအတိုင်း အောက်ပါလိပ်စာများတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ကြာသပတေးနေ့မှ စတင်ပြီး ဝယ်ယူရရှိနိုင်ပါသည်။

Professional Member – Free

Student Member – 3,000 Ks

Other                  – 5,000 Ks

On Event Day     – 10,000 Ks

Registration Centers

MCPA Office         - Building (9), Ground Floor, MICT Park.

MCC Computer Center – Theingyi Zay, C Ward, Third Floor, Pabedan Township.

Gusto College      - No(289/A), Pyay Road, Sanchaung Township.

KMD Center (1)    - No(331) Pyay Road, Myaynigone, Sanchaung Township.

KMD Center (2)    - Build No(30/31), Insein Road, Kamaryut Township.

Micro Computer   - No(143), Ground Floor, (46) Street, Upper Blk, Botahtaung Tsp.

Kanaung Hub       - Build(14), 5th Floor, MICT Park, Hlaing Township.

MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို အ.ထ.က (၁) ပန်းဘဲတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့

Title: 
MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို အ.ထ.က (၁) ပန်းဘဲတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့
Photos: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို
အ.ထ.က (၁) ပန်းဘဲတန်းကျောင်းသို့ (၂၃-၁၁-၂၀၁၆) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအေးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဘုန်းပြည့်ဦး တို့က ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အသုံးချမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဟောပြောဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချီသည့် MCPA Professional Series #3.1 - Cisco စာအုပ်ဝယ်ယူနိုင်

Title: 
ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချီသည့် MCPA Professional Series #3.1 - Cisco စာအုပ်ဝယ်ယူနိုင်
Photos: 

ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချီသည့် MCPA Professional Series #3.1 - Cisco စာအုပ် ကိုရရှိနိုင်သည့် စာအုပ်ဆိုင်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
~ အင်းဝ စာအုပ်ဆိုင်များ (ပန်းဆိုးတန်း၊ လှည်းတန်း)
~ စာပေလောက (၂)
~ Tab Book Center
~ Today Book Shops
~ အာရုံသစ်
~ စာပေလာက (၆) စသည့် ဆိုင်များတွင် ဖြန့်ချီထားပါသည်။

MCPA Member များအနေဖြင့် အသင်းရုံးခန်း အဆောင်(၉)၊ မြေညီထပ်၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေတွင် တစ်အုပ် (၉,ဝ၀ဝ) ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

Developer Conference 2016 Yangon စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း

Title: 
Developer Conference 2016 Yangon စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း
Photos: 

           မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၇ − ၁၈) တွင် MICT Park ၌ကျင်းပပြုလုပ်မည့် Developer Conference 2016 အခမ်းအနားအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို (၂၃ − ၁၁ − ၂၀၁၆) ဗုဒ္ဓဟူးနေ့ နေ့လယ်(၁း၀၀) နာရီတွင် အစည်းအဝေးခန်း(၃)၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၌ ပြုလုပ်ခဲ့ရာ Developer Conference ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ အတွင်းရေးမှူး ဦးဇော်မိုးထွန်းနှင့် အဖွဲ့ဝင် ဦးဇော်ဝင်းထွန်းတို့မှ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

"Windows Server Basics Short Course" အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်မည်

Title: 
"Windows Server Basics Short Course" အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် infinity Information Development (iID) တို့မှ ကြီးမှုး၍ IT (Infrastructure) ပိုင်းဆိုင်ရာ Microsoft Windows Server Basics သင်တန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းကို Microsoft Windows Server အကြောင်း စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင် ပါသည်။

သင်တန်းပြီးဆုံးပါက Microsoft Windows Server ကို အခြေခံသိရှိနားလည်ပြီး Server တစ်လုံး၏ လုပ်ငန်း ဆောင်တာများကို  သိရှိသွားမည်ဖြစ်သည်။ ထို့အပြင် ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်များနှင့် ကုမ္ပဏီတစ်ခုတွင် မရှိမဖြစ် လိုအပ်သော Windows Server Services များကို စနစ်တကျ သိရှိနားလည်ပြီး အသုံးချနိုင်မည်ဖြစ်သည်။

Course တွင် ပါဝင်မည့် အကြောင်းအရာများမှာ −

• Microsoft Windows Operating System

• Network Operating System Basic

• Microsoft Windows Network

• Storage Technologies

• File Systems

• Remote Desktop

• File / Folder Permission

• Domain Name System

• Dynamic Host Controller Protocol

• IIS Local Web Server

• Basic Active Directory Domain Service

• Exam

သင်တန်းကာလ                - ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်အထိ  

  (စနေ၊တနင်္ဂနွေ)

သင်တန်းအချိန်                 -  နေ့လယ် ၀၁းဝဝ နာရီ မှ ညနေ ၀၅းဝဝ နာရီအထိ  

စုစုပေါင်းနာရီ                   - ၃၀ နာရီ 

သင်တန်းကြေး                  -  ၄၀,၀၀၀ိ/ ( လေးသောင်းကျပ်တိတိ)

                                         -  ၂၀,၀၀၀ (နှစ်သောင်းကျပ်တိတိ) MCPA Member (50% Discount)

 

 

သင်တန်းသားဦးရေ           -  (၂၅) ဦး        

သင်တန်းဆရာ                  - ဦးဉာဏ်လင်းထက်

သင်တန်းနေရာ                 - အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါ က မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

(မှတ်ချက်။           သင်တန်းတက်ရောက်သူများအနေနှင့် မိမိ၏ကိုယ်ပိုင် Notebook (သို့) Laptop ကို ယူဆောင်လာရပါမည်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည် မဟုတ်ပါ။)

 

Category: 

"Hardware (A+) and System Troubleshooting" အမှတ်စဉ် (၃) သင်တန်းဖွင့်လှစ်မည်

Title: 
"Hardware (A+) and System Troubleshooting" အမှတ်စဉ် (၃) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Hardware (A+) and System Troubleshooting နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ Hardware အား အခြေခံကျကျ သိရှိလိုသော လုပ်ငန်းခွင်ဝင်ရောက် Technician များ၊ MCPA Member များအတွက် သင်တန်းကို ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှစ၍ နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

ယနေ့ IT Environment တွင် ကျွမ်းကျင်သော Hardware Engineer များ ပေါ်ထွက်လာရေးနှင့် System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်သော IT Technician များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်သည်။

ဤသင်တန်းအား အခြေခံကွန်ပျူတာအသုံးပြုတတ်သူများနှင့် Hardware ပိုင်းကို အခြေခံပိုင်နိုင်လိုသူများ တက်ရောက်နိုင်ပြီး၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် Hardware ပိုင်းကို အခြေခံကျနစွာ ကျွမ်းကျင်နိုင်မှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်သည်။

Content Overview – “ံHardware (A+) and System Troubleshooting”

•           Introduction to Computer System

•           Essential Hardware Components

•           Operating System Technologies

•           Installation and Configuration Microsoft Windows OS

•           Device Drivers & Third party application

•           System Maintenance

•           System Tweaking with Group Policy

•           Mastering System with Registry

•           Command Line Usage

•           Data Recovery

•           Linux OS Installation

•           Linux application package management

•           System Security

•           Fundamental Reverse Engineering

•           Workgroup Level Setup

•           Troubleshooting

•           Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking

သင်တန်းကာလ                        - ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက် မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်အထိ

                                                    (စနေ၊တနင်္ဂနွေ)

သင်တန်းအချိန်            -  နံနက် ၀၉းဝဝ နာရီ မှ ၁၁းဝဝ နာရီအထိ    

သင်တန်းကြေး             -  ၂၀၀,၀၀၀ိ/ ( နှစ်သိန်းကျပ်တိတိ)

MCPA Member (50%)   -  ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ)

သင်တန်းဆရာ             - ဦးရဲမျိုးသူ

သင်တန်းသားဦးရေ      -  (၁၅) ဦး

သင်တန်းနေရာ             - အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် ညနေ (၄) နာရီ နောက်ဆုံး ထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။     

(မှတ်ချက်။       အတန်းတက်ချိန်ရ၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)

 

Category: 

MCPA ICT နည်းပညာ ပညာပေး ဟောပြောဆွေးနွေးခဲ့ခြင်း

Title: 
MCPA ICT နည်းပညာ ပညာပေး ဟောပြောဆွေးနွေးခဲ့ခြင်း
Photos: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို
အ.ထ.က (၃) မြောက်ဥက္ကလာ​ကျောင်းသို့ (၂၂-၁၁-၂၀၁၆) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ မြောက်ဥက္ကလာ ပညာရေးမှူးရုံးမှ တာဝန်ရှိသူ (၁) ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း  အတွင်းရေးမှူး ဦးအောင်စိုးမိုး နှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွန်း တို့က ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အသုံးချမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဟောပြောဆွေးနွေးခဲ့ကြပါသည်။

Category: 

Certification in IT Project Management Exam ကျင်းပ ပြုလုပ်ခဲ့ခြင်း

Title: 
Certification in IT Project Management Exam ကျင်းပ ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် စင်ကာပူနိုင်ငံ Singapore Computer Society (SCS) တို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် Certification in IT Project Management Exam ကို MICT Park, Main Building တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ (၁၆) ဦး ဝင်ရောက်ဖြေဆို ခဲ့ကြပါသည်။

Category: 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ ပြည်နယ် အသင်းများမှ အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ ပြည်နယ် အသင်းများမှ အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

၁။        ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် စသည့် ကွန်ပျူတာ ပညာရှင် အသင်းများတွင် ၂၀၁၆-၂၀၁၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့အား ရွေးကောက် တင်ေမြှာက်၍ ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။

၂။         တိုင်းဒေသကြီး/ ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုသူ များသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများဖြစ်ရပါမည်။

            (က)     ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ (၃၀) ရက်တွင် အသင်း၀င်သက်တမ်း (၁) လနှင့် အထက်ရှိသူ

                      ဖြစ်ရမည်။

            (ခ)       အဆိုပြုသည့်နေ့တွင် အသင်း၀င်နှစ်စဉ်ကြေးများအား ပေးသွင်းပြီးသူ ြဖစ်ရမည်။

            (ဂ)       အသင်း၀င်အဆင့်သည် Associate Member (သို့) Professional Member (သို့)

                       Fellow Member အဆင့်ရှိသူ ြဖစ်ရမည်။

            (ဃ)     အသင်း၏ လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ဦးဆောင်ပါ၀င်ဆောင်ရွက်နိုင်သူ ဖြစ်ရ မည်။

            (င)       အသင်းမှ ချမှတ်ထားသော မူ၀ါဒ၊ ေရှ့လုပ်ငန်းစဉ်နှင့်

                       အကောင်အထည်ေဖာ်မှုများတွင်တွးခေါ် ကြံဆ အကြံပြု ဆွေးနွေး

                       ဦးဆောင်နိုင်သူ ဖြစ်ရမည်။

            (စ)       အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှ အခါအားလျော်စွာပေးအပ်သော

                       တာ၀န်ဝတ္တရား များကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၃။        သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော အသင်းသားများသည် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂) ပုံနှင့် မှန်ကန်ြပည့်စုံစွာ ဖြည့်စွက်ပြီး ကိုယ်တိုင်လက်မှတ်ေရးထိုးထားသော ဆန္ဒပြုလွှာတို့အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ညနေ (၃) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အီးမေးလ်-office@mcpamyanmar.org, ဖုန်း-၀၁ ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀ များနှင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဆန္ဒပြုလွှာများ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(ဆန္ဒပြုလွှာများကို www.mcpamyanmar.org တွင် download ရယူနိုင်ပါသည်။)

 

ရွေးကောက်ပွဲပြုလုပ်မည့်ရက်များ

၂၁-၁၂-၂၀၁၆ (ဗုဒ္ဓဟူးနေ့)          -           ရန်ကုန်တိုင်းဒေသကြီး (၀၁-၆၅၂၂၇၆, ၀၉ ၅၀ ၆၇၁၆၃)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           မန္တလေးတိုင်းဒေသကြီး (၀၂-၆၉၃၁၃, ၀၉-၇၉၇ ၇၇၇ ၂၉၆)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           ဧရာဝတီတိုင်းဒေသကြီး (၀၉-၄၂၂ ၅၁၅ ၇၀၃, ၀၉-၄၅၁ ၂၃၆ ၅၃၇)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           စစ်ကိုင်းတိုင်းဒေသကြီး (၀၉-၄၀၀ ၄၀၁ ၉၄၈, ၀၉-၄၀၀ ၄၅၄ ၅၂၃)

၀၉-၁၂-၂၀၁၆ (သောကြာနေ့)     -            မွန်ပြည်နယ်                 (၀၉-၇၉၂ ၃၆၀ ၂၈၃, ၀၉-၄၃၀ ၀၄၇၈၀)

၁၁-၁၂-၂၀၁၆ (တနင်္ဂနွေနေ့)      -           ပဲခူးတိုင်းဒေသကြီး       (၀၉-၅၃၀၀ ၆၆၃, ၀၉-၄၂၈ ၁၉၈ ၁၂၂,

                                                                                       ၀၉-၅၃၁၁၀၈၅)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           မကွေးတိုင်းဒေသကြီး    (၀၉-၅၃၄ ၃၁၆၆, ၀၉-၅၃၄ ၁၁၅၀)

၁၀-၁၂-၂၀၁၆ (စနေနေ့)            -           ကရင်ပြည်နယ်             (၀၉-၅၆၆ ၁၉၈၉, ၀၉-၅၁၃ ၆၄၁၇)

Category: